ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

အရန်ကူးယူမှုမှ iPhone သို့အကြောင်းအရာအားလုံးကိုပြန်လည်ရယူခြင်း

အရန်ကူးယူမှုတစ်ခုမှ အကြောင်းအရာ၊ ချိန်ညှိမှုများနှင့် အက်ပ်စ်များကို အသစ် သို့မဟုတ် အချက်အလက်များဖျက်ထားကာစ iPhone ထဲသို့ ပြန်လည်သိမ်းဆည်းနိုင်သည်။

အရေးကြီးသော iPhone ၏အရန်ကူးယူထားမှုတစ်ခုကို သင်အရင်ဆုံး ဖန်တီးထားရမည်။ iPhone ကို အရန်ကူးယူထားခြင်း ကိုကြည့်ပါ။

iCloud အရန်ကူးယူမှုတစ်ခုမှ iPhone ကို အရင်ပုံစံအတိုင်းပြန်လည်ထားရှိခြင်း

  1. အသစ် သို့မဟုတ် အချက်အလက်များဖျက်ပြီးခါစ iPhone ကိုဖွင့်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Set Up Manually ကိုနှိပ်ပါ၊ iCloud Backup မှ Restore ကိုနှိပ်ပါ၊ ထို့နောက်ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်းလိုက်နာပါ။

    • သင့်တွင်နောက်ထပ် iOS 11 ၊ iPadOS 13 သို့မဟုတ် နောက်ပိုင်းထွက်မော်ဒယ်ပါသော iPhone၊ iPad သို့မဟုတ်iPod touch တို့ရှိလျှင်သင်၏စက်ပစ္စည်းအသစ်ကို အလိုအလျောက် အစပျိုးလုပ်ဆောင်ရန် Quick Start ကိုသုံးနိုင်သည်။ စက်ပစ္စည်းနှစ်ခုကို ကပ်လျက်ထား၍ သင်၏ချိန်ညှိမှုများ၊ နှစ်သက်ရာများနှင့် iCloud Keychain များစွာကို လုံခြုံစိတ်ချစွာ ကူးယူနိုင်ရန် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။ သင်၏iCloud အရန်ကူးယူမှုမှသင်၏စက်ပစ္စည်းအသစ်သို့ကျန်ရှိသည့်သင်၏အချက်အလက်နှင့်အကြောင်းအရာကိုပြန်လည်သိမ်းဆည်းနိုင်သည်။

      သို့မဟုတ်၊ စက်ပစ္စည်းနှစ်မျိုးလုံးတွင် iOS 12.4 ၊ iPadOS 13 ၊ သို့မဟုတ်နောက်ပိုင်းရှိပါက၊ သင်၏အသစ်သို့ယခင်စက်ပစ္စည်းမှအချက်အလက်အားလုံးကိုကြိုးမဲ့လွှဲပြောင်းနိုင်သည်။ သင်၏စက်ပစ္စည်းများကိုအချင်းချင်းအနီးကပ်ထားပြီးရွှေ့ပြောင်းလုပ်ငန်းပြီးစီးသည်အထိလျှပ်စစ်နှင့်ချိတ်ဆက်ထားပါ။

Apple ID ကိုတောင်းဆိုခြင်းခံရမည်။ သင်၏ Apple ID ကိုမေ့သွားပါက၊ သင်၏Apple ID ဝက်ဘ်ဆိုဒ် ကိုပြန်လည်ရယူခြင်းကိုကြည့်ပါ။

ကွန်ပျူတာအရန်ကူးယူမှုတစ်ခုမှ iPhone ကို အရင်ပုံစံအတိုင်းပြန်လည်ထားရှိခြင်း

  1. USB ကိုသုံးခြင်း၊ သင်၏အရန်ကူးယူမှုပါရှိသည့်ကွန်ပျူတာသို့ အသစ် သို့မဟုတ် အချက်အလက်များဖျက်ပြီးခါစ iPhone ကိုချိတ်ဆက်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Mac တစ်ခုတွင် (macOS 10.15 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ)၊ Finder ဘေးဘက်တန်းတွင် သင့် iPhone ကိုရွေးချယ်ပါ၊ Trust ကိုနှိပ်ပါ၊ ထို့နောက် "Restore from this backup" ကိုနှိပ်ပါ။

    • Mac တစ်ခုတွင် (macOS 10.14 သို့မဟုတ် အစောပိုင်း အမျိုးအစားများ) သို့မဟုတ် Windows PC၊ iTunes အက်ပ် ကိုဖွင့်ပါ၊ iTunes ဝင်းဒိုးဘယ်ဘက်ထိပ်အနီးရှိ iPhone နှင့်တူသော ခလုတ်ကိုနှိပ်ကာ Summary ကိုနှိပ်ပါ၊ ထို့နောက် Restore Backup ကိုနှိပ်ပါ။

      မှတ်စု iTunes ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iTunes ၏နောက်ဆုံးထွက်ဗားရှင်းကို အဆင့်မြှင့်တင်ခြင်းကိုကြည့်ပါ။

  3. စာရင်းမှ အရန်ကူးယူမှုကိုရွေးချယ်ပါ၊ ထို့နောက် Continue ကိုနှိပ်ပါ။

သင်၏အရန်ကူးယူမှုသည် လျှို့ဝှက်သိမ်းဆည်းထားပါက သင်၏ဖိုင်များနှင့်ချိန်ညှိမှုများကို အရင်ပုံစံအတိုင်း ပြန်လည်ရယူခြင်းမပြုမီ လျှို့ဝှက်ကုဒ်ကိုဖြည့်ရမည်။

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် အရန်ကူးယူထားမှုတစ်ခုမှ သင်၏ iPhone၊ iPad၊ သို့မဟုတ် iPod touch အား အရင်ပုံစံအတိုင်း ပြန်လည်ထားရှိခြင်း နှင့် သင့် iPhone၊ iPad၊ သို့မဟုတ် iPod touch အား အဆင့်မမြှင့်တင်နိုင်လျှင် သို့မဟုတ် အရင်ပုံစံအတိုင်း ပြန်လည်မထားရှိနိုင်လျှင်ကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.