ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အယ်လ်ဘမ်များထဲ၌ ဓာတ်ပုံများ ပေါင်းထည့်၊ ဖျက်ပစ်၊ ရှာဖွေခြင်း

Photos အက်ပ်တွင် သင်ဖန်တီးထားသော အယ်လ်ဘမ်များ၌ ဓာတ်ပုံနှင့်ဗီဒီယိုများကို ထည့်သွင်းနိုင်သကဲ့သို့ ဖျက်ပစ်နိုင်သည်။ သင်ရှာမည့် သီးခြားဓာတ်ပုံများနှင့် ဗီဒီယိုများကို အမြန်ရှာတွေ့ရန် အယ်လ်ဘမ်တစ်ခုထဲတွင်လည်း ရှာနိုင်သည်။

ရှိပြီးသားအယ်လ်ဘမ်တစ်ခုသို့ ဓာတ်ပုံများထည့်သွင်းခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Albums ကိုနှိပ်ကာ ထိုအယ်လ်ဘမ်ကိုနှိပ်ပါ။

  3. အယ်လ်ဘမ်၏ ဓာတ်ပုံဂရစ်ထဲရှိ နောက်ဆုံးဓာတ်ပုံနောက်ရှိ Add ခလုတ် ကိုနှိပ်ပါ။

  4. အယ်လ်ဘမ်ထဲသို့ သင်ထည့်ချင်သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို နှိပ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။

    အကြံပြုချက် သင်ပေါင်းထည့်လိုသည့် သီးခြားအချိန် သို့မဟုတ် နေရာတစ်ခုခုမှ ဓာတ်ပုံများကို ရှာရန် ဖန်သားပြင်ထိပ်ဆုံးရှိ ရှာဖွေခြင်းနယ်ပယ်ကို အသုံးပြုပါ။

ထို့အပြင် သင်သည် အယ်လ်ဘမ်တစ်ခုထဲသို့ သီးခြားဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း တိုက်ရိုက်ပေါင်းထည့်နိုင်ပါသည်။ ဖန်သားပြင်အပြည့်ကြည့်လိုသည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုနှိပ်ပါ၊ More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add to Album ကိုနှိပ်ပါ။

အယ်လ်ဘမ်တစ်ခုထဲမှဓာတ်ပုံများကို ဖျက်ပစ်ခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Albums ကိုနှိပ်ပါ၊ အဆိုပါအယ်လ်ဘမ်ကိုနှိပ်ပါ၊ ထို့နောက် သင်ဖယ်ရှားလိုသည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုနှိပ်ပါ။

  3. Delete ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ တစ်ခုကိုရွေးချယ်ပါ၊

    • Album မှ ဖယ်ရှားခြင်း၊ ထို အယ်လ်ဘမ်မှ ၎င်းဓာတ်ပုံကို ဖယ်ရှားလိုက်သော်လည်း အခြားအယ်လ်ဘမ်များနှင့် သင့်ဓာတ်ပုံစုစည်းမှုတွင် ကျန်နေဦးမည်။

    • ဖျက်သိမ်းရန်၊ ၎င်းဓာတ်ပုံကို အယ်လ်ဘမ်များအားလုံးနှင့် သင့်ဓာတ်ပုံစုစည်းမှုမှ ဖယ်ရှားလိုက်ပြီး Recently Deleted သို့ ရွှေ့လိုက်သည်။

အယ်လ်ဘမ်တစ်ခုတွင် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများစွာကို ဖယ်ရှားလိုပါက Select ကိုနှိပ်ပါ ပြီးလျှင် သင် ဖယ်ရှားလိုသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုပုံသေးများကို နှိပ်ပါ၊ ထို့နောက် Delete ခလုတ်ကိုနှိပ်ပါ။

အယ်လ်ဘမ်တစ်ခုထဲတွင် ဓာတ်ပုံများရှာဖွေခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Albums ကိုနှိပ်ပါ၊ ထို့နောက် သင်သွားရှာကြည့်လိုသည့်အယ်လ်ဘမ် ကိုနှိပ်ပါ။

  3. More ခလုတ်ကိုနှိပ်ပါ၊ ထိုနောက် Search ကိုနှိပ်ပါ။

  4. သင်ရှာမည့် လူပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် အမျိုးအစားကို ရိုက်ထည့်ပါ၊ ထို့နောက် Search ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.