ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဖုန်းခေါ်ဆိုခြင်း

Phone အက်ပ်တွင်ဖုန်းခေါ်ဆိုရန် နံပါတ်ရိုက်ကွက်ပေါ်တွင် နံပါတ်ရိုက်ခေါ်ဆိုပါ၊ ခေါ်ဆိုမှုအများဆုံး သို့မဟုတ် လတ်တစ်လော ဖုန်းအဝင်အထွက်၊ သို့မဟုတ် သင်၏ Contacts list ထဲမှ နံပါတ်တစ်ခုကို ရွေးချယ်ပါ။

နံပါတ်တစ်ခုကို နှိပ်ခြင်း

Siri၊ “call” သို့မဟုတ် “dial” နှင့် နံပါတ်တစ်ခုကိုဆက်ရွတ်ပါ။ ဂဏန်းတစ်လုံးစီကို ခွဲ၍ရွတ်ဆိုပါ၊ ဥပမာ “four one five, five five five....” အမေရိကန်ပြည်ထောင်စုတွင်ဒေသကုဒ်နံပါတ် 800 ကို “eight hundred” ဟုရွတ်ဆိုနိုင်သည်။ Siri အားအသုံးပြုပုံကိုလေ့လာခြင်း

သို့မဟုတ် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

  1. Keypad ကို နှိပ်ပါ။

    ဖုန်းနံပါတ်ရိုက်ကွက်။ ဖန်သားပြင်၏ အောက်ခြေရှိ ဘယ်မှညာတစ်လျှောက် စာမျက်နှာများသည် Favorites, Recents၊ Contacts၊ Keypad နှင့် Voicemail တို့ဖြစ်သည်။
  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • အခြားဖုန်းလိုင်းတစ်ခုကို အသုံးပြုခြင်း၊ Dual SIM ပါရှိသော အမျိုးအစားများတွင် ထိပ်တွင်ရှိသော ဖုန်းလိုင်းကိုနှိပ်ပြီးနောက် ဖုန်းလိုင်းတစ်ခုကိုရွေးချယ်ပါ။

    • နံပါတ်ရိုက်ခလုတ်ကိုအသုံးပြုကာ နံပါတ်ရိုက်ခြင်း၊ မှားရိုက်မိပါက၊ Delete ခလုတ် ကိုနှိပ်ပါ။

    • နောက်ဆုံးခေါ်ဆိုသော ဖုန်းနံပါတ်ကိုပြန်လည်ခေါ်ဆိုခြင်း၊ နောက်ဆုံးခေါ်ဆိုထားသော ဖုန်းနံပါတ်ကိုမြင်ရရန် Call ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် ၎င်းနံပါတ်ကို ခေါ်ဆိုရန် Call ခလုတ် ကိုနှိပ်ပါ။

    • သင် မိတ္တူကူးယူထားသော နံပါတ်တစ်ခုကို ပြန်ပေါ်စေခြင်း၊ နံပါတ်ရိုက်ကွက်အပေါ်ရှိ နံပါတ်ထည့်အကွက်ကို နှိပ်ပြီးနောက် Paste ကိုနှိပ်ပါ။

    • ခဏတာဆိုင်းငံ့ခြင်း(2 စက္ကန့်) ထည့်သွင်းရန်၊ ကော်မာပေါ်လာသည်ထိ ခရေပွင့်ကို (*) ထိ၍ထိန်းထားပါ။

    • စောင့်ဆိုင်းခြင်းကိုထည့်သွင်းရန် (Dial ခလုတ်ကို နှိပ်သည်အထိ ခေါ်ဆိုခြင်းကိုဆိုင်းငံ့ထားရန်)၊ ဆီမီးကော်လံ တစ်ခုပေါ်လာသည်ထိ(#) ခလုတ်ကို ထိ၍ထိန်းထားပါ။

    • နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအတွက် “+” ကိုထည့်သွင်းရန်၊ “+” ပေါ်လာသည်ထိ “0” ခလုတ်ကို ထိ၍ထိန်းထားပါ။

  3. ဖုန်းခေါ်ဆိုမှုကို စတင်ရန် Call ခလုတ် ကိုနှိပ်ပါ။

ဖုန်းခေါ်ဆိုမှုကို ရပ်တန့်ရန်၊ End Call ခလုတ်ကိုနှိပ်ပါ။

ခေါ်ဆိုမှုအများဆုံးဖုန်းနံပါတ်များကို ခေါ်ဆိုခြင်း

  1. Favorites နှိပ်ပြီးနောက် ခေါ်ဆိုမည့် ဖုန်းနံပါတ်တစ်ခုကိုရွေးချယ်ပါ။

    Dual SIM ပါရှိသောမော်ဒယ်များတွင်၊ iPhone သည် ဖုန်းခေါ်ဆိုမှုအတွက်အောက်ပါအစဉ်အတိုင်း ဖုန်းလိုင်းရွေးချယ်သည်၊

    • ၎င်းအဆက်အသွယ်အတွက် ပိုမိုအသုံးပြုလိုသည့်ဖုန်းလိုင်း (သတ်မှတ်ထားလျှင်)

    • ၎င်းအဆက်အသွယ်ကို နောက်ဆုံးဖုန်းခေါ်ဆိုရာတွင် အသုံးပြုသောဖုန်းလိုင်း

    • အသံအတွက် အဓိကအသုံးပြုထားသည့်ဖုန်းလိုင်း

  2. သင်၏ Favorites စာရင်းကိုပြင်ဆင်ရန် အောက်ဖော်ပြပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

    • အနှစ်သက်ဆုံးနံပါတ်တစ်ခု ထည့်သွင်းရန်၊ Add ခလုတ်ကိုနှိပ်ပြီးနောက် အဆက်အသွယ်တစ်ခုကိုရွေးချယ်ပါ။

    • အနှစ်သက်ဆုံးလူစာရင်းကို ပြန်စဉ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ Edit ကိုနှိပ်ပါ။

လတ်တစ်လောနံပါတ်ကိုပြန်နှိပ်ခြင်းသို့မဟုတ် ပြန်ခေါ်ဆိုခြင်း

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Redial that last number” သို့မဟုတ် “Return my last call” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

အောက်ပါတို့ကိုလည်း လုပ်ဆောင်နိုင်သည်၊

  1. Recents နှိပ်ပြီးနောက် ခေါ်ဆိုမည့် ဖုန်းနံပါတ်တစ်ခုကိုရွေးချယ်ပါ။

  2. ဖုန်းအဝင်ခေါ်ဆိုမှုမှတ်တမ်းနှင့် ဖုန်းခေါ်ဆိုသူ၏ အချက်အလက်ကို ပိုမိုသိလိုပါက More Info ခလုတ်ကိုနှိပ်ပါ။

    အနီရောင်သင်္ကေတတစ်ခုသည် မကိုင်လိုက်ရသည့်ဖုန်းခေါ်ဆိုမှုများကို ညွှန်းသည်။

သင့် Contacts စာရင်းထဲရှိ တစ်ယောက်ယောက်ကိုဖုန်းခေါ်ဆိုခြင်း

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Call Eliza’s mobile” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

သို့မဟုတ် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

  1. Phone အက်ပ် ထဲရှိ Contacts ကိုနှိပ်ပါ။

  2. အဆက်အသွယ်ကိုနှိပ်ပြီးနောက် သင်ခေါ်ဆိုလိုသော ဖုန်းနံပါတ်ကိုနှိပ်ပါ။

    Dual SIM ပါရှိသော မော်ဒယ်များတွင် ထိုအဆက်အသွယ်အတွက် နှစ်သက်ရာလိုင်းတစ်ခုကို မသတ်မှတ်ထားရသေးလျှင် အသံအတွက်အဓိကအသုံးပြုထားသည့် ဖုန်းလိုင်းကို အသုံးပြုပါ။

ဖုန်းခေါ်ဆိုအတွက် ချိန်ညှိမှုများကိုပြောင်းလဲခြင်း

  1. Settings  > Phone သို့သွားပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • Show My Caller ID ကိုဖွင့်ခြင်း၊ My Number တွင် (GSM) သင်၏ဖုန်းနံပါတ်ကို ပြထားသည်။ ဖုန်းခေါ်ဆိုသူ ID ကိုပိတ်ထားလျှင်ပင် FaceTime ဖုန်းခေါ်ဆိုမှုများအတွက် သင်၏ဖုန်းနံပါတ်သည် ပေါ်နေသည်။

    • နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအတွက် Dial Assist ကိုဖွင့်ခြင်း၊ (GSM) Dial Assist ကိုဖွင့်ထားသည့်အခါ၊ သင်၏ အဆက်အသွယ်စာရင်းနှင့် အနှစ်သက်ဆုံးစာရင်းထဲမှ နံပါတ်တစ်ခုခုကို ခေါ်ဆိုလျှင် နိုင်ငံတကာကုဒ်မှန်ဖြစ်စေ ဒေသခံရှေ့ကုဒ်မှန်ဖြစ်စေ iPhone က အလိုအလျောက်ထည့်ပေးသည်။

      နိုင်ငံတကာဖုန်းခေါ်ဆိုမှုအကြောင်း သတင်းအချက်အလက်များအတွက် (ဖုန်းခေါ်ဆိုကြေးနှင့် ကုန်ကျနိုင်သောအခြားအခကြေးများအပါအဝင်) သင့် ဖုန်းလိုင်းကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်ပါ။

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.