ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာနှင့် Cinematic မုဒ်ဖြင့် ဗီဒီယိုကိုမှတ်တမ်းတင်ခြင်း

အနီးမြင်ကွင်းနှင့်နောက်ခံမြင်ကွင်းကိုလှလှပပဝါးပေးသည့်အခါ သင့်ဗီဒီယိုရှိ အဓိကအရာဝတ္ထုကို ထင်ရှားပြတ်သားစေသည့် ဆုံချက်ပြင်ပဝါးထားခြင်းကို Cinematic မုဒ်က အသုံးပြုသည်။ iPhone သည် ဗီဒီယိုရှိ အဓိကအရာဝတ္ထုကိုရွေးထုတ်ပြီး ရိုက်ကူးလျှက် ဆုံချက်ကိုဖြတ်သည်- အကယ်၍ အရာဝတ္ထုအသစ်ကို ရွေးထုတ်လျှင် iPhone သည် ဆုံချက်နေရာကို အလိုအလျောက်ကူးပြောင်းသည်။ သင်ရိုက်ကူးနေစဉ် ဆုံချက်အမှတ်ကို ကိုယ်တိုင်ညှိနိုင်ပြီး သို့မဟုတ် နောက်မှ Photos အက်ပ်တွင်ပြောင်းနိုင်သည်။

Cinematic မုဒ်သည် ထောက်ပံ့ထားသော အမျိုးအစားများ တွင် အသုံးပြုနိုင်သည်။

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. Cinematic မုဒ်ကိုရွေးရန် ဖန်သားပြင်ပေါ်တွင် ညာဘက်သို့ ပွတ်ဆွဲပါ။

  3. သင်မရိုက်ကူးမီ အောက်ပါချိန်ညှိမှုများကို သင်လုပ်နိုင်ပါသည်။

  4. ရိုက်ကူးမှုစတင်ရန် Record ခလုတ်ကိုနှိပ်ပါ သို့မဟုတ် အသံခလုတ်ကို နှိပ်ပါ။

    • ဖန်သားပြင်ပေါ်ရှိ အဝါရောင်ဘောင်သည် ဆုံမှတ်တွင်ရှိသည့်လူကိုညွှန်ပြပြီး အညိုရောင်ဘောင်သည် ခြေရာခံထားသည့် လူတစ်ယောက်ကို ညွှန်ပြသော်လည်းဆုံချက်မဖြတ်ပါ။ ဆုံချက်ကိုပြောင်းရန် အညိုရောင်အကွက်ကိုနှိပ်ပါ ထိုလူပေါ်တွင် ဆုံချက်ကိုသတ်မှတ်ရန် နောက်တစ်ကြိမ်ထပ်နှိပ်ပါ။

    • ဗီဒီယိုထဲတွင် လူတစ်ယောက်မှမပါပါက ဆုံချက်အမှတ်ကိုထားရန် ဖန်သားပြင်တစ်နေရာရာကိုနှိပ်ပါ။

    • အကွာအဝေးတစ်ခုတည်းတွင် ဆုံချက်ကိုသော့ခတ်ရန် ဖန်သားပြင်ကို ထိပြီးထိန်းထားပါ။

    • iPhone 15 Pro အမျိုးအစား၊ iPhone 16 Pro အမျိုးအစားများနှင့် iPhone 17 Pro အမျိုးအစားများတွင် ချဲ့ရန် 2 ကိုနှိပ်ပါ။

      ပိုမိုတိကျသည့် zoom ထိန်းချုပ်မှုအတွက် 1x ကိုထိပြီး ထိန်းထားပါ၊ ထို့နောက် ဒိုင်ခွက်ကို ပွတ်ဆွဲပါ။

  5. ရိုက်ကူးမှုကို ရပ်ရန် Record ခလုတ် သို့မဟုတ် အသံအတိုးအလျော့ခလုတ်တစ်ခုခုကိုနှိပ်ပါ။

အကြံပြုချက် ထောက်ပံ့ပေးထားသော အမျိုးအစားများတွင် Camera Control ကိုအသုံးပြု၍ ဆုံချက်ပြင်ပဝါးခြင်း သက်ရောက်မှုကို ချိန်ညှိနိုင်သည်။ Camera Control ချိန်ညှိခြင်းများကို ရွေးချယ်ပြီးချိန်ညှိခြင်း ကိုကြည့်ပါ။

Cinematic မုဒ်ဖြင့်ဗီဒီယိုတစ်ခုကို ရိုက်ကူးပြီးနောက် ပြင်ဆင်ချက်ကိုဖယ်ရှားနိုင်သည် သို့မဟုတ် ပြောင်းလဲနိုင်သည်။ Cinematic မုဒ်ဗီဒီယိုများကို ပြုပြင်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.