ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် FaceTime ဖုန်းခေါ်ဆိုခြင်းနှင့် ဖုန်းဖြေကြားခြင်း

Apple ID ဖြင့် အင်တာနက်ချိတ်ဆက်ထားပါက FaceTime အက်ပ်တွင် ဖုန်းခေါ်ဆိုနိုင်ပြီး အဝင်ဖုန်းကို လက်ခံနိုင်သည်။

မှတ်စု ဖုန်းခေါ်ဆိုခြင်း၊ အဝင်ဖုန်းလက်ခံခြင်း မပြုလုပ်မီ FaceTime ကိုစီမံရမည်။

cellular အင်တာနက်ချိတ်ဆက်မှုတစ်ခုကိုသုံး၍ FaceTime ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ပြီး အခကြေးငွေကို ပိုမိုပေးဆောင်ရနိုင်သည်။ ထိုအစီအစဉ်ကို ပိတ်ရန် Settings > Cellular သို့သွား၍ FaceTime ကိုပိတ်ပါ။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။

ဖုန်းပြောလက်စကိုပြထားသော FaceTime စာမျက်နှာ။ သင်၏ ပုံသည် ညာအောက်ဘက်တွင် လေးထောင့်ကွက်ငယ်နှင့် ပေါ်နေမည်ဖြစ်ပြီး တစ်ဖက်လူ၏ ပုံသည် ကျန်ဖန်သားပြင်အပြည့်ပေါ်နေမည်။ ဖန်သားပြင်၏ အောက်ခြေတစ်လျှောက်တွင် Live Photo၊ Effects နှင့် Flip to Back Camera ခလုတ်များရှိသည်။ Open Messages၊ Audio၊ Mute Off၊ Camera On နှင့် Share Content ခလုတ်များအပါအဝင် FaceTime ထိန်းချုပ်ခလုတ်များသည် ဖန်သားပြင်ထိပ်တွင် ရှိသည်။ ထိန်းချုပ်ခလုတ်များ၏ ထိပ်တွင်အမည် သို့မဟုတ် သင်စကားပြောသည့်လူ၏ Apple ID ရှိပြီး Leave Call ခလုတ်ရှိသည်။

FaceTime ဖုန်းခေါ်ဆိုခြင်း

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Make a FaceTime call” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

  1. FaceTime တွင် ဖန်သားပြင်ထိပ်နားရှိ New FaceTime ကိုနှိပ်ပါ။

  2. သင်ခေါ်ယူလိုသည့် အမည် သို့မဟုတ် နံပါတ်ကို ထိပ်ဆုံးရှိ စာရိုက်ကွက်လပ်တွင် ရိုက်ထည့်ပြီးနောက် ဗီဒီယို ဖုန်းခေါ်ဆိုရန် FaceTime ခလုတ် ကို နှိပ်ပါ သို့မဟုတ် အသံဖုန်းခေါ်ဆိုရန် Call ခလုတ် ကိုနှိပ်ပါ (နိုင်ငံများနှင့် ဒေသများအားလုံးတွင်မရနိုင်ပါ)။

    တစ်နည်းအားဖြင့် Contacts ကိုဖွင့်ရန် Add Contact ခလုတ်ကိုနှိပ်ပြီး ထိုနေရာရှိလူများကို ထည့်နိုင်သည်- သို့မဟုတ် အမြန်ခေါ်ဆိုရန် သင့်ခေါ်ဆိုမှုမှတ်တမ်းမှ ဖော်ပြသည့်စာရင်းတစ်ခုကိုနှိပ်ပါ။

အကြံပြုချက် FaceTime ဗီဒီယိုဖုန်းပြောဆိုနေစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်မြင်ရရန် iPhone ကို အလျားလိုက်အနေအထား လှည့်လိုက်ပါ။ iPhone တွင် ဖန်သားပြင်အလှည့်အပြောင်းအား ပြောင်းလဲခြင်း သို့မဟုတ် ပိတ်ထားခြင်း ကိုကြည့်ပါ။

လူအများအပြားကို ဖုန်းခေါ်ဆိုရန် Group FaceTime ဖုန်းခေါ်ဆိုခြင်းကို ကြည့်ပါ။

FaceTime ဖုန်းအဝင်ခေါ်ဆိုမှုကို လက်ခံပြောဆိုခြင်း

FaceTime ဖုန်းခေါ်ဆိုမှုဝင်လာသည့်အခါ၊ အောက်ပါတို့မှတစ်ခုကို လုပ်ဆောင်ပါ၊

  • ဖုန်းခေါ်ဆိုမှုကို လက်ခံခြင်း၊ ဆလိုက်ဘားကိုဆွဲပါ သို့မဟုတ် Accept ကိုနှိပ်ပါ။

  • ဖုန်းခေါ်ဆိုမှုကို ငြင်းပယ်ခြင်း၊ Decline ကိုနှိပ်ပါ။

  • ပြန်လည်ခေါ်ဆိုရန် သတိပေးစေမှု တစ်ခုသတ်မှတ်ခြင်း၊ Remind Me ကိုနှိပ်ပါ။

  • ဖုန်းခေါ်ဆိုသူထံ စာသားမက်ဆေ့ချ်ပို့ခြင်း၊ Message ကိုနှိပ်ပါ။

အဝင်ခေါ်ဆိုမှု ဖန်သားပြင်။ ဖန်သားပြင်၏ အောက်ခြေ၌ ဘယ်မှညာအပေါ်တန်းတွင် Remind Me နှင့် Message ခလုတ်များရှိသည်။ အောက်ခြေခလုတ်တန်း ဘယ်မှညာတွင် Decline နှင့် Accept ခလုတ်တို့ရှိသည်။

အခြား FaceTime ခေါ်ဆိုမှုဝင်လာပါက Accept အစား ယခင်ခေါ်ဆိုမှုကိုရပ်ပြီး အဝင်ခေါ်ဆိုမှုကို ချိတ်ဆက်သည့် End & Accept ရွေးချယ်စရာကိုတွေ့နိုင်သည်။

အကြံပြုချက် အဝင်ခေါ်ဆိုမှုများကိုအသိပေးရန် Siri ကိုစေခိုင်းနိုင်ပြီး ၎င်းသည်သင်၏အသံကိုအသုံးပြု၍ လက်ခံဖြေကြားခြင်း သို့မဟုတ် ဖုန်းချခြင်းတို့ကိုလုပ်နိုင်သည်။

မက်ဆေ့ချ်ဖြင့် အပြန်အလှန်ပြောနေရာမှ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုစတင်ခြင်း

မက်ဆေ့ချ်အပြန်အလှန် ပြောဆိုမှုတစ်ခုတွင် သင်နှင့်စကားပြောနေသော တစ်ဖက်လူဖြင့် FaceTime ဖုန်းခေါ်ဆိုမှုကို စတင်နိုင်သည်။

  1. မက်ဆေ့ချ်စကားပြောခြင်း ညာဘက်ထိပ်ရှိ FaceTime ခလုတ် ကိုနှိပ်ပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • FaceTime Audio ကိုနှိပ်ပါ။

    • FaceTime Video ကိုနှိပ်ပါ။

မက်ဆေ့ချ်တစ်စောင် ချန်ခဲ့ခြင်း

သင့် FaceTime ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုသူမရှိလျှင် အောက်ဖော်ပြပါတို့မှ တစ်ခုကိုရွေးချယ်ပါ၊

  • Leave a Message ကိုနှိပ်ပါ။

  • Cancel ကိုနှိပ်ပါ။

  • Call Back ကိုနှိပ်ပါ။

ပြန်လည်ခေါ်ဆိုခြင်း

သင်၏ခေါ်ဆိုမှုမှတ်တမ်းတွင် သင်ထပ်မံခေါ်ဆိုချင်သည့်သူ(သို့မဟုတ် အဖွဲ့) ၏ အမည် သို့မဟုတ် နံပါတ်ကိုနှိပ်ပါ။

ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ဖျက်သိမ်းခြင်း

FaceTime တွင် သင်၏ဖုန်းခေါ်ဆိုမှုမှတ်တမ်းရှိ ဖုန်းခေါ်ဆိုမှုပေါ်မှ ဘယ်ဘက်သို့ ပွတ်ဆွဲကာ Delete ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.