iPhone တွင် Apple Games အက်ပ်ထဲရှိ သင်၏ Game Center ပရိုဖိုင်ကို စီမံခြင်း

Game Center ဆိုသည်မှာ သင့်ကို သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်နိုင်စေ၊ ရမှတ်များနှင့် အောင်မြင်မှုများကို သိရှိပြီး ယှဥ်ပြိုင်နိုင်စေ၊ တခြားဂိမ်းကစားသူများကို စိန်ခေါ် နိုင်စေရန်နှင့် ဂိမ်းကစားသူများစွာပါသည့် ဂိမ်းများတွင် သူငယ်ချင်းများကို ဖိတ်ခေါ်နိုင်စေရန် ပြုလုပ်ပေးသည့် Apple ၏ လူမှုဂိမ်းဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Apple Games အက်ပ်တွင် သင်၏ Game Center ပရိုဖိုင်ကို ကိုယ်ပိုင်ပုံစံပြုလုပ်နိုင်ခြင်း၊ သင်နှင့်ဆက်သွယ်ချိတ်ဆက်နိုင်မည့်သူကို စီမံနိုင်ခြင်းအစရှိသည်တို့လုပ်နိုင်ပါသည်။

မှတ်စု Apple Games အက်ပ်ကို အသုံးပြုရန် သင်၏ Apple Accountသို့ ဝင်ရောက်ထားခြင်းဟုတ်မဟုတ်သေချာစစ်ဆေးပါ။

Game Center ပရိုဖိုင်ကို စီမံလုပ်ဆောင်ခြင်း

  1. သင်၏ iPhone တွင် Apple Games အက်ပ် ကို သွားပါ။

  2. Continue ကိုနှိပ်ပါ၊ ထို့နောက် Continue ကိုထပ်ပြီးနှိပ်ပါ။

  3. သင်၏ ကစားသူပရိုဖိုင်ကို စိတ်ကြိုက်ပြုပြင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

    • သင်၏ ကိုယ်စားပြုဖော်ပြချက်ကို ရွေးပါ၊ Edit ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် သင်၏ ကိုယ်စားပြုဖော်ပြချက်တစ်ခုကို ရွေးချယ်ပါ။

    • နာမည်ပြောင်တစ်ခုကို ဖန်တီးပါ၊ သင်တို့ဂိမ်းများအတူကစားသည့်အခါတွင် သင့်သူငယ်ချင်းများမြင်ရမည့် နာမည်ပြောင်တစ်ခုကိုရွေးချယ်ရန် Nickname ကိုနှိပ်ပါ၊ ထို့နောက်အမည်တစ်ခုအားရိုက်ထည့်ပါ သို့မဟုတ် အကြံပြုချက်များထဲမှ တစ်ခုကိုရွေးချယ်ပါ။

    • သင်၏ဂိမ်းလှုပ်ရှားမှုများကို မြင်နိုင်မည့်သူကို ရွေးပါ၊ နည်းလမ်းတစ်ခုကိုနှိပ်ပါ။

  4. Continue ကိုနှိပ်ပါ။

Settings အက်ပ် သို့ သွား၍လည်း သင်၏ Game Center ပရိုဖိုင်ကို စီမံနိုင်ပြီးနောက် Game Center ကိုနှိပ်ပါ။ Game Center ကိုဖွင့်ပါ၊ ထို့နောက် သင်၏ ကစားသူပရိုဖိုင်ကို စိတ်ကြိုက်ပြုပြင်ပါ။

Game Center ပရိုဖိုင်ကို တည်းဖြတ်ခြင်း

  1. သင်၏ iPhone တွင် Apple Games အက်ပ် ကို သွားပါ။

  2. ထိပ်ညာဘက်ထောင့်ရှိ သင်၏ ကိုယ်စားပြုဖော်ပြချက်ကိုနှိပ်ပါ၊ ထို့နောက် Edit Profile ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • သင်၏ ကိုယ်စားပြုဖော်ပြချက်ကို တည်းဖြတ်ပြင်ဆင်ခြင်း၊ Edit ခလုတ် ကိုနှိပ်ပါ၊ သင်၏ ကိုယ်စားပြုဖော်ပြချက်တစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် Done ခလုတ် ကိုနှိပ်ပါ။

    • သင်၏ နာမည်ပြောင်ကို တည်းဖြတ်ပြင်ဆင်ခြင်း၊ သင်၏ လက်ရှိ နာမည်ပြောင်ကိုနှိပ်ကာ အမည်တစ်ခုကို စာရိုက်ထည့်သွင်းပါ သို့မဟုတ် အကြံပြုလာသောအမည်တစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် Done ခလုတ်ကိုနှိပ်ပါ။

  4. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

Settings အက်ပ် သို့ သွား၍လည်း သင်၏ Game Center ပရိုဖိုင်ကို တည်းဖြတ်ပြင်ဆင်နိုင်ပြီးနောက် Game Center ကိုနှိပ်ပါ၊ ထို့နောက် Customize Profile ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.