ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်အကြောင်းကြားချက်များကိုကြည့်ခြင်းနှင့်တုံ့ပြန်ခြင်း

အကြောင်းကြားချက်များသည် မည်သည်တို့အသစ်ဖြစ်သွားသည်ကို သင်သိရှိစေရန် ကူညီပေးသည်။ သင် ဖုန်းခေါ်ဆိုမှုတစ်ခုလွတ်သွားလျှင်၊ အခမ်းအနားပွဲတစ်ခု၏ ရက်စွဲ ရွှေ့သွားလျှင်စသဖြင့်အချက်များအား သင်သိရှိစေရန် ၎င်းတို့က အကြောင်းကြားပေးမည်။ သင့်အတွက် အရေးကြီးသည့်အရာများကို မြင်လိုလျှင် သင့်အကြောင်းကြားချက် ချိန်ညှိမှုများအား စိတ်ကြိုက်စီမံထားနိုင်သည်။

Focusတစ်ခုဖြင့် အသံပိတ်ထားသော အကြောင်းကြားချက်များ မရှိလျှင် iPhone သည် ၎င်းတို့ ရောက်ရှိလာသည်နှင့် ဖော်ပြမည်ဖြစ်သည်—၎င်းတို့သည် အနှောင့်အယှက်ဖြစ်စေမှုကို လျှော့နည်းစေရန် ဖန်သားပြင်အောက်ခြေမှ ဝင်လာမည်ဖြစ်သည်။ ၎င်းတို့ကို သော့ပိတ်ထားသည့် ဖန်သားပြင်တွင် အကျယ်ဖြန့်ထားသော စာရင်းပုံစံ၊ အထပ်လိုက်ပုံစံ သို့မဟုတ် ရေတွက်မှုပုံစံ တစ်ခုဖြင့် ကြည့်နိုင်သည်။ အသွင်အပြင်ကိုပြောင်းလဲရန် သော့ပိတ်ထားသည့် ဖန်သားပြင်ရှိအကြောင်းကြားချက်များကို လက်နှစ်ချောင်းဖြင့်ဖိပွတ်ပါ။

မှတ်စု အက်ပ်တစ်ခုအသုံးပြုနေစဉ်အတွင်း ချက်ချင်း၊ လုံးဝ၊ သို့မဟုတ်အချိန်ဇယားအကျဉ်းချုပ်တစ်ခုတွင်—၎င်းမှအကြောင်းကြားချက်များကိုမည်သို့ သင်ရရှိလိုသည်ကို သင့်အားမေးမြန်းနိုင်သည်။ သင်သည် Settings > Notifications တွင် နောက်ပိုင်း ထိုချိန်ညှိချက်ကိုပြောင်းနိုင်သည်။

သော့ပိတ်ထားသည့် ဖန်သားပြင်၏အောက်တွင် အက်ပ် အကြောင်းကြားချက် ရှစ်ခုသည် ထပ်နေမည်ဖြစ်သည်။

Notification Center ရှိသင်၏အကြောင်းကြားချက်များကိုရှာဖွေပါ

Notification Center တွင် အသိပေးချက်များကြည့်ရှုရန် အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • ပိတ်ထားသည့်ဖန်သားပြင်တွင်၊ ဖန်သားပြင်အလယ်မှ အပေါ်သို့ပွတ်ဆွဲပါ။

  • အခြားဖန်သားပြင်များတွင်၊ အလယ်ထိပ်မှ အောက်သို့ပွတ်ဆွဲပါ။ အသိပေးချက်အဟောင်းများရှိ၍ ကြည့်ရန် အပေါ်သို့ဆွဲတင်ပါ။

Notification Center ကိုပိတ်ရန် လက်ချောင်းတစ်ချောင်းဖြင့် အောက်ခြေမှအပေါ်သို့ပွတ်ဆွဲပါ သို့မဟုတ် Home ခလုတ် (Home ခလုတ်ပါရှိသည့် iPhone တစ်လုံးတွင်) ကို နှိပ်ပါ။

အကြောင်းကြားချက်တစ်ခုကို တုံ့ပြန်ခြင်း

Notification Center သို့မဟုတ် ပိတ်ထားသည့်ဖန်သားပြင်တွင် သင့်အတွင် တစ်ခုထက်ပိုသော အသိပေးချက်များရှိသည့်အခါ ၎င်းတို့ကိုကြည့်ရှုစီမံရ ပိုမိုလွယ်ကူစေရန် အက်ပ်ဖြင့် အုပ်စုဖွဲ့ပေးမည်ဖြစ်သည်။ အချို့အက်ပ်စ်များမှ အကြောင်းကြားချက်များကိုလည်း ၎င်းအက်ပ်အတွင်းတွင် အကြောင်းအရာ သို့မဟုတ် ပုံစံကဲ့သို့သော ဆိုင်ရာအုပ်စုများဖြင့် ဖွဲ့စည်းပေးထားသည်။ အုပ်စုဖွဲ့ထားသည့် အကြောင်းကြားချက်များကို ထိပ်ဆုံးတွင် လတ်တစ်လောဝင်ထားသည့် အကြောင်းကြားချက်များဖော်ပြထားသည့် အဆင့်ငယ်လေးများဖြင့် ပြသထားသည်။

အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

  • အကြောင်းကြားချက်များအုပ်စုကို သီးခြားမြင်ရရန် အကျယ်ဖြန့်ဖို့အတွက်၊ ထိုအုပ်စုကိုနှိပ်ပါ။ ထိုအုပ်စုကိုပိတ်ရန် Show Less ကိုနှိပ်ပါ။

  • အကယ်၍ အက်ပ်မှ ခွင့်ပြုထားပါက အကြောင်းကြားချက်တစ်ခုကို ကြည့်ရန်နှင့် အလျင်အမြန်သုံးလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် (ထောက်ပံ့ပေးသောအမျိုးအစားများသာ)၊ ထိုအကြောင်းကြားချက်ကိုဖိ၍နှိပ်ထားပါ။

  • အကြောင်းကြားချက်အက်ပ်တစ်ခုကိုဖွင့်ရန်၊ ထိုအကြောင်းကြားချက်ကိုနှိပ်ပါ။

အကြောင်းကြားချက်အကျဉ်းချုပ်တစ်ခုကို အချိန်ဇယားဆွဲခြင်း

သင်၏အကြောင်းကြားချက်များကို နေ့စဉ်အကျဉ်းချုပ်အသိပေးချက်အနေဖြင့် ပို့ပေးခြင်းဖြင့် သင်၏တစ်နေ့တာတွင် အနှောင့်အယှက်ဖြစ်မှုများလျော့ချနိုင်ပြီး—၎င်းအကျဉ်းချုပ်တွင် ပါဝင်ရမည့်အသိပေးချက်များကို ရွေးချယ်နိုင်သလို လက်ခံရရှိမည့်အချိန်ကိုလည်း ရွေးချယ်နိုင်သည်။

ထိုအကြောင်းကြားချက်အကျဉ်းချုပ်ကို သင့်အတွက်ကိုယ်ပိုင်အမှတ်အသားပြုလုပ်ထားပြီး သင့်လက်ရှိလှုပ်ရှားမှုအပေါ်အခြေခံပြီး သက်ဆိုင်မှုအရှိဆုံးအကြောင်းကြားချက်များကို ထိပ်ဆုံးတွင်ထားရှိ၍ အစဥ်လိုက်ဦးစားပေးစနစ်ဖြင့် ပါးပါးနပ်နပ်စီစဥ်ထားနိုင်သည်။ ၎င်းအကျဥ်းချုပ်သည် အထူးသဖြင့် သင့်ကိုယ်ပိုင်အချိန်တွင် ကြောင်းကြားချက်များကို အာရုံစိုက်နိုင်ခြင်းကြောင့် အသုံးဝင်သည်။ သင်လုပ်ဆောင်မှုတစ်ခုကို အာရုံစိုက်နေစဉ် အကြောင်းကြားချက်များကို စစ်ထုတ်ရန် Focus ကိုအသုံးပြုခြင်းဖြင့်လည်း ၎င်းကိုထပ်ယူနိုင်သည်။

  1. Settings  > Notifications > Scheduled Summary သို့သွားပါ၊ ထို့နောက် Scheduled Summary ကိုဖွင့်ပါ။

  2. သင်၏အကျဉ်းချုပ်ထဲပါဝင်မည့် အက်ပ်များကိုရွေးချယ်ပါ။

  3. သင်၏အကျဉ်းချုပ်အတွက် အချိန်တစ်ခုသတ်မှတ်ပါ။ နောက်ထပ်အကျဉ်းချုပ်ကို လက်ခံရရှိလိုပါက Add Summary ကိုနှိပ်ပါ။

  4. A to Z below Apps in Summary ကိုနှိပ်ပါ၊ ထို့နောက် သင့်အကျဉ်းချုပ်ပါဝင်မည့်သင်လိုချင်သည့်အက်ပ်များ ပွင့်မပွင့်ကိုသေချာစစ်ဆေးပါ။

အကြောင်းကြားချက်များကို ကြည့်ခြင်း၊ ဖယ်ရှားခြင်း၊ ရှင်းလင်းခြင်း၊ နှင့်အသံပိတ်ခြင်း

သင့် iPhone တွင် အကြောင်းကြားချက်များ ပေါ်လာသည့်အခါ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • အခြားအက်ပ်ကိုသုံးနေစဉ်တွင်ရရှိသည့် အကြောင်းကြားချက်ကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ၎င်းကို ကြည့်ရန်နှိပ်ပါ၊ ထို့နောက် ၎င်းကိုဖယ်ရှားရန် အပေါ်သို့ရွှေ့ပါ။

  • အကြောင်းကြားချက်များကို ရှင်းပစ်ခြင်း၊ အကြောင်းကြားချက် သို့မဟုတ် အကြောင်းကြားချက်အုပ်စုတွင် ဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက် Clear သို့မဟုတ် Clear All ကိုနှိပ်ပါ။

  • အက်ပ်တစ်ခုအတွက် အကြောင်းကြားချက်များကို အသံပိတ်ခြင်း၊ အကြောင်းကြားချက် သို့မဟုတ် အကြောင်းကြားချက်အုပ်စုမှ ဘယ်ဘက်သို့ရွှေ့ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် တစ်နာရီ သို့မဟုတ် တစ်ရက်အတွက် ထိုအက်ပ်၏အကြောင်းကြားချက်များကို အသံပိတ်ရန် ရွေးစရာတစ်ခုကိုနှိပ်ပါ။ ၎င်းသည် ယင်းတို့ကို Notification Center သို့တိုက်ရိုက်ပို့ပေးပြီး၊ Lock Screen တွင် အသံထွက်လာခြင်း၊ ဖန်သားပြင်လင်းလာခြင်း၊ စာတန်းတစ်ခုပေါ်လာခြင်းများ မဖြစ်စေရန် တားဆီးပေးသည်။

    ထိုအကြောင်းကြားချက်များကို ထပ်မံမြင်တွေ့၍ကြားရရန် Notification Center တွင် အကြောင်းကြားချက်တစ်ခုပေါ်တွင် ဘယ်ဘက်သို့ရွှေ့ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် Unmute နှိပ်ပါ။

  • အက်ပ်တစ်ခု သို့မဟုတ် အကြောင်းကြားချက်အုပ်စုအတွက် အကြောင်းကြားချက်များကို ပိတ်ခြင်း၊ အကြောင်းကြားချက် သို့မဟုတ် အကြောင်းကြားချက်အုပ်စုမှ ဘယ်ဘက်သို့ရွှေ့ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် Turn Off ကိုနှိပ်ပါ။

  • အက်ပ်မှ အကြောင်းကြားချက်များပြသပုံကိုပြောင်းလဲခြင်း၊ အကြောင်းကြားချက်တစ်ခု၏ ဘယ်ဘက်သို့ရွှေ့ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် View Settings ကိုနှိပ်ပါ။ သင်ပြောင်းနိုင်သည့်ချိန်ညှိမှုများအကြောင်းကိုလေ့လာရန် အကြောင်းကြားချက် ချိန်ညှိမှုများပြောင်းလဲခြင်း ကိုကြည့်ပါ။

  • Notification Center ရှိ အကြောင်းကြားချက်အားလုံးကို ရှင်းလင်းခြင်း၊ Notification Center သို့သွားပါClear Notifications ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Clear ကိုနှိပ်ပါ။

  • အကြောင်းကြားချက်များအားလုံးကို အသံတိတ်ထားခြင်း၊ Do Not Disturb ကိုဖွင့်ပါ။ iPhone တွင် Focus တစ်ခုကိုဖွင့်ခြင်း သို့မဟုတ် အချိန်သတ်မှတ်ခြင်း ကိုကြည့်ပါ။

သင်သည် အက်ပ်တစ်ခုအား ခဏတာအသုံးမပြုသည့်အချိန်တွင် ထိုအက်ပ် အတွက်အကြောင်းကြားချက်များပိတ်ရန် အကြံပေးချက်တစ်ခုကို တွေ့နိုင်မည်ဖြစ်သည်။

ပိတ်ထားသည့်ဖန်သားပြင်ရှိ လတ်တလောအသိပေးချက်များကို ပြခြင်း

ပိတ်ထားသည့်ဖန်သားပြင်မှနေ၍ Notification Center သို့ ဝင်ရောက်ခွင့်ရနိုင်သည်။

  1. Settings  > Face ID & Passcode သို့သွားပါ (Face ID ပါရှိသော iPhone တစ်လုံးတွင်) သို့မဟုတ်Touch ID & Passcode သို့သွားပါ (အခြား iPhone အမျိုးအစားများ)။

  2. သင့်လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။

  3. အောက်သို့ပွတ်ဆွဲပြီး Notification Center ကိုဖွင့်ပါ။ (Allow Access When Locked ၏ အောက်တွင်)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.