ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple News+ တွင် ဉာဏ်စမ်းပဟေဠိများကို ရှာဖွေခြင်း

Apple News+ ကို စာရင်းသွင်းရယူထားပါက စကားလုံးပဟေဠိ၊ စကားလုံးပဟေဠိအသေးစားQuartilesဆုဒိုကု နှင့် Emoji Game ပဟေဠိများကို နေ့စဥ် ဝင်ရောက်ကစားပြီး မော်ကွန်းတိုက်တွင် သိမ်းထားနိုင်သည်။ အချို့ပဟေဠိများသည် စာရင်းသွင်းမှုမရှိဘဲ မရရှိနိုင်ပါ။

မှတ်စု Apple News၊ Apple News+ နှင့် စကားဝှက်ပဟေဠိများသည် နိုင်ငံများအားလုံး သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

News အက်ပ်ထဲရှိ Puzzles စာမျက်နှာ။

ပဟေဠိစာမျက်နှာကို ကြည့်ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Following ကိုနှိပ်ပါ၊ ထို့နောက် Puzzles (Sections အောက်ရှိ)ကိုနှိပ်ပါ။

    • Today ကိုနှိပ်ပါ၊ အောက်သို့ရွှေ့ပါ၊ထို့နောက် Puzzles အုပ်စုကိုနှိပ်ပါ။

ပဟေဠိ အမျိုးအစားတစ်ခုအတွက် စာမျက်နှာကို လိုက်ကြည့်ခြင်း

သီးခြားပဟေဠိအမျိုးအစားတစ်ခုကို လျှင်မြန်စွာ ဝင်ရောက်ကစားလိုပါက သင်သည် ထိုအမျိုးအစားကို အဆက်မပြတ်လိုက်ကြည့်ထားရမည်။

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. အထက်တွင်ပြထားသည့်အတိုင်း Puzzles စာမျက်နှာကို ကြည့်ခြင်း

  3. Crossword၊ Mini၊ Quartiles၊ Sudoku သို့မဟုတ် Emoji Game ကိုနှိပ်ပါ။

  4. Follow ခလုတ် ကိုနှိပ်ပါ။

Puzzles အမျိုးအစားတစ်ခုသည် အောက်တွင် ပေါ်နေသည့် ပဟေဠိအမျိုးအစားနှင့် Following ထဲတွင် ပေါ်သည်။ ၎င်းတို့ကို အကြိုက်ဆုံးပြုလုပ်ရန် Edit ကိုနှိပ်ပါ၊ ပဟေဠိအမျိုးအစားတစ်ခုဘေးရှိ Add Favorite ခလုတ် ကိုနှိပ်ကာ Done ခလုတ်ကိုနှိပ်ပါ။

မှတ်စု Apple News+ သို့ သင်စာရင်းသွင်းထားလျှင် Puzzles feed ထဲရှိဉာဏ်စမ်းပဟေဠိများကို အလိုအလျောက်ဒေါင်းလုတ်ဆွဲနိုင်ပြီး Offline Mode တွင် ကစားနိုင်ရန် ဉာဏ်စမ်းပဟေဠိအမျိုးအစားကို ထည့်သွင်းနိုင်သည်။

ပဟေဠိတစ်မျိုးကို ရွေးချယ်ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. ပဟေဠိတစ်ခုကို ရှာဖွေရန် အောက်ပါနေရာများအနက်မှ တစ်ခုသို့သွားပါ၊

    • Today အကြောင်းအရာ

    • Puzzles စာမျက်နှာ

    • ပဟေဠိအမျိုးအစားတစ်ခုအတွက် စာမျက်နှာ (စကားလုံးပဟေဠိ၊ စကားလုံးပဟေဠိအသေးစား၊ Quartiles၊ ဆုဒိုကု သို့မဟုတ် Emoji Game)

  3. ၎င်းကိုဖွင့်ရန် ပဟေဠိတစ်ခုကို နှိပ်ပါ။

ပဟေဠိများနှင့် ဆုဒိုကုပဟေဠိများသည် ခက်ခဲမှုအဆင့်သတ်မှတ်ချက်—လွယ်ကူသည့်အဆင့်၊ အလယ်အလတ်အဆင့် နှင့် အခက်ဆုံးအဆင့် ရှိသည်။

ပဟေဠိတစ်ခုစီ၏ ပြီးပြည့်စုံသည့်ပဟေဠိမော်ကွန်းတိုက်ထဲရှိ ယခင်ပြီးခဲ့သည့် ပဟေဠိများကိုလည်း သင်မြင်ရနိုင်ပါသည်။ ပဟေဠိအမျိုးအစား၏ စာမျက်နှာတွင် အောက်သို့ဆွဲချပါ၊ ထို့နောက် Archive ဘေးရှိ Right Arrow ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် ပဟေဠိမော်ကွန်းတိုက်ကို အမျိုးအစားခွဲရန် သို့မဟုတ် စစ်ထုတ်ရန် Filter ခလုတ်ကိုနှိပ်ပါ။

ပဟေဠိကိန်းဂဏန်းများနှင့် အဆင့်များကို ကြည့်ခြင်း

ပဟေဠိစာမျက်နှာတစ်ခုစီတွင် Scoreboard ကို သင်တွေ့နိုင်သည်။ ၎င်းသည် ပါဝင်ပါသည်၊

  • ပဟေဠိအမျိုးအစားတစ်ခုစီအတွက် စာရင်းအင်းများ—ဥပမာအားဖြင့် ဖြေရှင်းထားသည့်ပဟေဠိအရေအတွက်။

  • သင်၏လက်ရှိပွဲရေ—သင် နေ့စဉ်ပဟေဠိကိုဖြေဆိုခဲ့သည့် ဆက်တိုက်ရက်အရေအတွက်

  • သင်၏အရှည်ကြာဆုံးအဆင့်

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. ပဟေဠိအမျိုးအစားတစ်ခုအတွက် စာမျက်နှာကိုရွေးချယ်ပြီးနောက် အပေါ်သို့ပွတ်ဆွဲပါ။

ကိန်းဂဏန်းများကိုသက်ရောက်မှုရှိသောအခြေအနေများတွင် အောက်ပါတို့ ပါဝင်သည်၊

  • ပဟေဠိတစ်ခု၏အစိတ်အပိုင်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုပြသရန် Reveal ညွှန်ကြားချက်ကို အသုံးပြုပါက ပဟေဠိသည် သင်၏ကိန်းဂဏန်းစာရင်းများကို ထည့်သွင်းတွက်ချက်မည်မဟုတ်သည့်အပြင် ပဟေဠိကို စတင်ခြင်းနှင့်အမှတ်ပေးခြင်းတို့ကို ပြီးမြောက်အောင်လုပ်ဆောင်တော့မည်မဟုတ်ပါ။

  • iOS 17.5၊ iPadOS 17.5၊ macOS 14.5 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများကိုသုံးသော ကိရိယာတစ်ခုပေါ်တွင် သင်ဖြေဆိုပြီးစီးသည့်ပဟေဠိများကို သင်၏စာရင်းအချက်အလက်တွင် ထည့်ယူမည်ဖြစ်သည်။ OS ဗားရှင်းအဟောင်းများတွင် သင်ကစားခဲ့သောပဟေဠိများကို သင့်ကိန်းဂဏန်းစာရင်းများတွင် ထည့်သွင်းမတွက်ချက်ပါ။

  • iOS 17.5၊ iPadOS 17.5၊macOS 14.5၊ သို့မဟုတ်နောက်ပိုင်းအမျိုးအစားနှင့် စက်ပစ္စည်းတစ်ခုပေါ်တွင် Newsအက်ပ်ကို ဖွင့်ပြီးနောက်၊ OS အစောပိုင်းဗားရှင်းပါဝင်သည့် စက်ပစ္စည်းတစ်ခုပေါ်တွင် သင်ပြီးမြောက်ထားသည့်နေ့စဥ်ပဟေဠိများကို သင့်အဆင့်တွင်ထည့်သွင်းထားသည်။ ဥပမာအားဖြင့်၊ သင်သည် iOS 17.5 ဖြင့် သင့် iPhone တွင် တနင်္လာနေ့၏ ပဟေဠိနှင့် အင်္ဂါနေ့၏ ပဟေဠိကို ဖြည့်စွက်ခဲ့လျှင် နောက်ပိုင်း iPadOS 17.4 ဖြင့် သင် iPad ပေါ်တွင် ဗုဒ္ဓဟူးနေ့၏ ပဟေဠိကို ဖြေရှင်းပါက သင့်ရမှတ်သည်တိုးချဲ့လာမည်ဖြစ်သည်။

  • U.S. နှင့် ကနေဒါရှိ အသုံးပြုသူများသည် အမှတ်တစ်ခုသို့ ရေတွက်နိူင်ရန်အတွက် ၎င်း၏ထုတ်ဝေမှုအပြီး 24 နာရီအတွင်း ပဟေဠိတစ်ခုကို အပြီးသတ်ရပါမည်။ အလက်စကာနှင့် ဟာဝိုင်အီရှိ အသုံးပြုသူများသည် တစ်နာရီအပို သို့မဟုတ် နှစ်နာရီရမည်- သူတို့သည် ဒေသစံတော်ချိန် ညသန်းခေါင်မတိုင်မီ တစ်နေ့တာပဟေဠိကို ပြီးအောင် လုပ်ရမည်ဖြစ်သည်။

  • ဆုဒိုကုကစားပွဲစဥ်ကို စတင်ရန်နှင့် ဆက်လက်ထားရှိရန် လက်ရှိနေ့၏ ဆုဒိုကုဉာဏ်စမ်းပဟေဠိ၏ ခက်သည့် အဆင့်တစ်ဆင့်ကို အဖြေများမပြဘဲ အနည်းဆုံးတစ်ပွဲအဖြေရှာရမည်ဖြစ်သည်။

သင်၏ Apple စက်ပစ္စည်းများအားလုံးသို့ Apple Account တစ်ခုတည်းဖြင့်အကောင့်ဝင်ထားလျှင် သင်၏ ရမှတ်များနှင့် ပွဲစဥ်များသည် အဆိုပါစက်ပစ္စည်းများ နောက်ဆုံးရထားသည့် ရလဒ်များကို ပြသပေးနေမည်။ Settings ကိုသွားပါ၊ သင်၏နာမည်ကိုနှိပ်ပါ၊ ထို့နောက် iCloud ကိုနှိပ်ပါ။ See All (Saved to iCloud ကဏ္ဍတွင်)ကိုနှိပ်ပါ၊ ထို့နောက် News ကိုဖွင့်ပါ။

တခြားသူများနှင့် ယှဥ်ပြိုင်ခြင်း

Game Center နှင့် Apple Games အက်ပ်ထဲတွင် သူငယ်ချင်းများနှင့် ယှဥ်ပြိုင်ရန်နှင့် တခြားပဟေဠိဖြေဆိုသူများနှင့် ယှဥ်ပြိုင်ရန် သင်သည် News တွင် Game Center ကိုဖွင့်ထားရန်လိုအပ်မည်။

  1. Game Center ပရိုဖိုင်ကို စီမံလုပ်ဆောင်ခြင်း

  2. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  3. Apps ကိုနှိပ်ပါ၊ ထို့နောက် News ကိုနှိပ်ပါ။

  4. Game Center ကို ဖွင့်ပါ။

Game Center ရှိ ပဟေဠိအမျိုးအစားတစ်ခုစီအတွက် သင့်ရမှတ်များသည် ရမှတ်တန်းစီဇယားတွင် ပေါ်နေမည်။ ခက်ခဲသည့်အဆင့်တိုင်းအတွက ဆုဒိုကုတွင် အမှတ်စာရင်းပြ ဘုတ်တစ်ခုရှိပါသည်။

ထို့အပြင် သင်သည် စကားလုံးပဟေဠိ၊ စကားလုံးအသေးစားပဟေဠိ၊ ဆုဒိုကုနှင့် Emoji Game ပဟေဠိများကိုဖြေရှင်းရန် သူငယ်ချင်းမျာကို စိန်ခေါ် နိုင်ပါသည်။ Apple Games အက်ပ်တွင် အတူတကွကစားခြင်း ကိုကြည့်ပါ။

ပဟေဠိတစ်ခုကို မျှဝေခြင်း

Apple News+ ကို စာရင်းသွင်းရယူသည့်အခြားသူများထံသို့လည်း ပဟေဠိဖြေဆိုနိုင်ရန် link ပေးပို့နိုင်သည်။

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. ပဟေဠိတစ်ခုကို ဖွင့်ခြင်း။

  3. More ခလုတ်ကို နှိပ်ပါ၊ Share ကိုနှိပ်ပါ၊ ထို့နောက် Messages၊ Mail သို့မဟုတ် တခြားမျှဝေသည့်နည်းလမ်းတစ်ခုကိုရွေးပါ။

သင့်အဖြေများကိုပြထားမည်မဟုတ်သော်လည်း ဖြေဆိုပြီးစီးသည့်ပဟေဠိများအတွက် အောက်ပါသတင်းအချက်အလက်ကို ဖော်ပြလိမ့်မည်ဖြစ်သည်၊

  • စကားလုံးပဟေဠိ၊ စကားလုံပဟေဠိးအသေးစား၊ ဆုဒိုကု၊ ပဟေဠိကိုဖြေဆိုနိုင်ရန် သင်ယူခဲ့သည့်အချိန်

  • Quartiles၊ သင်၏ ရပ်တည်မှုအဆင့်

  • Emoji Game၊ ပဟေဠိအဖြေမှန်ရရေးသင်ကြိုးပမ်းခဲ့သည့်အကြိမ်ပေါင်း

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.