ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို ပြင်ပသိမ်းဆည်မှုစက်ကိရိယာနှင့် ချိတ်ဆက်ခြင်း

USB ဒရိုက်များနှင့် SD ကတ်များကဲသို့ သင်၏iPhone နှင့်ချိတ်ဆက်ထားသော ပြင်ပသိမ်းဆည်းမှုစက်ကိရိယာများတွင် ထည့်သွင်းသိမ်းဆည်းထားသော ဖိုင်များကိုဝင်ရောက်ကြည့်ရှုရန် Files အက်ပ် နှင့် အခြားထောက်ပံ့မှုရအက်ပ်များကို အသုံးပြုနိုင်သည်။

USB ဒရိုက်သို့မဟုတ် SD ကတ်ဖတ်စက်တစ်ခုကို ချိတ်ဆက်ခြင်း

  1. တွဲဖက်အသုံးပြုနိုင်သည့် ချိတ်ဆက်ခေါင်း သို့မဟုတ် ကြားခံပလတ်ခေါ်ငးတို့ကိုအသုံးပြု၍ USB ဒရိုက် သို့မဟုတ် SD ကတ်ဖတ်စက်ကို သင်၏ iPhone ရှိ အားသွင်းပေါက်တွင်ချိတ်ဆက်ပါ။

    USB ကင်မရာကြားခံပလတ်ခေါင်းချိတ်ဆက် Lightning ၊ USB 3 ကင်မရာကြားခံပလတ်ခေါင်းချိတ်ဆက် Lightning သို့မဟုတ် SD ကတ်ကင်မရာဖတ်ကိရိယာချိတ်ဆက် Lightning (ထိုကိရိယာအားလုံးသည် သီးသန့်စီရောင်းချပါသည်) တို့ကို လိုအပ်နိုင်သည်။

    မှတ်စု ဒေတာသိုလှောင်စက်ကိရိယာတစ်ခုသည် အချက်အလက်သိမ်းဆည်းမှုအကန့်တစ်ခုတည်းသာ ပါရှိပြီ APFS၊ APFS (ကုဒ်ဝှက်ထားသော)၊ macOS Extended (HFS+)၊ exFAT (FAT64)၊ FAT32, သို့မဟုတ် FAT ပုံစံအဖြစ် အချိုးအစားပြောင်းလဲထားသည်။ ဒေတာသိုလှောင်စက်ကိရိယာတစ်ခု၏ပုံစံအချိုးအစားပြင်ဆင်မှုကိုပြောင်းလဲရန် Mac သို့မဟုတ် PC ကိုအသုံးပြုပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • ကတ်ဖတ်စက်တစ်ခုထဲသို့ SD မှတ်ဉာဏ်ကတ်ကို ထည့်သွင်းပါ၊ ကတ်ဖတ်စက်အပေါက်ထဲသို့ ကတ်ကိုအတင်းထိုးမထည့်ပါနှင့်၊ အံကိုက်ဝင်သွားပါလိမ့်မည်။

      မှတ်စု မှတ်ဉာဏ်ကတ်ထဲမှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Photos အက်ပ်ထဲသို့ တိုက်ရိုက်ပြောင်းရွှေ့ထည့်သွင်းနိုင်သည်။ iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကိုထည့်သွင်းခြင်း ကိုကြည့်ပါ။

    • ဒရိုက် သို့မဟုတ် မှတ်ဉာဏ်ကတ်၏ ပါဝင်မှုပမာဏကို ကြည့်ပါ၊ ထောက်ပံ့ပေးထားသောအက်ပ်တစ်ခုတွင် (ဥပမာအနေဖြင့် Files) ဖန်သားပြင်အောက်ခြေရှိ Browse ခလုတ်ကိုနှိပ်ကာ Locations အောက်ရှိ စက်ကိရိယာအမည်ကိုနှိပ်ပါ။ Locationsကိုမမြင်ရပါက၊ ဖန်သားပြင်အောက်ခြေရှိ Browse ကိုထပ်မံနှိပ်ပါ။

    • ဒရိုက် သို့မဟုတ် ကတ်ဖတ်စက်ချိတ်ဆက်မှုကိုဖြုတ်ပါ။ iPhone ရှိ အားသွင်းပေါက်မှ ၎င်းကိုဖယ်ရှားပါ။

မှတ်စု Lightning ချိတ်ဆက်ထားသော USB 3 ကင်မရာချိတ်ဆက်ကိရိယာကို USB အားသွင်းပလတ်ခေါင်းတစ်ခုဖြင့် အားသွင်းနိုင်သည်။ ထိုကဲ့သို့အားသွင်းပါက ပြင်ပ USB သိုလှောင်ပစ္စည်းများကဲ့သို့သော ပိုမိုမြင့်မားသည့်စွမ်းအင်မျိုးလိုအပ်သည့် စက်ပစ္စည်းများနှင့် iPhone တို့ကိုချိတ်ဆက်နိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.