ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင် ဝက်ဘ်ဆိုက်များကိုရှာဖွေခြင်း

Safari အက်ပ် တွင် URL တစ်ခုရိုက်သွင်းပါ သို့မဟုတ် ဝက်ဘ်ဆိုက်များ သို့မဟုတ် သတင်းအချက်အလက်တချို့ကို ရှာဖွေရန် ရှာဖွေမှုစကားရပ်ကိုရိုက်ထည့်ပါ။

ဖန်သားပြင်အလယ်တွင် "cupertino weather" ဟူသောစာသားပါရှိသော Safari ရှာဖွေမှုကွက်လပ်ရှိသည်။ ဖန်သားပြင်ထိပ်တွင် Weather အက်ပ်မှ ရလဒ်တစ်ခုရှိနေပြီး Cupertino အတွက် လက်ရှိရာသီဥတုနှင့် အပူချိန်ကို ပြထားသည်။ အောက်ဘက်သည် Google Search ရှာဖွေမှုရလဒ်များဖြစ်သည်။

ဝက်ဘ်စာမျက်နှာကိုရှာဖွေခြင်း

  1. ရှာဖွေသည့်ကွက်လပ်တွင်ရှာဖွေမှုစကားရပ်၊ စကားစု သို့မဟုတ် URL ကိုရိုက်ထည့်ပါ။

  2. ရှာဖွေမှုအကြံပေးချက်တစ်ခုကို နှိပ်ပါ သို့မဟုတ် စာရိုက်ခလုတ်ခုံတွင်ရှိသော Go ကိုနှိပ်ပါ။

အကြံပြုထားသော ရှာဖွေမှုစကားရပ်များကို မမြင်ရစေရန် Settings  > Safari သို့သွားကာ Search Engine Suggestions ကိုပိတ်ပါ။

ဝက်ဘ်ဆိုက်များအတွင်း အမြန်ရှာဖွေခြင်း

ဝက်ဘ်ဆိုက်အတွင်းရှာဖွေရန် ရှာဖွေကွက်လပ်ရှိရှာဖွေမှုစကားရပ်အတိုင်း ဝက်ဘ်ဆိုက်၏ အမည်ကိုထည့်သွင်းပါ။ ဥပမာ Wikipedia တွင် "einstein" အကြောင်းရှာဖွေရန် "wiki einstein" ဟုရိုက်သွင်းပါ။

ထိုအင်္ဂါရပ်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် Settings  > Safari > Quick Website Search သို့သွားပါ။

စာမျက်နှာအသစ်ဖြင့်ရှာဖွေသည့်အခါ သို့မဟုတ် စာမျက်နှာအသစ်ဖန်တီးသည့်အခါ သင်အနှစ်သက်ဆုံး ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခြင်း

Settings  > Safari > Favorites သို့သွားကာ သင်ကြည့်လိုသော အနှစ်သက်ဆုံးများပါသည့်ဖိုင်ကို ရွေးချယ်ပါ။

ဝက်ဘ်စာမျက်နှာတစ်ခုကို ရှာခြင်း

ဝက်ဘ်စာမျက်နှာတစ်ခုတွင် သတ်သတ်မှတ်မှတ်စကားလုံးတစ်ခု သို့မဟုတ် စကားစုတစ်ခုကို ရှာဖွေနိုင်သည်။

  1. Share ခလုတ် ကို နှိပ်ပါ။ ပြီးနောက် Find on Page ကိုနှိပ်ပါ။

  2. ရှာဖွေမှုကွက်လပ်တွင် စကားလုံး သို့မဟုတ် စကားစုကို ထည့်သွင်းပါ။

  3. အခြားရည်ညွှန်းချက်များကိုကျော်ရန် Go Down ခလုတ် ကိုနှိပ်ပါ။

ရှာဖွေမှုအင်ဂျင်တစ်ခုကိုရွေးချယ်ခြင်း

Settings  > Safari > Search Engine သို့သွားပါ။

သင်မြင်တွေ့ရသောအရာကိုရှာဖွေရန် ကင်မရာကိုအသုံးပြုခြင်း

စာသားများကို စကင်ဖတ်၍ အွန်လိုင်းရှာဖွေမှုပြုလုပ်ရန် သင်၏ကင်မရာကို အသုံးပြုနိုင်သည်။ သင့် iPhone ကင်မရာပါရှိသည့် Live Text အသုံးပြုခြင်း ကိုကြည့်ပါ။

အကြံပြုချက် သင်၏ဓာတ်ပုံများထဲမှာ စာသားနှင့် ရုပ်ပုံများကို ရှာဖွေရန် ထိုအင်္ဂါရပ်ကိုအသုံးပြုနိုင်သည်။ iPhone တွင် သင့်ဓာတ်ပုံများရှိ အရာဝတ္ထုများကို အမျိုးအစားခွဲခြားရန် Visual Look Up ကိုအသုံးပြုခြင်း ကိုကြည့်ပါ။

ဖန်သားပြင်ထိပ်တွင် ဓာတ်ပုံတစ်ပုံရှိနေမည်။ ထိုဓာတ်ပုံထဲတွင် နှင်းဆီပန်းတစ်ပွင့်ပါရှိပြီး ထိုနှင်းဆီပန်းပေါ်တွင် Visual Lookup သင်္ကေတတစ်ခုရှိနေမည်။ ဖန်သားပြင်အောက်ခြေတစ်ဝက်တွင် နှင်းဆီပန်းနှင့် ပတ်သက်သော Siri Knowledge နှင့် အလားတူဝက်ဘ်ပုံရိပ်များ ပြထားသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.