ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာနှင့် Cinematic မုဒ်ဖြင့် ဗီဒီယိုကိုမှတ်တမ်းတင်ခြင်း

အနီးမြင်ကွင်းနှင့်နောက်ခံမြင်ကွင်းကိုလှလှပပဝါးပေးသည့်အခါ သင့်ဗီဒီယိုရှိ အဓိကအရာဝတ္ထုကို ထင်ရှားပြတ်သားစေသည့် ဆုံချက်ပြင်ပဝါးထားခြင်းကို Cinematic မုဒ်က အသုံးပြုသည်။ iPhone သည် ဗီဒီယိုရှိ အဓိကအရာဝတ္ထုကိုရွေးထုတ်ပြီး ရိုက်ကူးလျှက် ဆုံချက်ကိုဖြတ်သည်- အကယ်၍ အရာဝတ္ထုအသစ်ကို ရွေးထုတ်လျှင် iPhone သည် ဆုံချက်နေရာကို အလိုအလျောက်ကူးပြောင်းသည်။ သင်ရိုက်ကူးနေစဉ် ဆုံချက်အမှတ်ကို ကိုယ်တိုင်ညှိနိုင်ပြီး သို့မဟုတ် နောက်မှ Photos အက်ပ်တွင်ပြောင်းနိုင်သည်။ iPhone 13 အမျိုးအစားများနှင့် iPhone 14 အမျိုးအစားများအားလုံးတွင် Cinematic မုဒ်ကိုရနိုင်သည်။

  1. Camera ကိုဖွင့်ပါ၊ ထို့နောက် Cinematic မုဒ်ကိုရွေးချယ်ပါ။

    iPhone 13 Pro၊ iPhone 13 Pro Max၊ iPhone 14 Pro နှင့် iPhone 14 Pro Max တွင် ရိုက်ကူးသည့် မြင်ကွင်းကိုမချုံ့ခင် 1x ဘေးရှိ 3 ကိုနှိပ်နိုင်သည်။

    ဆုံချက်ပြင်ပဝါးထားခြင်းကို ညှိရန် Depth Adjustment ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်မရိုက်ကူးမီ ဆလိုက်ဘားကို ဘယ် သို့မဟုတ် ညာကိုဆွဲပါ။

  2. ရိုက်ကူးမှုစတင်ရန် Record ခလုတ်ကိုနှိပ်ပါ သို့မဟုတ် အသံခလုတ်ကို နှိပ်ပါ။

    • ဖန်သားပြင်ပေါ်ရှိ အဝါရောင်ဘောင်သည် ဆုံမှတ်တွင်ရှိသည့်လူကိုညွှန်ပြပြီး အညိုရောင်ဘောင်သည် ခြေရာခံထားသည့် လူတစ်ယောက်ကို ညွှန်ပြသော်လည်းဆုံချက်မဖြတ်ပါ။ ဆုံချက်ကိုပြောင်းရန် အညိုရောင်အကွက်ကိုနှိပ်ပါ ထိုလူပေါ်တွင် ဆုံချက်ကိုသတ်မှတ်ရန် နောက်တစ်ကြိမ်ထပ်နှိပ်ပါ။

    • ဗီဒီယိုထဲတွင် လူတစ်ယောက်မှမပါပါက ဆုံချက်အမှတ်ကိုထားရန် ဖန်သားပြင်တစ်နေရာရာကိုနှိပ်ပါ။

    • အကွာအဝေးတစ်ခုတည်းတွင် ဆုံချက်ကိုသော့ခတ်ရန် ဖန်သားပြင်ကို ထိပြီးထိန်းထားပါ။

  3. ရိုက်ကူးမှုကို ရပ်ရန် Record ခလုတ် သို့မဟုတ် အသံအတိုးအလျော့ခလုတ်တစ်ခုခုကိုနှိပ်ပါ။

အကြံပြုချက် iPhone 14 အမျိုးအစားများတွင် ဗီဒီယိုရုပ်ထွက်ကြည်လင်မှုနှင့် ရိုက်ကွက်ဘောင်အချိုးများကိုပြောင်းလဲရန် စခရင်ထိပ်ပေါ်ရှိ အလွယ်သုံးလွှဲခလုတ်များကိုသုံးပါ။

Cinematic မုဒ်ဖြင့်ဗီဒီယိုတစ်ခုကို ရိုက်ကူးပြီးနောက် ပြင်ဆင်ချက်ကိုဖယ်ရှားနိုင်သည် သို့မဟုတ် ပြောင်းလဲနိုင်သည်။ သင်၏ iPhone တွင် Cinematic မုဒ်ဗီဒီယိုများကို ပြုပြင်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.