ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင်အီးမေးလ်းကို စစ်ဆေးခြင်း

Mail အက်ပ် တွင် အီးမေးလ်များကိုဖတ်နိုင်ခြင်း၊ အဆက်အသွယ်များကိုထည့်နိုင်ခြင်း ပြီးလျှင် အီးမေးလ်တစ်စောင်ကို ဖွင့်မကြည့်ဘဲ ၎င်းတွင်ပါရှိသည့်အကြောင်းအရာကို နမူနာကြည့်နိုင်သည်။

Inbox တွင် email စာရင်းကိုတွေ့နိုင်သည်။ နောက်စာတိုက်ပုံးတစ်ခုသို့ ပြောင်းရွှေ့ရန် ဘယ်ဘက်ထိပ်ထောင့်တွင် Mailboxes ခလုတ် ရှိသည်။ email များကို ဖျက်သိမ်းခြင်း၊ နေရာပြောင်းခြင်း သို့မဟုတ် မှတ်သားခြင်းများပြုလုပ်ရန် ညာဘက်ထိပ်ထောင့်တွင် Edit ခလုတ် ရှိသည်။ email များကို အမျိုးအစားအလိုက် သီးသန့်ဖြစ်စေရန်အတွက် စိစစ်ခွဲထုတ်ရန် ဘယ်ဘက်အောက်ထောင့်တွင် ခလုတ်ရှိသည်။ Email အသစ်တစ်စောင် ရေးရန်အတွက် ညာဘက်အောက်ထောင့်တွင် ခလုတ်ရှိသည်။

အီးမေးလ်တစ်ခုကို ဖတ်ရှုခြင်း

စာတိုက်ပုံးစာရင်းတွင် ဖတ်လိုသည့်အီးမေးလ်ကိုနှိပ်ပါ။

နောက်မှ ပြန်လည်အီးမေးလ်ပို့ရန် Remind Me ကိုအသုံးပြုခြင်း

အီးမေးလ်တစ်စောင်ကို ချက်ချင်းကိုင်တွယ်ရန် အချိန်မရှိပါက သတိပေးချက်လက်ခံရရှိရန် အချိန်နှင့်ရက်စွဲကို သတ်မှတ်နိုင်ပြီး သင့် Inbox ၏ထိပ်သို့ မက်ဆေ့ချ်ကို ပြန်လည်ပေးပို့နိုင်ပါသည်။

Reply ခလုတ်ကိုနှိပ်ပါ၊ Remind Me ကိုနှိပ်ပါ၊ ထို့နောက် သတိပေးစေချင်သည့် အချိန်ကို ရွေးချယ်ပါ။

အီးမေးလ်တစ်စောင်နှင့် ရွေးချယ်စရာများစာရင်းကို နမူနာကြည့်ခြင်း

အီးမေးလ်ပါအကြောင်းအရာကို သိလိုသော်လည်း အလုံးစုံဖွင့်မကြည့်ချင်ပါက နမူနာသဘောကြည့်ရှုနိုင်ပါသည်။ စာတိုက်ပုံးစာရင်းအတွင်း ပါဝင်သည့်အရာများကို နမူနာကြည့်ရန်နှင့်စာပြန်ခြင်း၊ စာဖိုင်တွဲခြင်း စသည်တို့အတွက် ရွေးချယ်စရာများစာရင်းကိုကြည့်ရှုရန် အီးမေးလ်ကို ထိနှိပ်ထားပါ။ iPhone တွင် လျင်မြန်သည့်လုပ်ဆောင်ချက်များကိုပြုလုပ်ခြင်း ကိုကြည့်ပါ။

အီးမေးလ်တိုင်းအတွက် ယခုထက်ရှည်သော နမူနာကိုပြစေခြင်း

သင့်၏စာတိုက်ပုံးစာရင်းတွင် email တစ်ခုချင်းစီအတွက် ပုံသေအားဖြင့်စာသားနှစ်ကြောင်းကို Mail ကဖော်ပြသည်။ သင့်အနေဖြင့် email ကို ဖွင့်စရာမလိုဘဲ စာကြောင်းများကို ထပ်မံကြည့်ရှုရန်ရွေးချယ်နိုင်သည်။

Settings  > Mail > Preview သို့သွား၍ စာငါးကြောင်းထိရွေးချယ်ပါ။

အပြန်အလှန်ပြောဆိုထားခြင်း အားလုံးကိုပြခြင်း

Settings  > Mail သို့သွား၍ Organize by Thread ကိုဖွင့်ပါ (Threadingအောက်တွင်)။

အကြံပြုချက် Settings > Mail ထဲတွင် ထိပ်ဆုံးမှာ Collapse Read Messages သို့မဟုတ် Most Recent Message ထားခြင်း ကဲ့သို့သော—အခြားချိန်ညှိမှုများကို ပြောင်းလဲနိုင်သည်။

Inbox ထဲတွင် To နှင့် Cc အညွှန်းတို့ကိုပြခြင်း

Settings  > Mail သို့သွားပြီးနောက် Show To/Cc Labels ကိုဖွင့်ပါ (Message စာရင်းအောက်တွင်)။

သင့်ထံလိပ်မူလာသော လိပ်စာရှင်အားလုံးကို စုမှတ်ထားသော To/Cc စာတိုက်ပုံးကိုလည်း အသုံးပြုနိုင်သည်။ ၎င်းကို ပြသရန် သို့မဟုတ် ဖျောက်ထားရန် Mail အက်ပ်၏ ဘယ်ဘက်အပေါ်ထောင့်ရှိ Back ခလုတ် ကိုနှိပ်ပါ၊ Editကို နှိပ်ပါ၊ ထို့နောက် “To or Cc”ကိုရွေးချယ်ပါ။

တစ်ယောက်ယောက်ကို သင့်ဆက်သွယ်မှုစာရင်းထဲသို့ထည့်သွင်းခြင်း သို့မဟုတ် VIP တစ်ယောက်အဖြစ် သတ်မှတ်ခြင်း

Email တွင် လူတစ်ဦး၏အမည် သို့မဟုတ် email လိပ်စာကိုနှိပ်ပါ၊ ပြီးလျှင် အောက်ပါတို့အနက်တစ်ခုခုကိုလုပ်ပါ၊

  • သင့်၏ အဆက်အသွယ်များသို့ ထည့်သွင်းပါ၊ Create New Contact သို့မဟုတ် Add to Existing Contact ကိုနှိပ်ပါ။

    ဖုန်းနံပါတ်၊ အခြား email လိပ်စာများ၊ စသည်တို့ကို ထည့်သွင်းနိုင်သည်။

  • သင်၏ VIP စာရင်းသို့ ထည့်သွင်းပါ၊ Add to VIP ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.