ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သော့တံဖြင့် အကောင့်ဝင်ခြင်း

သော့တံသည် ပံ့ပိုးပေးထားသော ဝက်ဘ်ဆိုက်များနှင့် အက်ပ်များကို ဝင်ရောက်သည့်အခါ သင့်အား ခွဲခြားသတ်မှတ်ရန် Face ID (ပံ့ပိုးပေးထားသော အမျိုးအစားများ) သို့မဟုတ် Touch ID (ပံ့ပိုးပေးထားသော အမျိုးအစားများ)ကို အားကိုး၍ စကားဝှက်မပါဘဲ ဝင်ရောက်ရန် ရိုးရှင်းပြီးလုံခြုံသည့် နည်းလမ်းတစ်ခုကိုပေးသည်။

သော့တံများအကြောင်း နိဒါန်း

အကောင့်စစ်မှန်ကြောင်းအတည်ပြုခြင်းအတွက် စက်မှုလုပ်ငန်းစံနှုန်းများအပေါ် အခြေခံ၍ သော့တံများသည် စကားဝှက်များထက် အသုံးပြုရပိုမိုလွယ်ကူပြီး ပိုမိုလုံခြုံပါသည်။

သော့တံသည် သင်မမြင်နိုင်သော လျှို့ဝှက်ရေးနည်းတစ်ခုဖြစ်ပြီး ၎င်းကို စကားဝှက်အစား အသုံးပြုပါသည်။ သော့တံတစ်ခုတွင်—စကားဝှက်တစ်ခုနှင့် နှိုင်းယှဉ်ပါက—လုံခြုံရေးကို အထူးတိုးတက်ကောင်းမွန်စေသည့် သော့တွဲတစ်တွဲပါရှိသည်။ သော့တစ်ချောင်းသည် သင်အသုံးပြုနေသော ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ဖြင့် လူသိရှင်ကြားမှတ်ပုံတင်ထားသည်။ နောက်သော့တစ်ချောင်းသည် သီးသန့်ဖြစ်ပြီး သင့်စက်ပစ္စည်းဖြင့်သာ ထိန်းထားသည်။ အစွမ်းထက်သော၊ စက်မှုလုပ်ငန်းအဆင့်မီ လျှို့ဝှက်ရေးနည်းပညာများကို အသုံးပြုခြင်းအားဖြင့် ဤသော့တွဲသည် သင့်စက်ပစ္စည်းများနှင့် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ကြားတွင် ခိုင်မာသည့် သီးသန့်ဆက်ဆံရေးကို သေချာစေရန် ကူညီပေးပါသည်။ သော့တံတစ်ချောင်းတွင် ဤထပ်လောင်းလက္ခဏာရပ်များနှင့် အဆင်ပြေမှုများပါရှိသည်၊

  • ၎င်းသည် အမြဲခိုင်မာပြီး ဟက်ကာတစ်ယောက်က ဘယ်တော့မှ မခန့်မှန်းနိုင်ပါ။

  • ၎င်းအတွက် ဖန်တီးထားသည့် ဝဘ်ဆိုက် သို့မဟုတ် အက်ပ်နှင့်သာ ချိတ်ဆက်ထားသောကြောင့် လိမ်လည်လှည့်ဖြားသော ဝဘ်ဆိုက် သို့မဟုတ် အက်ပ်သို့ လက်မှတ်ထိုးဝင်ရန် သော့တံကို အသုံးပြု၍ အလိမ်ခံရခြင်းမှ ကာကွယ်ပေးသည်။

  • သင်၏ iPhone သည် သင်၏ Apple ID ဖြင့် ဝင်ရောက်သည့် သင်၏စက်ပစ္စည်းများအားလုံးတွင် (iOS 16၊ iPadOS 16၊ macOS Ventura သို့မဟုတ် tvOS 16 လိုအပ်သည်) အသုံးပြုနိုင်ရန် သော့တံကို iCloud Keychain ထဲတွင် သိမ်းပေးသည်။

  • iCloud Keychain တွင် သက်ဆိုင်သူသာကြည့်ရှုနိုင်ရန်ပြောင်းလဲထားသောကြောင့်မည်သူမျှ— Apple ပင်လျှင်—မဖတ်နိုင်ပါ။

  • အဆိုပါသီးသန့်သော့သည် သင့်စက်ပစ္စည်းများကို ဘယ်သောအခါမှ ထွက်သွားမည်မဟုတ်သောကြောင့် ဝက်ဘ်ဆိုက်များ သို့မဟုတ် အက်ပ်များမှ ပေါက်ကြားနိုင်မည်မဟုတ်ပေ။

  • ၎င်းကို သင် ဖန်တီးရန်၊ ကာကွယ်ရန် သို့မဟုတ် မှတ်သားရန် မလုပ်နိုင်ပါ။

  • အခြားတစ်ယောက်နှင့် သော့တံကို လုံခြုံစွာမျှဝေရန် AirDrop ကို အသုံးပြုနိုင်သည်။

  • Apple မဟုတ်သည့်စက်ပစ္စည်းများရှိ အကောင့်တစ်ခုကို ဝင်ရန် သင့် iPhone ရှိ သော့တံတစ်ခုကို အသုံးပြုနိုင်သည်။

သင် iCloud Keychainကိုအသုံးရန်လိုအပ်သည့် iPhone မှ သော့တံများ။ သင်သော့တံတစ်ခုကို သိမ်းရန် ကြိုးစားသည့်အခါ iCloud Keychain ကို ဖွင့်ထားခြင်းမရှိလျှင် ၎င်းကိုဖွင့်ရန် သင့်အားတောင်းဆိုလိမ့်မည်။ အထောက်အထားနှစ်ရပ် အတည်ပြုချက် လိုအပ်သည့် သေ့ာတံများသည်လည်း သင့် Apple IDအတွက် အသုံးပြုနိုင်သည်။

မှတ်စု သော့တံများသည် စက်မှုလုပ်ငန်းဆိုင်ရာ လုံခြုံရေးစံနှုန်းတစ်ခုဖြစ်ပြီး ဝက်ဘ်ဆိုက်များနှင့် အက်ပ်များစွာသည် သော့တံပံ့ပိုးမှုကို လျင်မြန်စွာ ထည့်သွင်းကြသည်။

အကောင့်တစ်ခုအတွက် သော့တံကို သိမ်းဆည်းခြင်း

ဝက်ဘ်ဆိုက်၊ ရှာဖွေမှုနေရာ သို့မဟုတ် အက်ပ်ပေါ်မူတည်၍ သင့် iPhone တွင် သော့တံတစ်ခုသိမ်းဆည်းခြင်းနှင့် iCloud Keychain သည် အများအားဖြင့် ဤအရာများနှင့်ဆင်တူသည့်အဆင့်များ ပါဝင်သည်။

  1. သင့် iPhone တွင် အောက်ပါတို့မှ နှစ်သက်ရာကို လုပ်ဆောင်ပါ၊

    • အကောင့်အသစ်တစ်ခုအတွက်၊ အကောင့်ဝင်ရောက်သည့်ဖန်သားပြင်ပေါ်တွင် အကောင့်အမည်ကို ရိုက်ထည့်ပါ။

    • ရှိနေပြီးသော အကောင့်တစ်ခုအတွက်၊ သင်၏ စကားဝှက်ဖြင့် ဝင်ရောက်ပါ၊ ထို့နောက် အကောင့်စီမံခန့်ခွဲမှု ဖန်သားပြင်ပေါ်သို့သွားပါ။

  2. အကောင့်တစ်ခုအတွက် သော့တံတစ်ချောင်းကို သိမ်းရန် ရွေးချယ်စရာကိုကြည့်သည့်အခါ Continue ကိုနှိပ်ပါ။

    သင်၏သော့တံကို သိမ်းဆည်းထားသည်။

    ထိုအကောင့်အတွက် သော့တံတစ်ခုကို သိမ်းဆည်းလိုခြင်းရှိမရှိကို မေးထားသည့် ဝင်ရောက်ဖန်သားပြင်တစ်ခု။ Continue နှင့် Other Options ခလုတ်များသည် ဖန်သားပြင်အောက်ခြေတွင် ရှိသည်။

မှတ်စု သင်၏ Apple ID နှင့် မသက်ဆိုင်သော အခြားစက်ပစ္စည်းသို့ သင်၏အထောက်အထားများကို ပြင်ပလုံခြုံရေသော့တစ်ခုတွင် သိမ်းဆည်းလိုပါက သင်သည် Other Options၊ Save on Another Device သို့မဟုတ် အလားတူ( Continue အစား) ကိုရွေးချယ်နိုင်သည်။ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

သင်ကိုယ်ပိုင်မဟုတ်သည့် ကွန်ပျူတာ သို့မဟုတ် စက်ပစ္စည်းတစ်ခုကို အသုံးပြုနေစဥ်တွင် သင့် iPhone တွင် သော့တံတစ်ခုကို သိမ်းဆည်းပါ။

သင့် Apple ID (အများသုံး စာကြည့်တိုက်၊ အင်တာနက် ကော်ဖီဆိုင် သို့မဟုတ် သူငယ်ချင်းအိမ်ရှိ ကွန်ပျူတာကဲ့သို့သော)နှင့် ဆက်စပ်မှုမရှိသည့် စက်ပစ္စည်းတစ်လုံးကို အသုံးပြုနေစဥ်တွင် အခြားစက်ပစ္စည်းအစား သင့် iPhone (နှင့် iCloud Keychain)တွင် သော့တံတစ်ချောင်းကို သိမ်းဆည်းနိုင်သည်။ သင့် iPhone တွင် သော့တံတစ်ချောင်း သိမ်းဆည်းခြင်းတွင် အများအားဖြင့် အောက်ပါ အဆင့်များ ပါဝင်သည်၊

  1. အခြားစက်ပစ္စည်းတွင် အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • အကောင့်အသစ်တစ်ခုအတွက်၊ အကောင့်ဝင်ရောက်သည့်ဖန်သားပြင်ပေါ်တွင် အကောင့်အမည်ကို ရိုက်ထည့်ပါ။

    • ရှိနေပြီးသော အကောင့်တစ်ခုအတွက်၊ သင်၏ စကားဝှက်ဖြင့် ဝင်ရောက်ပါ၊ ထို့နောက် အကောင့်စီမံခန့်ခွဲမှု ဖန်သားပြင်ပေါ်သို့သွားပါ။

  2. အကောင့်အတွက် သော့တံတစ်ချောင်းကို သိမ်းရန် ရွေးချယ်စရာကို တွေ့သည့်အခါ Other Options၊ Save on Another Device သို့မဟုတ် အလားတူ(Continue အစား)ကိုရွေးပါ။

  3. "ကင်မရာတစ်လုံးပါသည့် စက်တစ်လုံးတွင် သော့တံတစ်ခုကို သိမ်းဆည်းခြင်း" သို့မဟုတ် အလားတူကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်တွင် QR ကုတ်ကိုပြရန် ဖန်သားပြင် ညွှန်ကြားချက်များအတိုင်းလိုက်နာပါ။

  4. QR ကုဒ်ကိုစကန်ဖတ်ရန်သင့် iPhone ကင်မရာကိုသုံးပါ။

သော့တံတစ်ချောင်းပါသည့် သင့် iPhone တွင် အကောင့်တစ်ခုဝင်ရောက်ခြင်း

ဝက်ဘ်ဆိုက်၊ ရှာဖွေမှုနေရာ သို့မဟုတ် အက်ပ်ပေါ်မူတည်၍ သင့်တွင် သော့တံတစ်ခုသိမ်းဆည်းခြင်းသည် အများအားဖြင့် ဤအရာများနှင့်ဆင်တူသည့်အဆင့်များ ပါဝင်သည်။

  1. ထိုဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်အတွက် ဖန်သားပြင်ဝင်ရောက်မှုတွင် ထိုအကောင့် အမည် နယ်ပယ်ကိုနှိပ်ပါ။

  2. ဖန်သားပြင်အောက်ခြေ သို့မဟုတ် ခလုတ်ခုံထိပ်အနီးရှိ အကြံပေးထားသည့်အကောင့်ကိုနှိပ်ပါ။

  3. သင့် iPhone တွင်Touch ID ရှိပါက သင်၏အထောက်အထားကို အတည်ပြုရန် ဖန်သားပြင်ညွှန်ကြားချက်များအတိုင်းလိုက်နာပါ။ သို့မဟုတ်ပါက Face ID သည် သင်၏အထောက်အထားကိုအတည်ပြုသည်။

မှတ်စု သင့် iPhone တွင် သင်၏ Apple ID နှင့် ဆက်စပ်မှုမရှိသည့် အခြား စက်ပစ္စည်းတစ်လုံးတွင် သိမ်းဆည်းထားသော သော့တံတစ်ချောင်းကို အသုံးပြု၍ ဝင်ရောက်လိုပါက Other Options (သို့မဟုတ် အလားတူ) Continue အစား ရွေးချယ်နိုင်သည်။ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

သင့် iPhone တွင် သိမ်းဆည်းထားသော သော့တံနှင့် အခြားစက်ပစ္စည်းတွင် ဝင်ရောက်ခြင်း

iPhone သည့် သင်၏သော့တံများကို iCloud Keychain ထဲတွင် သိမ်းသည်၊ ထို့ကြောင့် အခြားစက်တွင် သင်၏ Apple ID ဖြင့်ဝင်ရောက်ထားသောအခါ သူတို့ကိုအလိုအလျောက်အသုံးပြုနိုင်သည် (iOS 16၊ iPadOS 16၊ macOS Ventura သို့မဟုတ် tvOS 16 လိုအပ်သည်)။

သို့သော်လည်း သင်သည် သင်၏ Apple ID နှင့် ဆက်စပ်မှုမရှိသည့် စက်ပစ္စည်းကို အသုံးပြုပါက သင့် iPhone တွင် သိမ်းဆည်းထားသော သော့တံကို အသုံးပြု၍ အကောင့်တစ်ခုသို့ ဝင်ရောက်နိုင်သေးသည်။ ဝင်ရောက်ခြင်းသည် များသောအားဖြင့် အောက်ပါအဆင့်များပါဝင်သည်၊

  1. သင်၏ အကောင့်ဝင်ရောက်မှုဖန်သားပြင်ကိုသွားရန် အခြားစက်ကို အသုံးပြုခြင်း။

  2. အကောင့်ဝင်ရောက်မှုဖန်သားပြင်တွင် အကောင့် အမည် နယ်ပယ်ကိုနှိပ်ပါ။

  3. "Other options"၊ "Passkey from nearby device" သို့မဟုတ် အလားတူကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ QR ကုတ်ကိုပြရန် ဖန်သားပြင်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါ။

  4. QR ကုဒ်ကိုစကန်ဖတ်ရန်သင့် iPhone ကင်မရာကိုသုံးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.