ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Calendar တွင် မတူညီသည့်ဒေသစံတော်ချိန်တစ်ခုတွင် ပွဲများကိုအချိန်ဇယားဆွဲခြင်း သို့မဟုတ် ပြသခြင်း

Calendar အက်ပ်တွင် သင့်လက်ရှိတည်နေရာအပေါ်မူတည်၍ ပွဲများပေါ်ပါသည်။ သို့သော် Calendar ထဲတွင်လက်ရှိပြသနေသော ဒေသစံတော်ချိန်မှနေ၍ မတူညီသောဒေသစံတော်ချိန်တစ်ခုတွင် ပွဲတစ်ခုကိုအချိန်ဇယားဆွဲနိုင်ပါသည်။ မတူညီသောတည်နေရာတစ်ခုသို့ သင်ခရီးသွားလျှင်တောင် သင့်ပြက္ခဒိန်တွင် တိကျသောဒေသစံတော်ချိန်တစ်ခုကို အမြဲပြသရန်သတ်မှတ်ထားနိုင်သည်။

ပွဲ၏အချိန်နှင့် ဒေသစံတော်ချိန်များအတွက် ချိန်ညှိမှုများကိုပြသနေသော ပွဲရက်ပြက္ခဒိန်တစ်ခု။

ပွဲအသစ်တစ်ခုအတွက် ဒေသစံတော်ချိန်ကိုပြောင်းလဲခြင်း

သင်လက်ရှိရောက်နေသော ဒေသစံတော်ချိန်နှင့် ကွဲပြားနေလျှင်တောင်မှ—ပွဲ၏ဒေသစံတော်ချိန်ကို ပြောင်းလဲပြီး ပြက္ခဒိန်ထဲမှပွဲများကို ပြင်ဆင်ကာဖန်တီးနိုင်ပါသည်။ ဥပမာ၊ သင်က နယူးယောက်တွင်နေလျှင်—ချီကာဂို ကဲ့သို့အခြားတည်နေရာတစ်ခု၏ ဒေသစံတော်ချိန်ကိုလိုက်၍ ပွဲတစ်ခုကိုဖန်တီးတည်းဖြတ်ကာ အချိန်ဇယားဆွဲနိုင်သည်။

  1. သင့် iPhone ရှိ Calendar အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်ထိပ်ပေါ်ရှိ Add ခလုတ် ကိုနှိပ်ပါ။

  3. ပွဲအချက်အလက်များ (ခေါင်းစဥ်၊ တည်နေရာ၊ သွားရန်ကြာချိန်၊ တွဲဆက်ဖိုင်များ၊ အစရှိသည်) တို့ကိုထည့်ပါ။

  4. ပွဲအတွက် စချိန်နှင့်ပြီးဆုံးချိန်များကိုရိုက်ထည့်ပါ၊ ထို့နောက်Time Zone ကိုနှိပ်ပါ။

  5. တည်နေရာတစ်ခုကိုရှာပါ၊ ၎င်းကိုနှိပ်ပါ၊ ထို့နောက် Done ခလုတ်ကိုနှိပ်ပါ။

မှတ်စု လိုအပ်ပါက ပွဲ၏ဒေသစံတော်ချိန်ကို နောင်အခါပြင်ဆင်နိုင်ပါသည်။

သင့်ပြက္ခဒိန်အား တိကျသောဒေသစံတော်ချိန်တစ်ခုတွင် အမြဲပြသခြင်း

သင်စိတ်ကြိုက်ရွေးချယ်ထားသော ဒေသစံတော်ချိန်ထဲတွင် ပြက္ခဒိန်ကိုကြည့်ရှုနိုင်ရန် ပုံသေဒေသစံတော်ချိန် ချိန်ညှိမှုများကိုပြောင်းလဲအသုံးပြုနိုင်သည်။ မတူညီသောဒေသစံတော်ချိန်တစ်ခုတွင် သင့်လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးများကို အချိန်ဇယားဆွဲနေစဥ် အချိန်ကိုသိရှိရန်လိုပြီး အဝေးမှအလုပ်လုပ်နေလျှင် ဤအချက်သည်အထောက်အကူဖြစ်နိုင်သည်။ ဥပမာ၊ သင်က ဆန်ဖရန်စစ္စကိုတွင်နေသော်ငြား သင့်အလုပ်ခွင်သည် ဘော့စ်တွန်မှာရှိလျှင် သင့်လက်ရှိတည်နေရာ၏ ဒေသစံတော်ချိန်ကိုပယ်ဖျက်နိုင်ပြီး ဘော့စ်တွန်မှဒေသစံတော်ချိန်ကိုလိုက်၍ သင့်ပြက္ခဒိန်ပွဲများကို ကြည့်ရှုနိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Apps ကိုနှိပ်ပါ၊ ထို့နောက် Calendar ကိုနှိပ်ပါ။

  3. Time Zone Override ကိုနှိပ်ပါ၊ ထို့နောက် Time Zone Override ကိုဖွင့်ရန်ပါ။

  4. Time Zone ကိုနှိပ်ပါ၊ (ဥပမာ၊ ဘော့စ်တွန်ကဲ့သို့) တည်နေရာတစ်ခုကိုရှာပါ၊ ထို့နောက် တည်နေရာကိုနှိပ်ပါ။

Time Zone Override ကိုသင်မဖွင့်ခင်က ဖန်တီးခဲ့သောပွဲများသည် ဒေသစံတော်ချိန်အသစ်ထဲတွင်ပေါ်သည်၊ သို့သော်၎င်းတို့ကိုဖန်တီးခဲ့စဥ်က အသုံးပြုခဲ့သောမူလဒေသစံတော်ချိန်ကိုလည်းပြပါသည်။

မှတ်စု Time Zone Override သည် Calendar အက်ပ်တွင်ပြသထားသော ဒေသစံတော်ချိန်ကိုသာ ပြောင်းလဲပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.