ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်တစ်ခုအတွက် စကားဝှက်ကို ပြောင်းခြင်း

သင့် iPhone ရှိ ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်တစ်ခုကို ဝင်ရောက်လေ့ရှိသည့် စကားဝှက်ကို ပြောင်းနိုင်သည်။

သုံးစွဲသူနာမည်၊ စကားဝှက်နှင့် ဝက်ဘက်ဆိုက်အပါအဝင် အကောင့်တစ်ခုအတွက် အသေးစိတ်အချက်များကို ပြသထားသည့် Passwords အက်ပ်။
  1. သင့် iPhone ရှိ Passwords အက်ပ် ကိုသွားပါ။

  2. All ကိုနှိပ်ပါ၊ ထို့နောက် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်အတွက် အကောင့်ကို ရှာပါ။

  3. အကောင့်ကိုနှိပ်ပါ။

  4. Edit ကိုနှိပ်ပါ၊ Change Password ကိုနှိပ်ပါ၊ ထို့နောက် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုတွင် သင်၏စကားဝှက်ကိုပြောင်းပါ။

    ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သည် Sign in with Apple ကိုအသုံးပြုရန် အဆင့်မြှင့်ခွင့်ပေးပါက ထိုလုပ်ဆောင်ချက်၏ လုံခြုံရေးစနစ်နှင့် သက်သာလွယ်ကူမှုတို့ကို အကျိုးခံစားနိုင်မည်။ သင့်စကားဝှက်ကို ပြောင်းသည့်အခါ အဆင့်မြှင့်ရွေးချယ်စရာကို မပေးခဲ့လျှင် အကောင့်များစွာသည် iPhone ကို သင်မမှတ်မိသည့် ခိုင်မာအားကောင်းသည့် စကားဝှက်တစ်ခုကိုအလိုအလျှောက်ဖန်တီးရန် ခွင့်ပြုသည်။

မှတ်စု နောက်ထပ်မရှိတော့သည့် ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တစ်ခုအတွက် စကားဝှက်တစ်ခုနှင့် ပတ်သက်၍ သင်၏ iPhone တွင် သတိပေးချက်တစ်ခုရလာလျှင် ၎င်း၏အကောင့်ကို သင်၏ iPhone နှင့် iCloud Keychain မှဖယ်ရှားနိုင်သည်။ သင့် iPhone ရှိ Passwords အက်ပ် ကိုသွားပါ၊ All ကိုနှိပ်ပါ၊ အကောင့်ဘယ်ဘက်ကို ပွတ်ဆွဲပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.