ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone မှ အက်ပ်များကို ဖယ်ရှားခြင်း

သင့် iPhone မှ အက်ပ်များကို အလွယ်တကူဖယ်ရှားနိုင်သည်။ သင် စိတ်ကူးပြောင်းသွားလျှင် အက်ပ်များကို နောက်မှတစ်ဖန် ပြန်လည်ဒေါင်းလုတ် လုပ်နိုင်သည်။

အက်ပ်များဖယ်ရှားခြင်း

အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

  • Home ဖန်သားပြင်မှ အက်ပ်များကို ဖယ်ရှားခြင်း၊ Home ဖန်သားပြင်ရှိ ထိုအက်ပ်ကို ဖိနှိပ်ထားပါ၊ Remove App ကိုနှိပ်ပြီးနောက် ၎င်းကို App Library တွင် သိမ်းဆည်းရန် Remove from Home Screen ကိုနှိပ်ပါ သို့မဟုတ် iPhone မှ အပြီးဖျက်သိမ်းရန် Delete App ကိုနှိပ်ပါ။

  • App Library နှင့် Home ဖန်သားပြင်မှ အက်ပ်တစ်ခုကို ဖျက်သိမ်းခြင်း၊ App Library ရှိ ထိုအက်ပ်ကို ဖိ၍နှိပ်ကာ Delete App ကိုနှိပ်ပြီးနောက် Delete ကိုနှိပ်ပါ။ (App Library တွင် သင်၏အက်ပ်များကိုရှာဖွေခြင်းကိုကြည့်ပါ။)

သင် စိတ်ကူးပြောင်းသွားလျှင် ဖယ်ရှားခဲ့သည့် အက်ပ်စ်များကို ပြန်လည်ဒေါင်းလုတ် လုပ်နိုင်သည်။

Home ဖန်သားပြင်မှ ကြားခံသုံးအက်ပ်များကို ဖယ်ရှားခြင်းအပြင် သင့် iPhone တွင်ပါရှိလာသည့် အောက်ပါ Apple အက်ပ်များကိုလည်း ဖယ်ရှားနိုင်ပါသည်။

မှတ်စု Home ဖန်သားပြင်မှ မူလပါရှိသည့်အက်ပ်ကို ဖယ်ရှားသည့်အခါ သက်ဆိုင်ရာအသုံးပြုသူအချက်အလက်များနှင့် ဖွဲ့စည်းပုံဖိုင်များလည်း ဖယ်ရှားပြီးဖြစ်မည်။ Home ဖန်သားပြင်မှ မူလပါရှိသောအက်ပ်များကို ဖယ်ရှားခြင်းသည် အခြားစနစ်အခြေခံလုပ်ငန်းပိုင်းတွင် သက်ရောက်မှုရှိနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင့် iOS 12၊ iOS 13၊ သို့မဟုတ် iPadOS စက်ပစ္စည်း သို့မဟုတ် Apple Watch တွင် ထည့်သွင်းထားသည့် Apple အက်ပ်စ်များကို ဖျက်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.