ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့်မိသားစုနှင့်အတူ လုပ်ဆောင်ချက်များကိုမျှဝေခြင်း

သင်နှင့် သင့်မိသားစုများ ဝယ်ယူမှုကိုမျှဝေရန်၊ အဆက်အသွယ်မပြတ်ရှိနေစေရန် နှင့် သင့်အချက်အလက်ကိုကာကွယ်ရန်သုံးနိုင်သည့် အထူးလုပ်ဆောင်ချက်များရှိသည်။ သင့်တွင် ကလေးများရှိပါက သင့်ကလေးများ သူတို့၏ Apple စက်ပစ္စည်းများအား မည်သို့သုံးရမည်ကို စီမံရန် မိဘထိန်းချုပ်မှုများကိုလည်း ထည့်သွင်းနိုင်သည်။

ချိန်ညှိမှုများအတွင်းရှိ Family Sharing ဖန်သားပြင်။ မိသားစုဝင်ငါးဦးကို စာရင်းသွင်းပြီးဖြစ်သည်။ ၎င်းတို့၏ နာမည်များအောက်တွင် Family Checklist နှင့် Subscriptions၊ Purchase Sharing နှင့် Location Sharing ရွေးချယ်စရာများရှိသည်။

Family Sharing ကိုစီစဉ်ခြင်း

Family Sharing ဖြင့် ဝယ်ယူမှုများ၊ စာရင်းသွင်းဝယ်ထားခြင်းများ၊ ၎င်းတို့၏တည်နေရာအစရှိသည်တို့ကို သင်နှင့် သင့်မိသားစုဝင်များမျှဝေနိုင်သည်။ လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်စက်ပစ္စည်းနှင့် Apple ID ကိုသုံးသော်လည်း iCloud သိမ်းဆည်းမှု၊ စာရင်းသွင်းဝယ်ယူထားခြင်းများ (Apple Music နှင့် Apple Arcade ကဲ့သို့ ဝန်ဆောင်မှုများအပါအဝင်)နှင့် အခြားအကြောင်းအရာတို့ကို မျှဝေသည်။

စတင်ရန် Settings  > [your name] > Family Sharing သို့သွားပါ။

Find My ဖန်သားပြင်သည် လူများစာရင်းနှင့် San Francisco ၏မြေပုံပေါ်ရှိ ၎င်းတို့၏တည်နေရာများကိုပြပေးသည်။

Find My ဖြင့် သင့်တည်နေရာကိုမျှဝေခြင်း

Family Sharing စတင်စီမံသည့်အခါ သင့်မိသားစုဝင်များနှင့် သင့်တည်နေရာကိုမျှဝေနိုင်၍ Find My အက်ပ် ဖြင့် ပျောက်သွားသည့်စက်ပစ္စည်းများကို ၎င်းတို့ရှာတွေ့စေနိုင်သည်။

မိသားစုဝင်များနှင့် သင့်တည်နေရာကိုမျှဝေရန် Settings  > [your name] > Family Sharing သို့သွားပါ၊ ထို့နောက် အောက်သို့ရွှေ့၍ Location ကိုနှိပ်ပါ။ သင့်တည်နေရာကို သင်မျှဝေလိုသည့် မိသားစုဝင်တစ်ဦး၏ အမည်ကို နှိပ်ပါ။ သင်၏ Family Sharing အဖွဲ့ဝင်များနှင့် သင့်တည်နေရာကို မျှဝေပြီးသည့်နောက် ၎င်းတို့သည် ပျောက်သွားသည့်စက်ပစ္စည်းတစ်ခုကို ရှာရာတွင် အထောက်အကူဖြစ်နိုင်သည်။

Health အက်ပ်ရှိ Sharing ဖန်သားပြင်။ ဖန်သားပြင်အလယ်တွင် အထက်မှအောက်သည် Alert၊ Changes၊ နှင့် No recent changes ကဲ့သို့ အချက်အလက်ပါဝင်သည့် Sharing With You အဆက်အသွယ်များစာရင်းဖြစ်သည်။ ယင်းအောက်ဘက်သည် You’re Sharing With Contacts စာရင်းဖြစ်သည်။ အဆက်အသွယ်တစ်ခုစီအောက်သည် ထိုအဆက်အသွယ်နှင့်မျှဝေထားသည့် အကြောင်းအရာများနံပါတ်ဖြစ်သည်။ ယင်းဖန်သားပြင်အောက်ခြေတွင် ဘယ်မှညာအထိ အောက်ပါခလုတ်များရှိသည်၊ Summary၊ Sharing နှင့် Browse။ မျှဝေခြင်းကိုရွေးချယ်ထားသည်။

သင့်ကျန်းမာရေးအချက်အလက်ကို မျှဝေခြင်း

သင့်ကျန်းမာရေးအချက်အလက်ကို—သင့်လှုပ်ရှားသွားလာမှု၊ ရွေ့လျားမှု၊ ကျန်းမာရေးအလားအလာများကဲ့သို့—မိသားစုဝင်များနှင့် မျှဝေရန် Health အက်ပ် ကိုသုံးနိုင်သည်။

Health အက်ပ်တွင် ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ၊ ထို့နောက် Share with Someone ကိုနှိပ်ပါ။ သင်မျှဝေမည့်လူများကို လှုပ်ရှားမှုတွင် လွန်စွာကျဆင်းသွားသကဲ့သို့ သိသာသည့် အလားအလာများအကြောင်းကို အသိပေးလိုလျှင် သင်မျှဝေလိုသည့်အရာကို သင်ရွေးချယ်နိုင်သည်။

Camera ဖန်သားပြင်သည် ပွင့်နေပြီး အရာဝတ္ထုတစ်ခုသည် ဘောင်အပြည့်ဖြစ်သည်။ Camera ဖန်သားပြင်ထိပ်တွင် Shared Library ခလုတ်ကို ဖွင့်ထားပါ။

မိသားစု ဓာတ်ပုံစုဆောင်းမှုတစ်ခုကို စတင်ခြင်း

ဓာတ်ပုံများနှင့် ဗီဒီယိုများကို အခြားမိသားစုဝင်ငါးယောက်နှင့် မျှဝေရန် iCloud Shared Photo Library ကို အသုံးပြုနိုင်သည်။ လူတိုင်းသည် ဓာတ်ပုံများကို ပေါင်းထည့်ခြင်း၊ တည်းဖြတ်ခြင်း၊ စာတန်းထိုးခြင်းနှင့် သူ့၏အမှတ်တရများ၊ အသားပေးထားသည့် ဓာတ်ပုံများနှင့် Photos widget များရှိ မျှဝေထားသောဓာတ်ပုံများကို ကြည့်နိုင်သည်။

စတင်ရန် Settings  > [your name] > iCloud > Photos ကိုသွားပါ၊ Sync this iPhone ကိုဖွင့်ပါ၊ ထို့နောက် Shared Library ကိုိပ်ပါ။

Account Recovery Contacts ဖန်သားပြင်သည် ပြန်ရသည့် အဆက်အသွယ်အဖြစ်ရွေးရန် နှင့် အခြားတစ်ယောက်ကိုရွေးချယ်ရန် အကြံပြုထားသည့် အဆက်အသွယ်များကိုပြပေးသည်။

လိုရမယ်ရ

သော့ပိတ်သွားပါက သင့်အကောင့်သို့ပြန်ဝင်ရာတွင် အထောက်အကူဖြစ်ရန် Account Recovery Contacts အဖြစ် မိသားစုဝင်များနှင့် အခြားယုံကြည်ရသူများကို ထည့်နိုင်သည်။ ဒီဂျစ်တယ်စနစ်ဖြင့်ဆက်ခံပိုင်ခွင့်ရှိသူကိုရွေးချယ်သည့် အစီအစဉ် (Digital Legacy Program) သည် သင်ကွယ်လွန်လျှင် သင်၏ အကောင့်နှင့် ကိုယ်ရေးအချက်အလက်များကို ဆက်ခံပိုင်ခွင့်ရှိသူအား ရွေးချယ်ခန့်အပ်စေနိုင်မည်ဖြစ်ပါသည်။

လူများထည့်ရန် Settings  > [your name] > Password & Security သို့သွားပါ၊ ထို့နောက် Account Recovery သို့မဟုတ် Legacy Contact ကိုရွေးချယ်ပါ။

ပိုမိုလေ့လာလိုပါသလား။ iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်းiPhone တွင် မိသားစုဝင်များနှင့် တည်နေရာများမျှဝေပြီး ၎င်းတို့၏ ပျောက်ဆုံးသွားသည့် စက်ပစ္စည်းများကိုရှာခြင်းiPhone ရှိ Health တွင် သင်၏အချက်အလက်ကိုမျှဝေခြင်းiCloud Shared Photo Library ကိုစီမံခြင်းသို့မဟုတ် iPhone တွင် သင့် Apple ID ကို လုံခြုံစိတ်ချရစေရန်လုပ်ဆောင်ခြင်းတို့ကိုကြည့်ပါ။

အစီအစဉ်များအားလုံးသည် ဒေသအားလုံးတွင် သို့မဟုတ် နိုင်ငံအားလုံးတွင် မရနိုင်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.