ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Find My တွင် ဂြိုလ်တုမှတစ်ဆင့် သင်၏‌တည်နေရာကို ပို့ခြင်း

သင့်တွင် iOS 16.1 သို့မဟုတ် အထက်ရှိသော iPhone 14 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင် သင်သည် cellular နှင့် Wi-Fi မိသောနေရာပြင်ပ ရောက်နေချိန်တွင် သင့်တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် မျှဝေရန် Find My အက်ပ်ကို အသုံးပြုနိုင်သည်။

မှတ်စု ဂြိုလ်တုမှတစ်ဆင့် သင်၏‌တည်နေရာကို မျှ‌ဝေခြင်းသည် နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင်မရရှိနိုင်ပေ။ ဂြိုလ်တုမှတစ်ဆင့် အသုံးပြုနိုင်သော အရေးပေါ် SOS နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပိုမိုသိရှိရန်ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကို ကြည့်ပါ။

ဆယ်လူလာနှင့် Wi-Fi လိုင်းကို မဖြုတ်မီ

ဆယ်လူလာ သို့မဟုတ် Wi-Fi ကွန်ရက်ကို ချိတ်ဆက်လျှင် Find My လုပ်ဆောင်ချက်အများစုသာ အသုံးပြုနိုင်မည်။ သင်၏တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် သင့်သူငယ်ချင်းများကို မျှဝေရန် သင်သည် ဆယ်လူလာသို့မဟုတ် Wi-Fi လိုင်းပြင်ပ မရောက်မီ အောက်ပါတို့ကို ပြုလုပ်ပါ။

  • သင်နှင့်အတူ ယူဆောင်လာသော iPhone ကို သင်၏တည်နေရာကိုမျှဝေပေးသည့် iPhone အဖြစ် သတ်မှတ်ထားပါ။ သင်၏ iPhone 14 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင် Find My အက်ပ်ကိုဖွင့်ပါ၊ ဖန်သားပြင်အောက်ခြေရှိ Me ကိုနှိပ်ပါ၊ ထို့နောက် Share My Locationကိုသေချာ ဖွင့်ထားပါ။ သင်၏ iPhone သည် သင်၏တည်နေရာကို လက်ရှိ မမျှဝေထားပါက Use This iPhone as My Location ကိုနှိပ်ပါ။

  • သင်၏တည်နေရာကို မျှဝေချင်သည့် အဆက်အသွယ်များကိုထည့်ပါ။ Find My အတွင်း သင့်တည်နေရာကိုမျှဝေခြင်းကို ကြည့်ပါ။

သင်၏တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် ပို့ခြင်း

သင်သည် ဆယ်လူလာ သို့မဟုတ် Wi-Fi ကွန်ရက်ကို မချိတ်ဆက်ထားလျှင် သင်၏တည်နေရာကို မျှဝေရန် Find My အက်ပ်ကို အသုံးပြုနိုင်သည်။ သင်၏တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် သင့်သူငယ်ချင်းကို မျှဝေရန် Find My တွင် ထိုသူငယ်ချင်းနှင့် သင်၏တည်နေရာကို မျှဝေပြီးဖြစ်နေရမည်။ Find My အတွင်း သင့်တည်နေရာကိုမျှဝေခြင်းကို ကြည့်ပါ။

  1. သင့် iPhone တွင် Find My အက်ပ် ကိုသွားပါ။

  2. သင်သည် ကောင်းကင်နဲ့ မိုးကုပ်စက်ဝိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရသော အပြင်ဘက်တွင် ရှိစေရန် ပြုလုပ်ပါ။ အကယ်၍ သင်၏ဝန်းကျင်တွင် သစ်ပင်သစ်ရွက်ထူသောနေရာအောက် သို့မဟုတ် အခြားပိတ်ဆို့မှုများ ရှိနေပါက၊ ဂြိုလ်တုနှင့် ချိတ်ဆက်၍မရနိုင်ပါ။

  3. ဖန်သားပြင်အောက်ခြေရှိ Me ကိုနှိပ်ပါ။

  4. Send My Location (My Location via Satellite အောက်ရှိ)ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

    ဂြိုလ်တုတစ်ခုနှင့် ချိတ်ဆက်ရန် ဘယ် သို့မဟုတ် ညာဘက်သို့ ရွှေ့ရန် လိုအပ်လျှင် သင်၏ iPhone သည် လမ်းညွှန်ချက် ပေးမည်ဖြစ်ပြီး—ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

    မှတ်စု သင့်တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် ပေးပို့ရန် မိနစ်အနည်းငယ် ကြာနိုင်သည်၊ မက်ဆေ့ချ်ပို့သည်အထိ မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို ဆက်လက်လိုက်နာပါ။

သင်၏ တည်နေရာကို 15 မိနစ်တစ်ကြိမ် ပို့နိုင်ပါသည်။ သင့်တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် ပေးပို့သည့်အခါ Find My အက်ပ်တွင် သင့်သူငယ်ချင်း၏တည်နေရာကို သင်မတွေ့ရတော့ပါ။

ဂြိုလ်တုမှတစ်ဆင့် သင့်သူငယ်ချင်းမှပို့လိုက်သော တည်နေရာကို ကြည့်ခြင်း

ဂြိုလ်တုမှတစ်ဆင့် သင့်သူငယ်ချင်းမှပို့လိုက်သော တည်နေရာကို ကြည့်နိုင်ရန် သင်၏ iPhone (iPhone 14 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများမလိုအပ်ပါ) တွင် iOS 16.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားကို သွင်းထားရန် လိုအပ်သည်။

အဆက်အသွယ်တစ်ဦးသည် သူတို့၏တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် သင့်ထံပေးပို့သောအခါ သူတို့၏ပုံဘေးတွင် ဂြိုလ်တုသင်္ကေတတစ်ခု ပေါ်လာပြီး Find My အက်ပ်ရှိ Satellite Location သည် စာသားတွင် ပေါ်လာမည်ဖြစ်သည်။ သူတို့၏ လတ်တလောတည်နေရာကို 7 ရက်အထိ ကြည့်ရှုနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.