ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဝက်ဘ်ဆိုက်များနှင့် အက်ပ်များသို့ အကောင့်ဝင်ရောက်ရန် လျှို့ဝှက်ကုဒ်များ အသုံးပြုခြင်း

သင့် iPhone ရှိ ထောက်ပံ့ထားသော ဝက်ဘ်ဆိုက်များနှင့် အက်ပ်များသို့ အကောင့်ဝင်ရောက်ရန် အသုံးပြုသော လျှို့ဝှက်နံပါတ်များကို အစားထိုးသုံးရန် လျှို့ဝှက်ကုဒ်များကို ဖန်တီး၍ သိမ်းဆည်းနိုင်သည်။

လျှို့ဝှက်ကုဒ်များက စကားဝှက်များထက် ပိုလုံခြုံစိတ်ချရသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို အကောင့်တစ်ခုစီအတွက် သင့်ကိုယ်ပိုင်စက်ပစ္စည်းမှ သီးသန့်ထုတ်ပေးခြင်းဖြစ်ပြီး အလိမ်အညာရန်မှ ထိခိုက်နိုင်ခြေ နည်းစေသည်။ ထို့နောက် ၎င်းတို့သည် Apple Account တစ်ခုတည်းသို့ သင်အကောင့်ဝင်ထားသည့် သင့်စက်ပစ္စည်းအားလုံးတွင် အလုပ်လုပ်နိုင်သည်။

ထို့အပြင် ဝက်ဘ်ဆိုက်များနှင့် အက်ပ်များသည် သင့်အကောင့်အတွက် လျှို့ဝှက်ကုဒ်များကို အလိုအလျောက် ဖန်တီးနိုင်သောကြောင့် နောက်တစ်ကြိမ် လက်မှတ်ထိုးဝင်သည့်အခါ ထိုလျှို့ဝှက်ကုဒ်များကို အသုံးပြုနိုင်သည်။

လျှို့ဝှက်နံပါတ်များ ကဲ့သို့ပင် လျှို့ဝှက်ကုဒ်များကို မည်သူမှ မမြင်နိုင်စေရန် (Apple အပါအဝင်) သင့် iCloud Keychain အတွင်း လျှို့ဝှက်သိမ်းဆည်းထားသည်။

မှတ်စု လျှိုဝှက်ကုဒ်များကို အသုံးပြုရန် iCloud Keychain နှင့် အထောက်အထားနှစ်ရပ် အတည်ပြုချက် ကိုဖွင့်ထားရမည်။

သင့် iPhone တွင် လျှို့ဝှက်ကုဒ် ဖန်တီးခြင်းနှင့် သိမ်းဆည်းခြင်း

ထောက်ပံ့ထားသော ဝက်ဘ်ဆိုက်များနှင့် အက်ပ်များအတွက် လျှို့ဝှက်ကုဒ်များကို ဖန်တီး၍ သိမ်းဆည်းနိုင်သည်။

မှတ်စု လျှို့ဝှက်ကုဒ် ဖန်တီးခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ ညွှန်ကြားချက်များသည် အက်ပ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ရှာဖွေမှုဆိုက်ကို မူတည်၍ ကွဲပြားနိုင်သော်လည်း ၎င်းတို့တွင် အောက်ပါတို့နှင့် ဆင်တူသော လုပ်ဆောင်ရန်အဆင့်များ ပါရှိလေ့ရှိသည်။

  1. သင့် iPhone ရှိ ထောက်ပံ့ထားသော ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုအတွက် အကောင့်ဝင်ရောက်ရန် ဖန်သားပြင်ကို သွား၍ အောက်ပါတို့အနက် တစ်ခုကို လုပ်ပါ၊

    • အကောင့်သစ်တစ်ခု စီမံမည်ဆိုပါက၊ အကောင့်သစ်များ စီမံခြင်းအတွက် ခလုတ် သို့မဟုတ် လင့်ကို နှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ် ညွှန်ကြားချက်များကို လိုက်နာပါ။

    • သင့်တွင် လက်ရှိအကောင့်တစ်ခု ရှိပြီးသား ဖြစ်ပါက၊ သင်၏ အကောင့်အမည်နှင့် စကားဝှက်ဖြင့် ဝင်ရောက်ပါ၊ ထို့နောက် အကောင့်စီမံခန့်ခွဲမှု ဖန်သားပြင်ပေါ်သို့သွားပါ။

  2. အကောင့်တစ်ခုအတွက် သော့တံတစ်ချောင်းကို သိမ်းရန် ရွေးချယ်စရာကိုကြည့်သည့်အခါ Continue ကိုနှိပ်ပါ။

    သင်၏သော့တံကို သိမ်းဆည်းထားသည်။

    မှတ်စု လျှို့ဝှက်ကုဒ် ရွေးချယ်စရာကို မတွေ့ပါက ဤဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်က လက်ရှိတွင်လျှို့ဝှက်ကုဒ် ထောက်ပံ့မပေးသည့် အဓိပ္ပာယ်ဖြစ်သည်။

သင်ဖန်တီးထားသည့် လျှို့ဝှက်ကုဒ်များကို သင့် iPhone ထဲရှိ Passwords အက်ပ်တွင် သိမ်းဆည်းထားသည်။

တူညီသော ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်အတွက် စကားဝှက် နှင့် လျှို့ဝှက်နံပါတ်ထားရှိနိုင်ပြီး ၎င်းတို့ကို Passwords အက်ပ်အတွင်း အကောင့်တစ်ခုတည်းအောက်တွင် တွေ့ရှိနိုင်သည်။

လျှို့ဝှက်ကုဒ်ကို ဟာ့ဒ်ဝဲလ် လုံခြုံရေးသော့သို့လည်း သိမ်းဆည်းနိုင်သည်။ “Other options” ၊“Save on another device” သို့မဟုတ် အလားတူ (ရနိုင်လျှင်) ကိုနှိပ်ပါ၊ ထို့နောက် လျှို့ဝှက်ကုဒ် သိမ်းဆည်းခြင်းဆိုင်ရာ ဖန်သားပြင်ပေါ် ညွှန်ကြားချက်များကို လိုက်နာပါ။ သင်၏ Apple Account အကောင့်သို့ဝင်ရန် လုံခြုံရေးသော့များကို အသုံးပြုခြင်းကိုကြည့်ပါ။

သင့် iPhone ရှိ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုသို့ အကောင့်ဝင်ရောက်ရန် လျှို့ဝှက်ကုဒ် အသုံးပြုခြင်း

ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုအတွက် လျှို့ဝှက်ကုဒ် ဖန်တီး၍ သိမ်းဆည်းပြီးနောက် ထိုလျှို့ဝှက်ကုဒ် ကို သင်အကောင့်ဝင်ရောက်သည့်အခါတိုင်း အသုံးပြုနိုင်သည်။

မှတ်စု လျှို့ဝှက်ကုဒ်ဖြင့် အကောင့်ဝင်ရောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်များသည် အက်ပ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ရှာဖွေမှုဆိုက်ကို မူတည်၍ ကွဲပြားနိုင်သော်လည်း ၎င်းတို့တွင် အောက်ပါတို့နှင့် ဆင်တူသော လုပ်ဆောင်ရန်အဆင့်များ ပါရှိလေ့ရှိသည်။

  1. သင့် iPhone ရှိ ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်တစ်ခုအတွက် ဖန်သားပြင်ဝင်ရောက်မှုတွင် ထိုအကောင့် အမည် နယ်ပယ်ကိုနှိပ်ပါ။

  2. ဖန်သားပြင်အောက်ခြေ သို့မဟုတ် စာရိုက်ခလုတ်ခုံထိပ်အနီးရှိ အကြံပေးထားသည့်အကောင့်နာမည်ကိုနှိပ်ပါ။ အကောင့်အမည် မပေါ်လာပါက သို့မဟုတ် မတူညီသော အခြားတစ်ခုကို အသုံးပြုလိုပါက ၎င်းကို ထည့်သွင်းပါ။

  3. အကောင့်ဝင်ရောက်ခြင်း ပြီးစီးရန် Face ID သို့မဟုတ် Touch ID ကိုအသုံးပြုပါ။ သင့် iPhone တွင် Face ID သို့မဟုတ် Touch ID ကို မစီမံထားပါက သင့်စက်ပစ္စည်း လျှို့ဝှက်ကုဒ် (သင့် iPhone ကို သော့ဖွင့်ရန် အသုံးပြုသည့် ကုဒ်) ကို ထည့်ပါ။

    သင်သိမ်းဆည်းထားသည့် လျှို့ဝှက်ကုဒ်သည် အကောင့်ဝင်ရောက်မှုကို အလိုအလျောက် ပြီးမြောက်စေသည်။

အခြားစက်ပစ္စည်းတွင် အကောင့်ဝင်ရောာက်ရန် သင့် iPhone တွင် သိမ်းဆည်းထားသော လျှို့ဝှက်ကုဒ်ကို အသုံးပြုခြင်း

သင့် Apple Account နှင့် မသက်ဆိုင်သော စက်ပစ္စည်းတစ်ခု (အများသုံး စာကြည့်တိုက်၊ အင်တာနက်ဆိုင် သို့မဟုတ် သူငယ်ချင်းအိမ်ရှိ ကွန်ပျူတာ ကဲ့သို့) ကို အသုံးပြု၍ သင့်တွင် iPhone ပါလာပါက သင်ဖန်တီးထားသည့် လျှို့ဝှက်ကုဒ်များကို အသုံးပြု၍ ထိုစက်ပစ္စည်းရှိ ဝက်ဘ်ဆိုက်များ သို့မဟုတ် အက်ပ်များသို့ အကောင့်ဝင်ရောက်နိုင်သည်။

မှတ်စု အခြားစက်ပစ္စည်းပေါ်တွင် လျှို့ဝှက်ကုဒ်အသုံးပြုခြင်းဆိုင်ရာ ညွှန်ကြားချက်များသည် အက်ပ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ရှာဖွေမှုဆိုက်ကို မူတည်၍ ကွဲပြားနိုင်သော်လည်း ၎င်းတို့တွင် အောက်ပါတို့နှင့် ဆင်တူသော လုပ်ဆောင်ရန်အဆင့်များ ပါရှိလေ့ရှိသည်။

  1. အခြားစက်ပစ္စည်းပေါ်တွင် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သို့ သွား၍ အကောင့်ဝင်ရောက်ရန် ဖန်သားပြင်ပေါ်ရှိ အကောင့်အမည် ကွက်လပ်တွင် သင်၏ သုံးစွဲသူအမည်ကို ထည့်ပါ။

  2. "Other options"၊ "Passkey from nearby device" သို့မဟုတ် အလားတူကို ရွေးချယ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ QR ကုတ်ကိုပြရန် ဖန်သားပြင်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါ။

  3. QR ကုဒ်ကိုစကန်ဖတ်ရန်သင့် iPhone ကင်မရာကိုသုံးပါ။

    iCloud Keychain သို့ သိမ်းဆည်းထားသည့် လျှို့ဝှက်ကုဒ်သည် အကောင့်ဝင်ရောက်မှုကို အလိုအလျောက် ပြီးမြောက်စေသည်။

သင့်ပိုင်ဆိုင်မှုမဟုတ်သည့် စက်ပစ္စည်းတစ်ခုတွင် လျှို့ဝှက်ကုဒ်တစ်ခု ဖန်တီးခြင်း

သင့်တွင် iPhone ပါလာပါက သင့် Apple Account နှင့် မသက်ဆိုင်သော စက်ပစ္စည်းတစ်ခု (အများသုံး စာကြည့်တိုက်၊ အင်တာနက်ဆိုင် သို့မဟုတ် သူငယ်ချင်းအိမ်ရှိ ကွန်ပျူတာကဲ့သို့) ကို အသုံးပြုနေစဉ်အတွင်း လျှို့ဝှက်ကုဒ်တစ်ခု ဖန်တီး၍ ထို လျှို့ဝှက်ကုဒ်ဖန်တီးရန် အသုံးပြုခဲ့သည့်စက်ပစ္စည်းအစား iCloud Keychain တွင် သိမ်းဆည်းနိုင်သည်။

မှတ်စု လျှို့ဝှက်ကုဒ် ဖန်တီးခြင်းဆိုင်ရာ ညွှန်ကြားချက်များသည် အက်ပ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ရှာဖွေမှုဆိုက်ကို မူတည်၍ ကွဲပြားနိုင်သော်လည်း ၎င်းတို့တွင် အောက်ပါတို့နှင့် ဆင်တူသော လုပ်ဆောင်ရန်အဆင့်များ ပါရှိလေ့ရှိသည်။

  1. အခြားစက်ပစ္စည်းတွင် ထောက်ပံ့ထားသော ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုအတွက် အကောင့်ဝင်ရောက်ရန် စာမျက်နှာကို သွား၍ အောက်ပါတို့အနက် တစ်ခုကို လုပ်ပါ၊

    • အကောင့်သစ်တစ်ခု စီမံမည်ဆိုပါက၊ အကောင့်သစ်များ စီမံခြင်းအတွက် ခလုတ် သို့မဟုတ် လင့်ကို နှိပ်ပါ၊ ထို့နောက် သုံးစွဲသူအမည်အသစ်တစ်ခုထည့်သွင်းပါ။

    • သင့်တွင် အကောင့်တစ်ခု ရှိပြီးသား ဖြစ်ပါက၊ သင်၏ အကောင့်အမည်နှင့် စကားဝှက်ဖြင့် ဝင်ရောက်ပါ၊ ထို့နောက် အကောင့်စီမံခန့်ခွဲမှု ဖန်သားပြင်ပေါ်သို့သွားပါ။

  2. အကောင့်အတွက် သော့တံတစ်ချောင်းကို သိမ်းရန် ရွေးချယ်စရာကို တွေ့သည့်အခါ “Other options”၊ “Save on another device” သို့မဟုတ် အလားတူ (Continue အစား)ကိုရွေးပါ။

    မှတ်စု လျှို့ဝှက်ကုဒ် ရွေးချယ်စရာကို မတွေ့ပါက ဤဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်က လက်ရှိတွင်လျှို့ဝှက်ကုဒ် ထောက်ပံ့မပေးသည့် အဓိပ္ပာယ်ဖြစ်သည်။

  3. “Save a passkey on a device with a camera,” သို့မဟုတ် အလားတူကိုရွေးပါ၊ ထို့နောက် ဖန်သားပြင်ပေါ်တွင် QR ကုတ်ကိုပြရန် ဖန်သားပြင် ညွှန်ကြားချက်များအတိုင်းလိုက်နာပါ။

  4. QR ကုဒ်ကိုစကန်ဖတ်ရန်သင့် iPhone ကင်မရာကိုသုံးပါ။

    လျှို့ဝှက်ကုဒ်ကို သင့် iPhone နှင့် iCloud Keychain သို့ သိမ်းဆည်းထားသည်။

လျှို့ဝှက်ကုဒ် ပြောင်းလဲခြင်း

ရှိပြီးသား လျှို့ဝှက်ကုဒ်(ဥပမာ သင် ခွင့်မပြုလိုတော့သော တစ်စုံတစ်ဦးနှင့် ယခင်ကမျှဝေခဲ့သော လျှို့ဝှက်ကုဒ်)ကို အစားထိုးရန်အတွက် လျှို့ဝှက်ကုဒ်အသစ်တစ်ခုဖန်တီးရန် လိုအပ်နိုင်သည်။

လျှို့ဝှက်ကုဒ်ကို ပြောင်းလဲရန် လျှို့ဝှက်ကုဒ်ဖန်တီး၍ သိမ်းဆည်းခြင်း သို့မဟုတ် သင့်ပိုင်ဆိုင်မှုမဟုတ်သည့် စက်ပစ္စည်းတစ်ခုတွင် လျှို့ဝှက်ကုဒ်တစ်ခု ဖန်တီးခြင်းထဲရှိ ရှိပြီးသားအကောင့်အတွက် လုပ်ဆောင်ရန်အဆင့်များ ကိုလိုက်နာပါ။

လျှို့ဝှက်ကုဒ်တစ်ခုကို ဖျက်ခြင်း

  1. သင့် iPhone ရှိ Passwords အက်ပ် ကိုသွားပါ။

  2. Passkeys ကိုနှိပ်ပါ၊ ထို့နောက် သင်ဖျက်လိုသည့် လျှို့ဝှက်ကုဒ်အတွက် အကောင့်ကိုနှိပ်ပါ။

  3. Edit ကိုနှိပ်ပါ။

  4. Delete ကိုနှိပ်ပါ၊ ထို့နောက် အတည်ပြုရန် Delete Passkey ကိုနှိပ်ပါ။

လျှို့ဝှက်ကုဒ်တစ်ခုကို ဖျက်လိုက်ပါက အသစ်တစ်ခုကို အချိန်မရွေး ဖန်တီးနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.