ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ App Library တွင် သင်၏အက်ပ်များကို ရှာဖွေခြင်း

App Library သည် Creativity၊ Social နှင့် Entertainment ကဲ့သို့ အမျိုးအစားများအလိုက် စနစ်တကျစီစဉ်ထားသည့် သင့်အက်ပ်များကိုပြသည်။ သင်အသုံးများသော အက်ပ်များသည် ဖန်သားပြင်၏ထိပ်ဆုံးနှင့် ၎င်းတို့၏အမျိုးအမည်အောက်ရှိ ထိပ်ဆုံးနေရာတို့တွင် ရှိနေမည်ဖြစ်သောကြောင့် ၎င်းတို့ကို အလွယ်တကူရှာဖွေ၍ ဖွင့်နိုင်သည်။

အမျိုးအစားအလိုက် (Photo & Video၊ Social အစရှိသည်) စနစ်တကျစီစဉ်ထားသော အက်ပ်များကိုပြထားသော iPhone ရှိ App Library။

မှတ်စု သင်၏အက်ပ်များကို အသုံးပြုပုံပေါ်မူတည်၍ App Library ရှိအက်ပ်များကို အမျိုးအစားအလိုက် ပါးနပ်စွာ စနစ်တကျစီစဉ်ထားသည်။ App Library ရှိ အက်ပ်စ်များကို Home ဖန်သားပြင်သို့ ထည့်သွင်းနိုင်သည်၊ သို့သော် ၎င်းတို့ကို App Library ထဲသို့ နောက်ထပ်အမျိုးအစားသို့ မရွှေ့နိုင်ပါ။

App Library ရှိ အက်ပ်တစ်ခုကို ရှာ၍ဖွင့်ခြင်း

  1. Home ဖန်သားပြင်သို့သွားပါထို့နောက် App Library သို့ရောက်နိုင်ရန် သင်၏ Home ဖန်သားပြင် pages အားလုံးကို ကျော်၍ ဘယ်ဘက်ကို ပွတ်ဆွဲပါ။

  2. ဖန်သားပြင်ထိပ်တွင် ရှာဖွေကွက်လပ်ကိုနှိပ်ပါ၊ ထို့နောက် သင်ရှာနေသည့် အက်ပ်၏ အမည်ကိုဖြည့်ပါ။ သို့မဟုတ် အက္ခရာအလိုက်စာရင်းကိုရှာဖွေရန် အပေါ်နှင့်အောက်သို့ရွှေ့ပါ။

  3. အက်ပ်တစ်ခုကိုဖွင့်ရန် ၎င်းကိုနှိပ်ပါ။

ကဏ္ဍအမျိုးအစားတစ်ခုတွင် အသေးစားအက်ပ်သင်္ကေတများရှိပါက ထိုကဏ္ဍအမျိုးအစားကို ဖြန့်ရန် ၎င်းတို့ကိုနှိပ်ပြီး ထိုကဏ္ဍထဲရှိ အက်ပ်စ်များအားလုံးကို ကြည့်နိုင်သည်။

Home ဖန်သားပြင် pages ကို ဝှက်ခြင်းနှင့် ပြခြင်း

App Library တွင် သင်၏အက်ပ်များအားလုံးကို ရှာတွေ့နိုင်သောကြောင့် အက်ပ်များအတွက် Home ဖန်သားပြင် pages ကို လိုအပ်မည်မဟုတ်ပါ။ Home ဖန်သားပြင်pages အချို့ကို ဝှက်လိုက်သည့်အခါ App Library သည် သင်၏ ပထမ Home ဖန်သားပြင် page သို့ ပိုမိုနီးကပ်သွားမည်ဖြစ်သည်။ (ဝှက်ထားသည့် pages ကို မြင်ရလိုလျှင် တစ်ဖန်ပြန်လည်ဖော်နိုင်သည်။)

  1. အက်ပ်စ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်ကို ဖိနှိပ်ထားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ အစက်လေးများကိုနှိပ်ပါ။

    သင်၏ Home ဖန်သားပြင် page အသေးစားပုံရိပ်များပေါ်လာပြီး ထိုပုံများအောက်တွင် အမှန်ခြစ်လေးများပါသည်။

  3. Pages ကို ဝှက်ရန်အမှန်ခြစ်များကို နှိပ်၍ ဖယ်ရှားပါ။

    ဝှက်ထားသော pages ကို ပြန်လည်ပေါ်စေရန် ထိုကဲ့သို့နှိပ်၍ အမှန်ခြစ်များကို ထည့်သွင်းပါ။

  4. Done ကိုနှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ခလုတ်ကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများ)။

ဝှက်ထားသော Home ဖန်သားပြင် pages အပိုများနှင့် Home ဖန်သားပြင်၏ ပထမဆုံးစာမျက်နှာမှ App Library သို့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှပွတ်ဆွဲရုံဖြင့် အသွား (အပြန်) လုပ်နိုင်သည်။

မှတ်စု Home ဖန်သားပြင် pages ကို ဝှက်ထားသည့်အခါ App Store မှ သင်ဒေါင်းလုတ်လုပ်သော အက်ပ်အသစ်များကို Home ဖန်သားပြင်အစား App Library တွင် ထပ်ပေါင်းထည့်နိုင်သည်။

Home ဖန်သားပြင် pages ကိုပြန်စဉ်ခြင်း

သင့်တွင် Home ဖန်သားပြင်pages ပေါင်းစုံရှိပါက သူတို့၏အစဉ်ကိုပြောင်းနိုင်သည်။ ဥပမာ Home ဖန်သားပြင် page တစ်ခုပေါ်တွင် သင်အကြိုက်ဆုံးအက်ပ်များကို အတူတကွစုစည်းပြီး သင့်ရဲ့ပထမ Home ဖန်သားပြင် page အဖြစ်ပြုလုပ်နိုင်သည်။

  1. အက်ပ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ အစက်လေးများကိုနှိပ်ပါ။

    သင်၏ Home ဖန်သားပြင် page အသေးစားပုံရိပ်များပေါ်လာပြီး ထိုပုံများအောက်တွင် အမှန်ခြစ်လေးများပါသည်။

  3. Home ဖန်သားပြင် page ကိုရွေ့ရန် ၎င်းကို ထိပြီးထိန်းထားပါ၊ ထို့နောက် ၎င်းကို နေရာအသစ်သို့ဆွဲရွေ့ပါ။

  4. Done ကို နှစ်ကြိမ်နှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ခလုတ်ကိုနှစ်ကြိမ်နှိပ်ပါ (အခြား iPhone အမျိုးအစားများတွင်)။

အက်ပ်အသစ်များ ဒေါင်းလုတ်ရယူသည့်နေရာပြောင်းလဲခြင်း

App Store မှ အက်ပ်အသစ်များကို ဒေါင်းလုတ်လုပ်သည့်အခါ ၎င်းတို့ကို Home ဖန်သားပြင်နှင့် App Library နှစ်ခုလုံးတွင် ထည့်သွင်းနိုင်သည် သို့မဟုတ် App Library တစ်ခုတည်းတွင်သာ ထည့်သွင်းနိုင်သည်။

  1. Settings  > Home Screen သို့သွားပါ။

  2. သင်၏ Home ဖန်သားပြင်နှင့် App Library နှစ်ခုလုံးသို့ အက်ပ်အသစ်များထည့်မလား သို့မဟုတ် App Library တွင်သာထည့်မလား ရွေးချယ်ပါ။

မှတ်စု App Library ရှိ အက်ပ်များပေါ်တွင် အက်ပ်အကြောင်းကြားချက်အမှတ်သင်္ကေတများ ပေါ်လာစေရန် Show in App Library ကို ဖွင့်ပါ။

App Library မှ Home ဖန်သားပြင်သို့ အက်ပ်တစ်ခုရွှေ့ခြင်း

Home ဖန်သားပြင်တွင်ရှိပြီးသား မဟုတ်သည့် အက်ပ်တစ်ခုကို App Library ထဲမှ ၎င်းထဲသို့ ထည့်သွင်းနိုင်သည်။

ထိုအက်ပ်ကိုထိ၍ထိန်းထားပါ၊ ထို့နောက် Add to Home Screen ကိုနှိပ်ပါ (ထိုအက်ပ်သည် Home ဖန်သားပြင်တွင် ရှိနေပြီးသားမဟုတ်မှသာ ထည့်သွင်းနိုင်သည်)။

Home ဖန်သားပြင်တွင် နှင့် App Library ထဲတွင် ၎င်းအက်ပ်ပေါ်လာသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.