ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံပြင်ဆင်မှုများအား ယခင်အတိုင်းပြန်လုပ်ခြင်းနှင့် မူလအနေအထားပြန်ပြောင်းခြင်း

ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုအား သင်ပြင်ဆင်နေစဥ် ပြောင်းလဲမှုများကို ပြန်ပြောင်းခြင်းနှင့် ပြန်ပြင်ခြင်းလုပ်နိုင်သည်။ သိမ်းဆည်းပြီးနောက် သင်ပြုပြင်လိုက်သော အနေအထားကိုမကြိုက်နှစ်သက်ပါက မူလအနေအထားပြန်ပြောင်းနိုင်သည်။

iCloud Photosကို သင်အသုံးပြုသည့်အခါ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် သင်တည်းဖြတ်ပြုပြင်ထားသမျှအား သင်၏စက်ပစ္စည်းများအားလုံး၌ သိမ်းဆည်းပေးထားသည်။

သင်ပြင်ဆင်နေစဥ် ပြန်ပြောင်းခြင်းနှင့် ပြန်ပြင်ခြင်း

သင် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို တည်းဖြတ်သည့်အခါ တည်းဖြတ်ပြင်ဆင်မှုအဆင့်များစွာကို ပြုပြင်ရန်နှင့် ပြန်ပြင်ရန်အတွက် ဖန်သားပြင်ထိပ်ရှိ Undo ခလုတ် နှင့် Redo ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် တည်းဖြတ်ပြင်ဆင်ထားသည့်ပုံစံကို မူရင်းနှင့်ယှဥ်ကြည့်ရန် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ထိနိုင်သည်။

တည်းဖြတ်ပြင်ဆင်ပြီးသော ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုကိုကို မူလအတိုင်းပြန်ပြောင်းခြင်း

ပြင်ဆင်မှုများကို သင်သိမ်းဆည်းပြီးနောက် ပြန်ပြောင်းရန်အတွက် ၎င်းကို မူရင်းသို့ ပြန်ပြောင်းနိုင်သည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. တည်းဖြတ်ပြင်ဆင်ထားသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ပါ၊ ထို့နောက် More ခလုတ်ကိုနှိပ်ပါ။

  3. Revert to Original ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.