ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် FaceTime ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း

Apple Account ဖြင့် အင်တာနက်ချိတ်ဆက်ထားပါက FaceTime အက်ပ်တွင် ဖုန်းခေါ်ဆိုနိုင်ပြီး အဝင်ဖုန်းကို လက်ခံနိုင်သည်။

မှတ်စု ဖုန်းခေါ်ဆိုခြင်း၊ အဝင်ဖုန်းလက်ခံခြင်း မပြုလုပ်မီ FaceTime ကိုစီမံရမည်။

cellular အင်တာနက်ချိတ်ဆက်မှုတစ်ခုကိုသုံး၍ FaceTime ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ပြီး အခကြေးငွေကို ပိုမိုပေးဆောင်ရနိုင်သည်။ ထိုအစီအစဉ်ကို ပိတ်ရန် Settings > Cellular သို့သွား၍ FaceTime ကိုပိတ်ပါ။ iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းကိုကြည့်ပါ။

မှတ်စု Live Voicemail သည် ဘာသာစကားတိုင်း သို့မဟုတ် ဒေသတိုင်းတွင် မရရှိနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

FaceTime ဖုန်းခေါ်ဆိုခြင်း

  1. သင့် iPhone တွင် FaceTime အက်ပ် ကို ဖွင့်ပါ၊ ထို့နောက် ဖန်သားပြင်ထိပ်နားရှိ New FaceTime ကိုနှိပ်ပါ။

  2. သင်ခေါ်ယူလိုသည့် အမည် သို့မဟုတ် နံပါတ်ကို ထိပ်ဆုံးရှိ စာရိုက်ကွက်လပ်တွင် ရိုက်ထည့်ပြီးနောက် ဗီဒီယို ဖုန်းခေါ်ဆိုရန် Video Call ခလုတ် ကိုနှိပ်ပါ သို့မဟုတ် အသံဖုန်းခေါ်ဆိုရန် Audio Call ခလုတ် ကိုနှိပ်ပါ (နိုင်ငံများနှင့် ဒေသများအားလုံးတွင်မရနိုင်ပါ)။

    တစ်နည်းအားဖြင့် Contacts ကိုဖွင့်ရန် Add Contact ခလုတ်ကိုနှိပ်ပြီး ထိုနေရာရှိလူများကို ထည့်နိုင်သည်- သို့မဟုတ် အမြန်ခေါ်ဆိုရန် ဖော်ပြသည့်စာရင်းတစ်ခုကိုနှိပ်ပါ။

လူအများအပြားကို ဖုန်းခေါ်ဆိုရန် Group FaceTime ဖုန်းခေါ်ဆိုခြင်းကို ကြည့်ပါ။

Siri ကိုလည်း အသုံးပြုနိုင်သည်။ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Make a FaceTime call” သို့မဟုတ် “Call Eliza’s mobile”။ iPhone တွင် Siri အသုံးပြုနည်းကို လေ့လာခြင်း

အကြံပြုချက် FaceTime ဗီဒီယိုဖုန်းပြောဆိုနေစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်မြင်ရရန် iPhone ကို အလျားလိုက်အနေအထား လှည့်လိုက်ပါ။ သင့် iPhone ဖန်သားပြင်ကိုလှည့်ခြင်းကိုကြည့်ပါ။

ဗီဒီယို မက်ဆေ့တစ်ခုကို ရိုက်ကူးခြင်း

သင့် FaceTime ဗီဒီယိုခေါ်ဆိုမှုကို လက်ခံဖြေကြားမှုမရှိပါက သင်ပြောလိုသည်ကို အတိအကျ ဖော်ဆောင်ပြမည့် ဗီဒီယိုမက်ဆေ့တစ်ခုကို ရိုက်ကူးထားနိုင်သည်။

  1. Record Video ကိုနှိပ်၍ စက္ကန့်အစဉ်ရေတွက်ခြင်းကို စောင့်ပါ (5 မှ 1)၊ ထို့နောက် သင့်မက်ဆေ့ကို ရိုက်ကူးပါ။

    သင်ခေါ်ဆိုသည့်သူက မဖြေကြားနိုင်သည့်အခါ ဗီဒီယိုမက်ဆေ့ ရိုက်ကူးခြင်းအတွက် ဖန်သားပြင်။ ၎င်းတွင် ဗီဒီယိုမက်ဆေ့ကို ရိုက်ကူးရန် သင်နှိပ်နိုင်သည့် Call Again ခလုတ်နှင့် Record Video ခလုတ်တို့ ပါဝင်သည်။
  2. သင်၏ရိုက်ကူးထားသော မက်ဆေ့ကို ပေးပို့ရန် Up ခလုတ် ကိုနှိပ်ပါ၊ သို့မဟုတ် မက်ဆေ့ကို ပြန်လည်ရိုက်ကူးရန် Retake ကိုနှိပ်ပါ။ ၎င်း ကို Photos အတွင်း သိမ်းဆည်းနိုင်ရန် Save ကိုလည်း နှိပ်နိုင်သည်။

    သင့်ဗီဒီယိုမက်ဆေ့ကို ပေးပို့ပြီးနောက် လက်ခံသူကို အကြောင်းကြားပါသည်။

သင့်ခေါ်ဆိုမှုကို မကိုင်လိုက်ရသူထံ သင်၏ရိုက်ကူးထားသော ဗီဒီယိုမက်ဆေ့ကို ပေးပို့ရန် ဖန်သားပြင်။

မှတ်စု သိမ်းဆည်းထားသော အဆက်အသွယ်များ၊ သင်ခေါ်ဆိုထားသူများ နှင့် Siri မှ အကြံပြုထားသူများထံမှသာ ဗီဒီယိုမက်ဆေ့များကို သင်လက်ခံရရှိနိုင်သည်။

ဗီဒီယိုမက်ဆေ့ သို့မဟုတ် Live Voicemail ကို နားထောင်ပါကိုကြည့်ပါ။

voicemail တစ်ခု ချန်ထားခြင်း

တစ်စုံတစ်ယောက်သည် သင်၏ FaceTime အသံဖုန်းခေါ်ဆိုမှုကို မဖြေလျှင် သင်ခေါ်ဆိုနေသောသူတွင် Settings  > Apps > Phone တွင် Live Voicemail ဖွင့်ထားလျှင် voicemail ချန်ခဲ့ရန် ပေါ်လာပါမည်။

သင်သည် voicemail တစ်ခုကို ချန်ထားပါက သင်စကားပြောလိုက်သည့်အတိုင်း သင့်မက်ဆေ့ကို ၎င်းတို့၏ဖန်သားပြင်တွင် ကူးယူဖော်ပြပေးမည်ဖြစ်၍ သင်ခေါ်ဆိုသည့်အကြောင်းရင်းကို ၎င်းတို့ကိုအသိပေးကာ သင့်ခေါ်ဆိုမှုကို ကိုင်ခွင့်ရစေမည်။

Live Voicemail transcript သည် iPhone ဖုန်းခေါ်ဆိုမှု ဖန်သားပြင်ပေါ်တွင် ရှိသည်။ ဖန်သားပြင်၏အောက်ခြေတွင် မက်ဆေ့ပေးပို့ရန် သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို လက်ခံရန် ခလုတ်များ ရှိသည်။

ပြန်လည်ခေါ်ဆိုခြင်း

FaceTime အတွင်း တစ်စုံတစ်ဦးကို နောက်တစ်ကြိမ် ခေါ်ဆိုရန် အောက်ပါတို့တို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • Record Video ဖန်သားပြင်ပေါ်ရှိ Call Again ကိုနှိပ်ပါ။

  • သင်၏ခေါ်ဆိုမှုမှတ်တမ်းတွင် သင်ထပ်မံခေါ်ဆိုချင်သည့်သူ(သို့မဟုတ် အဖွဲ့) ၏ အမည် သို့မဟုတ် နံပါတ်ကိုနှိပ်ပါ။

မက်ဆေ့ချ်ဖြင့် အပြန်အလှန်ပြောနေရာမှ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုစတင်ခြင်း

iMessage စကားပြောဆိုမှုတစ်ခုတွင် သင်နှင့်စကားပြောနေသော တစ်ဖက်လူဖြင့် FaceTime ဖုန်းခေါ်ဆိုမှုကို စတင်နိုင်သည်။

  1. iMessage စကားပြောခြင်း ညာဘက်ထိပ်ရှိ FaceTime ခလုတ် ကိုနှိပ်ပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • FaceTime Audio ကိုနှိပ်ပါ။

    • FaceTime Video ကိုနှိပ်ပါ။

အရေးကြီးသော FaceTime အက်ပ်ကို သင့် iPhone မှဖယ်ရှားလျှင် သို့မဟုတ် iOS ၏ အစောပိုင်းဗားရှင်းတစ်ခုထဲတွင် FaceTime ကို ဖယ်ရှားလျှင် ထိုအက်ပ်ကိုပြန်လည်ဒေါင်းလုတ်မရယူပါက သင့် iPhone တွင် FaceTime ခေါ်ဆိုမှုများပြုလုပ်နိုင်မည်မဟုတ်ပါ သို့မဟုတ် SharePlay ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ FaceTime ကို ပြန်လည်မထည့်သွင်းမချင်း သင့် iPhone မှ နေ၍ သင့်iPad၊ Mac သို့မဟုတ် Apple Watch ထံသို့ Cellular ခေါ်ဆိုမှုများကို ထပ်ဆင့်လွှင့်ပေးမည်မဟုတ်ပါ။ Settings နှင့်အဆက်အသွယ်ကတ်များသည် FaceTime ရွေးချယ်စရာများကိုပြသမည်မဟုတ်ပါ။ သို့သော်လည်း၊ သင့်Apple Watchတွင် ကိုယ်ပိုင်ဆင်းမ်ကဒ်ရှိပါက၊ သင့်ဝန်ဆောင်မှု ကုမ္ပဏီမှနေ၍ ခေါ်ဆိုမှုများကို လုပ်နိုင်ပါသေးသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.