ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone အတွက် အားသွင်းပလတ်ခေါင်းများ

ထို့အပြင် iPhone ကို အားသွင်းကြိုး (ဖုန်းတွင်ပါသည်) နှင့် တွဲဖက်သုံးနိုင်သည့် အားသွင်းပလတ်ခေါင်း (သီးသန့်ရောင်းချသည်) ကိုသုံး၍ မီးပလတ်ပေါက်နှင့် ချိတ်ဆက်နိုင်သည်။

iPhone ကိုအားသွင်းရန် အောက်ပါ Apple USB အားသွင်းပလတ်ခေါင်းကိုသုံးနိုင်သည်။ အရွယ်အစားနှင့်ပုံစံသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ပြောင်းလဲနိုင်ပါသည်။

Apple 20W USB-C အားသွင်းပလတ်ခေါင်း

Apple 20-ဝပ် USB-C အားသွင်းပလတ်ခေါင်း။

မှတ်စု အမြန်အားသွင်းရန်အတွက် iPhone 12၊ iPhone SE (3rd generation)နှင့် နောက်ပိုင်းအမျိုးအစားများတွင် Apple 20W USB အားသွင်းပလတ်ခေါင်းကဲ့သို့ အနည်းဆုံးလျှပ်စစ်ထွက်အား ဝပ် 20 ရှိသည့်အားသွင်းပလတ်ခေါင်းတစ်ခုလိုအပ်ပါသည်။ ကြားခံ အားသွင်းပလတ်ခေါင်းတစ်ခုကိုသုံးပါက အောက်ပါထောက်ခံထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသင့်ပါသည်၊

  • ကြိမ်နှုန်း၊ 50 မှ 60 Hz ထိ၊ ဓာတ်အားတစ်ခုတည်းစီးဝင်မှုစနစ်

  • လျှပ်စစ်ဗို့အား၊ 100 မှ 240 VAC ထိ

  • လျှပ်စစ်ထွက်အား/လျှပ်စစ်၊ 9 VDC/2.2 A

  • အနည်းဆုံးလျှပ်စစ်ထွက်အား၊ 20 W

  • လျှပ်စစ်ထွက်အားအပေါက်၊ USB-C

Apple 18W USB-C အားသွင်းပလတ်ခေါင်း

Apple 18-ဝပ် USB-C အားသွင်းပလတ်ခေါင်း။

Apple 5W USB အားသွင်းပလတ်ခေါင်း

Apple 5-ဝပ် USB အားသွင်းပလတ်ခေါင်း။

iPhone ကိုအားသွင်းရန် iPad နှင့် Mac လက်တော့ပ်များအတွက်သုံးသည့် Apple USB အားသွင်းပလတ်ခေါင်းများကိုလည်း သုံးနိုင်၍ နိုင်ငံ၏စည်းမျဉ်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘေးကင်းစိတ်ချရေးစံညွှန်းတို့နှင့်ကိုက်ညီသည့် ကြားခံအားသွင်းပလတ်ခေါင်းများကိုလည်း သုံးနိုင်ပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.