ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်ကိုယ်တိုင်အတွက် Screen Time ကို စီမံလုပ်ဆောင်ခြင်း

Screen Time ဖြင့် သင်သည် အက်ပ်အသုံးပြုမှုကို စီမံခြင်း၊ သင့်စက်နှင့်ကင်းကွာစေရန် အချိန်သတ်မှတ်ခြင်း အစရှိသည်တို့ကိုလုပ်ဆောင်နိုင်သည်။ အဆိုပါချိန်ညှိမှုများထဲမှ တစ်ခုခုကို အချိန်မရွေးပြောင်းလဲခြင်း သို့မဟုတ် ပိတ်ထားခြင်းများ လုပ်နိုင်သည်။

ဖန်သားပြင်နှင့် ကင်းကွာစေရန် အချိန်သတ်မှတ်ခြင်း

Screen Time တွင် သင့်ဖုန်းနှင့် ခပ်ဝေးဝေးတွင်နေချင်သည့်အချိန်ကာလမျိုးတွင် အက်ပ်စ်များနှင့် အကြောင်းကြားချက်များကို ပိတ်ဆို့ထားနိုင်သည်။ ဥပမာ ထမင်းစားချိန် သို့မဟုတ် အိပ်ရာဝင်ချိန်အတွင်း အနားယူချိန်ကို စီမံသတ်မှတ်ရန် လိုလာနိုင်သည်။

  1. သင့်တွင် မရှိသေးပါက Settings  > Screen Time သို့သွား၍ Screen Timeကို ဖွင့်ပါ

  2. Downtime ကိုနှိပ်၍ Downtime ကိုဖွင့်ပါ။

  3. Every Day သို့မဟုတ် Customize Days ကိုရွေးပါ၊ ပြီးလျှင် စချိန်နှင့်ဆုံးချိန်များကို စီမံသတ်မှတ်ပါ။

downtime on demand ကို ဖွင့်ပါ။

အနားယူချိန်အတွင်း သင်ခွင့်ပြုရန်ရွေးချယ်ထားသည့် ဖုန်းခေါ်ခြင်းများ၊ မက်ဆေ့များနှင့် အက်ပ်များကိုသာ လက်ခံရရှိနိုင်သည်။ အနားယူချိန်အတွင်း ဆက်သွယ်မှုများကို ခွင့်ပြုရန် သင်ရွေးချယ်ထားသည့် အဆက်အသွယ်များထံမှသာ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိနိုင်ပြီး အချိန်မရွေး ခွင့်ပြုထားသည့်အက်ပ်များကို အသုံးပြုနိုင်သည်။

downtime on demand ကိုဖွင့်သည့်အခါ အနားယူချိန်ကို မဖွင့်မီ ငါးမိနစ်သတိပေးချက် ပေးပို့သည်။ ၎င်းသည် သင်စီမံမသတ်မှတ်ရသေးပါက နေ့၏အဆုံး အထိ သို့မဟုတ် သင်စီမံသတ်မှတ်ထားသည့် အနားယူချိန်၏စတင်ချိန်ထိ ရှိနေသည်။

  1. သင့်တွင် မရှိသေးပါက Settings  > Screen Time သို့သွား၍ Screen Timeကို ဖွင့်ပါ

  2. Downtime ကိုနှိပ်ပါ၊ ထို့နောက် Turn On Downtime Until Tomorrow သို့မဟုတ် Turn On Downtime Until Schedule (စီမံသတ်မှတ်မှုကို ဖွင့်ထားပါက) ကိုနှိပ်ပါ။

    downtime on demand ကိုပိတ်ရန် Turn Off Downtime ကိုပိတ်ပါ။

မှတ်စု မိသားစုဝင်တစ်ဦးအတွက် ၎င်းတို့၏စက်မှတိုက်ရိုက်ဖြစ်စေ သို့မဟုတ် သင့်စက်ရှိ Family Sharing မှတဆင့်ဖြစ်စေလည်း downtime on demand ကိုဖွင့်နိုင်သည်။

အက်ပ်အသုံးပြုမှုအတွက် ကန့်သတ်ချက်များသတ်မှတ်ခြင်း

အက်ပ်အမျိုးအစားများစွာ (ဥပမာ Games သို့မဟုတ် Social Networking) နှင့် သီးခြားအက်ပ်များအတွက် အချိန်ကန့်သတ်ချက်ပေးထားနိုင်သည်။

  1. သင့်တွင် မရှိသေးပါက Settings  > Screen Time သို့သွား၍ Screen Timeကို ဖွင့်ပါ

  2. App Limits ကိုနှိပ်ပါ၊ ထို့နောက် Add Limit ကိုနှိပ်ပါ။

  3. အက်ပ်တစ်ခု သို့မဟုတ် ပိုသည့်အမျိုးအစားကိုရွေးပါ။

    သီးခြားအက်ပ်များအတွက် ကန့်သတ်ချက်ထားပေးရန် ၎င်းအမျိုးအစားအတွင်းရှိ အက်ပ်များအားလုံးကိုမြင်ရစေရန် အမျိုးအစားအမည်ကိုနှိပ်ပါ၊ ပြီးလျှင် သင်ကန့်သတ်လိုသည့်အက်ပ်များကိုရွေးချယ်ပါ။ အမျိုးအစား သို့မဟုတ် အက်ပ် အများအပြားကိုရွေးချယ်ထားလျှင် သင်ထားရှိသည့် အချိန်ကန့်သတ်ချက်က ၎င်းတို့အားလုံးကိုသက်ရောက်မည်ဖြစ်သည်။

  4. Next ကိုနှိပ်ကာ အက်ပ်အသုံးပြုမှုအတွက် ခွင့်ပြုထားသည့် အချိန်ပမာဏကိုသတ်မှတ်ပါ။

    တစ်ရက်စီအတွက်အချိန်ပမာဏသတ်မှတ်လိုသည့်အခါ၊ Customize Days ကိုနှိပ်၍သတ်မှတ်ရက်များအတွက်ကန့်သတ်မှုပြုလုပ်ပါ။

  5. ကန့်သတ်ချက်များသတ်မှတ်ခြင်း ပြီးစီးသည့်အခါ Add ကိုနှိပ်ပါ။

အက်ပ်ကန့်သတ်ချက်များအားလုံးကိုယာယီပိတ်ရန်၊ App Limits ဖန်သားပြင်ပေါ်ရှိ App Limits ခလုတ်ကိုနှိပ်ပါ။ သတ်မှတ်အမျိုးအစားအတွက် အချိန်ကန့်သတ်ချက်ကိုယာယီပိတ်ရန် ထိုအမျိုးအစားကိုနှိပ်ပါ၊ ထို့နောက် App Limit ကိုပိတ်ပါ။

အမျိုးအစားကဏ္ဍတစ်ခုအတွက် အချိန်ကန့်သတ်ချက်ကို ဖယ်ရှားရန် ထိုအမျိုးအစားကဏ္ဍကို နှိပ်ပါ၊ Delete Limit ကိုနှိပ်ပါ။

ဆက်သွယ်မှုကန့်သတ်ချက်များ သတ်မှတ်ခြင်း

Screen Time တွင် iCloud ထဲရှိ အချို့သော အဆက်အသွယ်များထံမှ—ဖုန်းခေါ်ဆိုမှုများ၊ FaceTime ခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ အဝင်နှင့်အထွက် ဖုန်းခေါ်ဆိုမှုများ အပါအဝင်—ဆက်သွယ်ချက်များကို အချိန်တိုင်းဖြစ်စေ သတ်မှတ်ကာလအတွင်းတွင်ဖြစ်စေ ခွင့်ပြုနိုင်သည် သို့မဟုတ် ပိတ်ဆို့ထားနိုင်သည်။

  1. အကယ်၍ သင်သည် iCloud ထဲတွင် Contacts ကို မဖွင့်ထားရသေးပါက Settings  > [your name] > iCloud ကိုသွားပါ၊ ထို့နောက် Contacts ကို ဖွင့်ပါ။

  2. သင့်တွင် မရှိသေးပါက Settings  > Screen Time သို့သွား၍ Screen Time ကိုဖွင့်ပါ

  3. Communication Limits ကိုနှိပ်ပါ၊ During Screen Time ကိုနိပ်၍ အချိန်တိုင်းဆက်သွယ်မှုများ( အနားယူချိန်ထက်) အတွက်အောက်ပါတို့မှ တစ်ခုကို ရွေးပါ၊

    • အဆက်အသွယ်များသာ၊ သင့်အဆက်အသွယ်များနှင့်သာ ဆက်သွယ်ရေးကို ခွင့်ပြုရန်။

    • Least One Contact ရှိ Contacts & Groups၊ သင့်အဆက်အသွယ်များအတွင်းမှ လူများနှင့်သာ တစ်ဦးချင်းစကားပြောဆိုမှုများ နှင့် သင့်အဆက်အသွယ်များအတွင်းမှ အနည်းဆုံးလူတစ်ဦးပါဝင်သည့် အုပ်စုလိုက်စကားပြောဆိုမှုများကို ခွင့်ပြုရန်။

    • လူတိုင်းသည်၊ ဘယ်သူဘယ်ဝါမသိသောဖုန်းနံပါတ်များအပါအဝင် မည်သူနှင့်မဆို အပြန်အလှန်ပြောဆိုနိုင်ရန်။

  4. ဘယ်ဘက်ထိပ်ရှိ Back ကိုနှိပ်၍ During Downtime ကိုနှိပ်ပါ။

    During Screen Time အတွက် သင်ရွေးချယ်ထားသည့် ရွေးချယ်မှုကို သတ်မှတ်ထားပြီးဖြစ်ပါသည်။ ထိုချိန်ညှိမှုကို Specific Contacts သို့ပြောင်းနိုင်သည်၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပါ၊

    • From My Contacts ကိုရွေးချယ်ခြင်း၊ Downtime သတ်မှအချိန်အတွင်း အပြန်အလှန်ပြောဆိုခွင့်ရသော အဆက်အသွယ်များကို ရွေးချယ်ပါ။

    • New Contact ထည့်သွင်းခြင်း၊ သင်၏အဆက်အသွယ်စာရင်းတွင် ပုဂ္ဂိုလ်တစ်ဦးကို ထည့်သွင်း၍ အနားယူချိန်အတွင်း ထိုပုဂ္ဂိုလ်ကို အပြန်အလှန်ပြောဆိုခွင့်ပြုပါ။

သင့် Communication Limit ချိန်ညှိမှုများတွင် လက်ရှိတားမြစ်ပိတ်ဆို့ထားသည့် တစ်စုံတစ်ယောက်မှ သင့်ထံ ဖုန်း ခေါ်ဆိုရန် သို့မဟုတ် မက်ဆေ့ချ်တစ်စောင်ပို့ရန် ကြိုးစားလာလျှင် ၎င်းတို့၏ ဆက်သွယ်ချက်များ ရောက်ရှိလာမည်မဟုတ်ပါ။

သင့် Communication Limit ချိန်ညှိမှုများတွင် လက်ရှိတားမြစ်ပိတ်ဆို့ထားသည့် အဆက်အသွယ်တစ်ခုထံသို့ ခေါ်ဆိုရန် သို့မဟုတ် မက်ဆေ့ချ်တစ်စောင်ပို့ရန် သင်ကြိုးစားလျှင် သူတို့နာမည် သို့မဟုတ် နံပါတ်များသည် သင့်လက်ရှိခေါ်ဆိုမှုစာရင်းထဲတွင် အနီရောင်ဖြင့် ပေါ်လာမည်ဖြစ်ပြီး သင့်ဆက်သွယ်ချက်အောင်မြင်မည် မဟုတ်ပါ။ အပြန်အလှန်ပြောဆိုခွင့်အချိန်ပြောင်းလဲသွားသည့်အခါ ၎င်းတို့နှင့် အပြန်အလှန်ပြောဆိုနိုင်သည်။ အဆိုပါကန့်သတ်ချက်ကို အနားယူချိန်အတွက်သာ သတ်မှတ်ထားလျှင် Time Limit မက်ဆေ့ချ်တစ်စောင် သင်ရလိမ့်မည်။ အနားယူချိန်ပြီးသွားသည့်အခါ ထိုသူတို့နှင့်သင်ပြန်လည် ဆက်သွယ်မှုပြုလုပ်နိုင်မည်။

သင့် Communication Limit ချိန်ညှိမှုများဖြင့် တားမြစ်ပိတ်ဆို့ထားသည့် အဆက်အသွယ်များနှင့် ပြန်လည်ဆက်သွယ်နိုင်ရန် အထက်တွင်ပြထားသည့်အဆင့်များအတိုင်း ၎င်းချိန်ညှိမှုများကို ပြောင်းလဲပါ။

အမြဲတမ်း သင်ခွင့်ပြုထားလိုသည့် အက်ပ်များနှင့်အဆက်အသွယ်များကိုရွေးချယ်ခြင်း

Screen Time တွင် အနားယူချိန်အပါအဝင် (ဥပမာ- အရေးပေါ်ဖြစ်စဉ်ဖြစ်ပွားနေစဉ်)—အချိန်မရွေးအသုံးပြုခွင့်ရနိုင်သော အက်ပ်များကို သတ်သတ်မှတ်မှတ်ရွေးချယ်နိုင်သလို အချိန်မရွေးအပြန်အလှန် ပြောဆိုခွင့်ရသော အဆက်အသွယ်များကို သတ်သတ်မှတ်မှတ်ရွေးချယ်နိုင်သည်။

  1. Settings  > Screen Time > Always Allowed သို့သွားပါ။

  2. Allowed Apps စာရင်းမှ အက်ပ်တစ်ခုကို ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် Allowed Apps အောက်ရှိ အက်ပ်တစ်ခုဘေးရှိ သို့မဟုတ် တို့ကိုနှိပ်ပါ။

  3. အဆက်အသွယ်များကိုရွေးချယ်ပြီး အပြန်အလှန်ပြောဆိုခွင့်ပြုရန် Contacts ကိုနှိပ်ပါ။

    Communication Limits သင်ရွေးချယ်ထားသော ရွေးချယ်မှုသည် ယခုနေရာတွင်ပေါ်နေမည်။ ထိုချိန်ညှိမှုကို Specific Contacts သို့ပြောင်းနိုင်သည်၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပါ၊

    • From My Contacts ကိုရွေးချယ်ခြင်း၊ အပြန်အလှန်ပြောဆိုခွင့်ပြုမည့် လူများကို သတ်သတ်မှတ်မှတ်ရွေးချယ်ပါ။

    • New Contact ထည့်သွင်းခြင်း၊ အဆက်အသွယ်သစ်တစ်ခုကို ထည့်သွင်း၍ ထိုပုဂ္ဂိုလ်ကို အပြန်အလှန်စကားပြောဆိုခွင့်ပြုပါ။

  4. ဘယ်ဘက်ထိပ်ရှိ Back ခလုတ်ကိုနှိပ်ပါ။

ပါဝင်သည့်အကြောင်းအရာနှင့် ကိုယ်ရေးလုံခြုံမှုကန့်သတ်ချက်များ

iTunes Store နှင့် App Store ဝယ်ယူမှုများအတွက် မသင့်လျော်သော ပါဝင်သည့်အကြောင်းအရာကိုတားဆီးပြီး ကိုယ်ရေးလုံခြုံမှုကန့်သတ်ချက်များထားရှိနိုင်သည်။

  1. Settings  > Screen Time သို့သွားပါ။

  2. Content & Privacy Restrictions ကိုနှိပ်ပါ၊ Content & Privacy Restrictions ကိုဖွင့်ပါ။

    ချိန်ညှိမှုများမပြောင်းလဲမီ လိုအပ်သည့် လျှို့ဝှက်ကုဒ်ကိုလည်း သင်ထားရှိနိုင်သည်။

  3. iTunes Store နှင့် App Store ဝယ်ယူမှုများ၊ အက်ပ်အသုံးပြုမှု၊ အကြောင်းအရာအဆင့်သတ်မှတ်မှုများ စသည်တို့အတွက် ခွင့်အပြုအကြောင်းအရာသတ်မှတ်ရန် ရွေးချယ်ချက်များကို ရွေးချယ်ပါ။

    မှတ်စု သင့်စက်ပစ္စည်းတွင် FaceTime ဖုန်းခေါ်ဆိုမှုများရှိ SharePlay ကိုကန့်သတ်ရန်၊ Settings > Screen Time > Content & Privacy Restrictions > Allowed Apps သို့သွားပါ၊ ထို့နောက် SharePlay ကိုပိတ်ပါ။ SharePlay လက်ခံရန်၊ ယင်းကိုဖွင့်ပါ။

သင့် စက်ပစ္စည်းများအားလုံးရှိ Screen Time ချိန်ညှိမှုများနှင့် သတင်းပေးပို့ချက်များကို မျှဝေရန် Apple ID တစ်ခုတည်းဖြင့် သင့်အကောင်းဝင်ထားပြီး Share Across Devicesကို သေချာစွာဖွင့်ထားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.