ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်ရှိ Find My တွင် AirTag သို့မဟုတ် အခြားအမျိုးအစားတစ်ခုကို ရှာဖွေခြင်း

သင့် Apple Account တွင်မှတ်ပုံတင်ထားပြီး ပျောက်ဆုံးနေသည့် AirTag သို့မဟုတ် ကြားခံအမျိုးအစားကို ရှာဖွေရန် Find My အက်ပ်ကို သုံးနိုင်သည်။ သင့်တွင် iPhone 15 သို့မဟုတ် နောက်ပိုင်းအမျိုးအစားရှိပါက ၎င်းတို့၏တည်နေရာအတိအကျကိုလည်း ရှာနိုင်ပါသည်။

AirTag သို့မဟုတ် ကြားခံအမျိုးအစား တစ်ခု မှတ်ပုံတင်ပုံကိုလေ့လာပါ။

အမျိုးအစားတစ်ခု၏ တည်နေရာကို ကြည့်ခြင်း

ဖန်သားပြင်အောက်ခြေရှိ Items ကိုနှိပ်ပါ၊ ထို့နောက် ရှာချင်သည့်သည့် အမျိုးအစားကိုနှိပ်ပါ။

  • အကယ်၍ အဆိုပါအမျိုးအစားကို ရှာဖွေတွေ့ရှိသွားလျှင်၊ ၎င်းသည် မြေပုံတစ်ခုပေါ်တွင် ပေါ်နေသည့်အတွက် မည်သည့်နေရာတွင်ရောက်ရှိနေကြောင်း မြင်နိုင်သည်။ အဆိုပါအမျိုးအစား၏ အမည်အောက်ဘက်တွင် တည်နေရာနှင့် ဖြစ်စဥ်အလိုက်အချိန်စာရင်း ပေါ်လာမည်။ ထိုအမျိုးအစားသည် Find My ကွန်ရက်ကို ချိတ်ဆက်မိသည့်အခါ ၎င်း၏နောက်ဆုံး တည်နေရာကို ပေးပို့သွားမည်။

  • အကယ်၍ အဆိုပါအမျိုးအစားကို မရှာဖွေနိုင်သေးလျှင်၊ ၎င်းနောက်ဆုံးရှိခဲ့သည့် နေရာနှင့်အချိန်ကို ကြည့်နိုင်ပါသည်။ Notifications အောက်ရှိ Notify When Found ကိုဖွင့်ပါ။ ၎င်းတည်နေရာကို ထပ်မံရှာတွေ့သည်နှင့် သင့်ထံအကြောင်းကြားချက်လက်ခံရရှိမည်။

    အရေးကြီးသော Find My အက်ပ်အတွက် အကြောင်းကြားချက်များအား ခွင့်ပြုထားခြင်းရှိမရှိစစ်ဆေးပါ။ iPhone ရှိအကြောင်းကြားချက် ချိန်ညှိမှုများကိုပြောင်းလဲခြင်း ကိုကြည့်ပါ။

အသံတစ်ခုဖွင့်ခြင်း

အကယ်၍ အဆိုပါအမျိုးအစားသည် အနီးတွင်ရှိလျှင် ၎င်းကို သင်ရှာဖွေတွေ့ရှိနိုင်ရန် ၎င်းတွင် အသံတစ်ခုကို ဖွင့်နိုင်ပါသည်။

မှတ်စု အမျိုးအစားတစ်ခုပေါ်တွင် သင်အသံဖွင့်၍မရလျှင် Play Sound ခလုတ်ကို သင် တွေ့မည်မဟုတ်ပါ။

  1. သင့် iPhone တွင် Find My အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Items ကိုနှိပ်ပါ၊ ထို့နောက် သင်အသံဖွင့်ချင်သည့်အမျိုးအစားကိုနှိပ်ပါ။

  3. Play Sound ကိုနှိပ်ပါ။

    အဆိုပါဖွင့်ထားသည့်အသံ အလိုအလျောက်မပြီးဆုံးခင် ရပ်တန့်ရန်အတွက် Stop Sound ကိုနှိပ်ပါ။

အမျိုးအစားတစ်ခုသို့ လမ်းညွှန်ချက်များ ရယူခြင်း

Maps အက်ပ်တွင် အမျိုးအစားတစ်ခုသို့ လမ်းညွှန်ချက်များ သို့မဟုတ် နောက်ဆုံးသိရသည့်တည်နေရာကို ရယူနိုင်ပါသည်။

  1. သင့် iPhone တွင် Find My အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Items ကိုနှိပ်ပါ၊ ထို့နောက် သင်လမ်းညွှန်ချက်ရယူလိုသည့် အမျိုးအစားကိုနှိပ်ပါ။

  3. Maps ကိုဖွင့်ရန် Directions ကိုနှိပ်ပါ။

လမ်းညွှန်ကိုရယူခြင်း ကိုကြည့်ပါ။

AirTag ၏တည်နေရာကို အတိအကျရှာခြင်း

သင့်တွင် ထောက်ပံ့ထားသည့် iPhone ရှိပြီး AirTag အနီးတွင်ရှိပါက AirTag တည်နေရာကို အတိအကျရှာနိုင်သည်။

  1. သင့် iPhone တွင် Find My အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Items ကိုနှိပ်ပါ၊ ထို့နောက် အနီးရှိ AirTag ကိုနှိပ်ပါ။

  3. Find ကိုနှိပ်ပါ။

    Find My အက်ပ်ပွင့်သည့်အခါ Golden Gate Park ရှိ ဒန်နီ၏သော့များကိုပြပေးမည်။ အနီးရှိ AirTag ကိုရှာရန် Find ခလုတ်ကိုနှိပ်ပါ။
  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • AirTag အနီးသို့ရွှေ့ခြင်း၊ AirTag တည်နေရာကိုရှာရန် နေရာတစ်ဝိုက်စတင်ရွှေ့ပြီး ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။ AirTag ၏လမ်းညွှန်ချက်အတွင်း မြားတစ်ခုပြထားသည့်ကိုမြင်ရနိုင်ပြီး ၎င်းနှင့်သင့်ကြား ခန့်မှန်းအကွာအဝေးတစ်ခုကို ဖော်ပြထားပြီး ၎င်းသည် မတူညီသည့်ကြမ်းခင်းတစ်ခုတွင်ရှိနေသည့်အခါ မှတ်စုတစ်ခုလည်း ဖော်ပြထားမည်။

    • အသံတစ်ခုဖွင့်ခြင်း၊ AirTag တွင် အသံပွင့်ရန် Play Sound ခလုတ် ကိုနှိပ်ပါ။

  5. AirTag ကို တည်နေရာရှာသည့်အခါ Close ခလုတ်ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.