ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

VoiceOver ကိုအသုံးပြုကာ မျက်မမြင်စာကို iPhone ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်စာရိုက်ပါ။

မျက်မမြင်စာဖန်သားပြင်တွင်ထည့်သွင်းမှုကို ဖွင့်ထားလျှင် မျက်မမြင်စာရိုက်ခလုတ်ခုံကိုယ်ထည်မရှိသော်လည်း iPhone ဖန်သားပြင်ပေါ်သို့ အစက်ခြောက်စက်မျက်မမြင်စာ သို့မဟုတ် ချုံ့ထားသည့်မျက်မမြင်စာများကို လက်ချောင်းသုံး၍ တိုက်ရိုက် ထည့်သွင်းနိုင်သည်။

ဖန်သားပြင်ပေါ်မျက်မမြင်စာရိုက်ခြင်း

  1. Braille Screen Input သို့ ရိုတာကိုစီစဉ်ခြင်း။

    ရိုတာထဲတွင် Braille Screen Input ကို မမြင်ရပါက Settings  > Accessibility > VoiceOver > Rotor သို့သွားပါ၊ ထို့နောက် အဆိုပါစာရင်းမှ ၎င်းကိုရွေးချယ်ပါ။

  2. အောက်ပါအနေအထားများထဲမှာ အနေအထားတစ်ခုအတိုင်း iPhone ကိုနေရာချထားရန်၊

    • စားပွဲမျက်နှာပြင်ပုံစံ၊ သင့်ရှေ့တွင် iPhone ကိုအပြားလိုက်ချထားပါ။

    • ဖန်သားပြင်ကျောပေးထားသည့် ပုံစံ၊ မိမိဘက်ကို iPhone ကိုကျောပေးထားပြီး လက်ချောင်းများကို နောက်သို့ကွေး၍ ဖန်သားပြင်ကိုနှိပ်ပါ။

  3. တစ်ချိန်တည်းမှာ လက်ချောင်းတစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ ဖန်သားပြင်ကို နှိပ်ခြင်းဖြင့် မျက်မမြင်အက္ခရာများကို ရိုက်ထည့်ပါ။

    အကြံပြုချက် iPhone က အစက်များဖတ်သံထွက်ရန်၊ အစက်များကိုဖိပြီးထိန်းထားပါ၊ ထို့နောက် အချိန်သတ်မှတ်ထားသည့် အသံများနှင့်ကြေညာချက်ကို ကြားလျှင် ထိုအစက်များကို လွှတ်လိုက်ပါ။

    အစက်များကို သင့်လက်ချောင်းအနေအထားနှင့်ကိုက်ညီသည့်ပုံစံဖြစ်စေရန် အစက်1၊ 2 နှင့် 3 အတွက် သင့်ဘယ်လက်သုံးချောင်းဖြင့် နှိပ်ပြီးသည်နှင့်တစ်ပြိုင်နက် ညာလက်သုံးချောင်းဖြင့် တစ်ချိန်တည်းမှာ အစက် 4၊ 5 နှင့် 6 နေရာသို့နှိပ်ပြီး မ လိုက်ပါ။

    အောက်ပါလုပ်ဆောင်မှုများကို လုပ်ဆောင်ရန် လက်ဟန်များကိုလည်း အသုံးပြုနိုင်သည်၊

    လုပ်ဆောင်မှု

    လက်ဟန်

    နေရာလပ်တစ်ခုခြားခြင်း

    လက်တစ်ချောင်းဖြင့် ညာသို့ပွတ်ဆွဲပါ - ဖန်သားပြင်ကျောပေးထားသည့် ပုံစံတွင် သင်၏ ညာသို့ပွတ်ဆွဲပါ

    ယခင်အက္ခရာကိုဖျက်ခြင်း

    လက်ချောင်းတစ်ချောင်းဖြင့် ဘယ်သို့ရွှေ့ပါ

    စာကြောင်းအသစ်တစ်ကြောင်းသို့ သွားခြင်း

    လက်ချောင်းနှစ်ချောင်းဖြင့် ညာသို့ရွှေ့ပါ

    စာလုံးပေါင်းအကြံပြုချက်များမှတစ်ဆင့် လည်ပတ်ခြင်း

    လက်ချောင်းတစ်ချောင်းဖြင့် အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပါ

    ပြန်လည်ပို့ဆောင်မှုတစ်ခုရိုက်ခြင်း သို့မဟုတ် မက်ဆေ့ချ်ပို့ခြင်း (Messages တွင်)

    လက်ချောင်းသုံးချောင်းနှင့် အပေါ်သို့ရွှေ့ပါ

    မျက်မမြင်စာစနစ်များမှတစ်ဆင့် လည်ပတ်ခြင်း

    လက်ချောင်းသုံးချောင်းဖြင့် ဘယ် သို့မဟုတ် ညာသို့ရွှေ့ပါ

    ချက်ချင်းဘာသာပြန်ခြင်း (ချုံ့ထားမှုများဖွင့်ထားသည့်အခါ)

    လက်ချောင်းနှစ်ချောင်းဖြင့် အောက်သို့ရွှေ့ပါ

    နောက် စာရိုက်ခလုတ်ခုံကို ပြောင်းခြင်း

    လက်ချောင်းနှစ်ချောင်းဖြင့် အပေါ်သို့ရွှေ့ပါ

  4. Braille Screen Input မှ ထွက်ရန် လက်ချောင်းနှစ်ချောင်းပွတ်ခြင်းကိုလုပ်ပါ၊ (လက်ချောင်းနှစ်ချောင်းကို ရှေ့နောက် သုံးကြိမ်လျှင်မြန်စွာရွှေ့ပြီး “z” ပုံစံလုပ်ပါ) သို့မဟုတ် နောက်ချိန်ညှိမှုတစ်ခုသို့ ရိုတာကိုချိန်ညှိပါ။

Braille Screen Input ချိန်ညှိမှုများကို ပြောင်းလဲခြင်း

  1. Settings  > Accessibility > VoiceOver > Braille > Braille Screen Input သို့သွားပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • အစက်ခြောက်စက် သို့မဟုတ် ချုံ့ထားသည့် မျက်မမြင်စာကို ပုံသေအဖြစ်သတ်မှတ်ပါ။

    • အစက်ခြောက်စက်မျက်မမြင်စာအတွက် အစက်နေရာများကိုဆန့်ကျင်ဘက်လုပ်ပါ။

  3. Braille Screen Input ကို ဖွင့်ထားသည့်အခါ သင်လုပ်ဆောင်နိုင်သော ညွှန်ကြားချက်များနှင့် လက်ဟန်များကို ကြည့်ရန် သို့မဟုတ် ပြင်ဆင်ရန် Settings > Accessibility > VoiceOver > Commands > Braille Screen Input သို့သွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.