ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်တိုက်ရိုက်စကားပြောခြင်းကို အသုံးပြုပြီး စကားပြောရန်စာရိုက်ပါ

သင်စကားမပြောနိုင်ပါက သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ သင့်စကားပြောနိုင်စွမ်း ဆုံးရှုံးလိုက်ရပါက လူချင်းပြောဆိုသည့် စကားဝိုင်းများအတွင်းနှင့် FaceTime ကဲ့သို့အက်ပ်များအတွင်းတွင် သင်စာရိုက်သည်ကို အသံထွက်ပြောပေးစေရန် iPhone ရှိ Live Speech ကိုသုံးနိုင်သည်။ ဒါဇင်နှင့်ချီသော စနစ်အသံများမှ ရွေးချယ်နိုင်သည် သို့မဟုတ် သင်ဖန်တီးထားသော ကိုယ်ပိုင်အသံတစ်ခုကို အသုံးပြုနိုင်သည်။

မှတ်စု Live Speech ကိုဘာသာစကားအားလုံးဖြင့် အသုံးပြု၍မရပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

Live Speech ကိုဖွင့်ခြင်း

  1. Settings  > Accessibility > Live Speech သို့သွားပါ၊ ထို့နောက် Live Speech ကို ဖွင့်ပါ။

  2. အသံတစ်ခုရွေးချယ်ပါ။ သင်၏ ကိုယ်ပိုင်အသံအပါအဝင် သင်ရွေးချယ်သည့်မည်သည့်အသံနှင့်မဆို Live Speech ကိုအသုံးပြုနိုင်သည်။

  3. ဘေးခလုတ် ဒါမဟုတ် Home ခလုတ်ကို (သင့် iPhone အမျိုးအစားပေါ်တွင်မူတည်၍) သုံးကြိမ်ဆက်တိုက်နှိပ်ပါ၊ ထို့နောက် Live Speech ကိုနှိပ်ပါ (အသုံးပြုရလွယ်သော အလွယ်သုံးပုံစံအား လုပ်ဆောင်ချက်တစ်ခုထက်ပို၍ စီမံသတ်မှတ်ထားပါက။)

သင်ရိုက်ထားသောအရာကို အသံထွက်ပြောဆိုသည်အား နားထောင်ခြင်း

  1. Live Speech ကိုသင်ဖွင့်ပြီးလျှင် သင်အသံထွက်၍ ပြောဆိုစေချင်သည်အား Live Speech အကွက်ထဲတွင် ရိုက်ထည့်ပါ။

    ထိုဝင်းဒိုထဲသို့ ကူးယူထားသောစာသားကိုလည်း ကူးထည့်နိုင်သည် သို့မဟုတ် သင်စာရိုက်နေစဥ် စာရိုက်ခလုတ်ခုံအပေါ်၌ပေါ်လာသော အကြံပေးစကားလုံးများကိုနှိပ်နိုင်သည်။

  2. သင့်စာသားအား အသံထွက်ပြောစေရန် Speak ကိုနှိပ်ပါ။

သင်သည် FaceTime ခေါ်ဆိုမှုတစ်ခုအတွင်းရှိနေပါက Live Speech ကိုခေါ်ဆိုမှု၏ အခြားတစ်ဘက်တွင် ထုတ်ပြောပေးသည်။ သို့မဟုတ်လျှင် သင့် iPhone ရှိ စကားပြောစက်မှ Live Speech ကိုထုတ်ပြောပေးသည်။

သိမ်းဆည်းထားသော စကားစုများကို အသံထွက်၍ပြောစေခြင်း

Live Speech ကိုသုံးကာ သင်မကြာခဏအသုံးပြုသော စကားစုများစာရင်းမှ ရွေးချယ်နိုင်သည်။

  1. Live Speech ကိုသင်ဖွင့်ပြီးနောက်၊ Live Speech ဝင်းဒိုး၏ထိပ်တွင်ရှိသော Keyboard ကိုနှိပ်ပါ။

  2. Recent သို့မဟုတ် Saved ကဲ့သို့ အမျိုးအစားတစ်ခုကိုနှိပ်ပါ၊ ထို့နောက် စကားစုတစ်ခုကိုအသံထွက်ပြောရန် ထိုစကားစုကိုနှိပ်ပါ။

  3. သင်သိမ်းဆည်းထားသော စကားစုများကို ဖျောက်ရန်နှင့် စာရိုက်ခလုတ်ခုံကိုသုံး၍ စာရိုက်ခြင်းဆီသို့ပြန်သွားရန် Live Speech ဝင်းဒိုးထိပ်ရှိ Phrases ကိုနှိပ်ပါ။

သိမ်းဆည်းထားသော စကားစုများကို ပေါင်းထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း

သင်မကြာခဏအသုံးပြုသော သိမ်းဆည်းထားသည့် စကားစုများစာရင်းသို့ စကားစုများပေါင်းထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း။

  1. Settings  > Accessibility > Live Speech ကိုသွားပါ၊ ထို့နောက် Phrases ကိုနှိပ်ပါ။

  2. Saved သို့မဟုတ် သင်ဖန်တီးထားသော အခြားအမျိုးအစားကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • သိမ်းဆည်းထားသော စကားစုတစ်ခုအား ပေါင်းထည့်ခြင်း၊ Add Phrase ခလုတ်ကိုနှိပ်ပါ၊ စာသားကွက်လပ်ထဲတွင် သင့်စကားစုကိုရိုက်ထည့်ပါ၊ ထို့နောက် Save ကိုနှိပ်ပါ။

    • သိမ်းဆည်းထားသော စကားစုတစ်ခုကို ဖယ်ရှားခြင်း၊ စကားစုတစ်ခုကိုနှိပ်ပါ၊ ထို့နောက် Delete Phrase ကိုနှိပ်ပါ။

သိမ်းဆည်းထားသော စကားစုများအတွက် အမျိုးအစားများဖန်တီးခြင်း

သင်သိမ်းဆည်းထားသော စကားစုများကို၊ အလုပ်၊ ကျောင်း၊ သို့မဟုတ် ဂိမ်းကစားခြင်းတို့ကဲ့သို့—မတူညီသော လုပ်ငန်းဆောင်တာများကဲ့သို့ အမျိုးအစားများထဲ စုစည်းခြင်း။

  1. Settings  > Accessibility > Live Speech ကိုသွားပါ၊ ထို့နောက် Phrases ကိုနှိပ်ပါ။

  2. Add Category ခလုတ်ကိုနှိပ်ပါ၊ အမျိုးအစားအတွက် အမည်တစ်ခုထည့်သွင်းပါ၊ သင်္ကေတတစ်ခုကိုရွေးပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

ဖုန်းခေါ်ဆိုမှုများအတွင်းသို့ တခြားအက်ပ်များမှ အသံများကို ခွင့်ပြုခြင်း

အသံဖြင့် ခေါ်ဆိုမှုများနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုများအတွင်းသို့ တခြားအက်ပ်များမှ အသံများကိုလည်း ကြားနိုင်ရန် လုပ်ဆောင်ပေးထားနိုင်ပြီး အကယ်၍ သင်သည် စကားပြောဆိုခြင်းနှင့် ဆက်သွယ်ခြင်းအတွက် အထောက်အကူပေးနိုင်သည့် အက်ပ်များကို အသုံးပြုထားပါက ၎င်းသည် အလွန်အထောက်အကူဖြစ်စေနိုင်သည်။

  1. Settings  > Accessibility > Audio & Visual သို့သွားပါ၊ ထို့နောက် Calls တွင် Add Audio ကိုနှိပ်ပါ။

  2. ခေါ်ဆိုမှုများတွင် Allow Apps to Add Audio ကိုဖွင့်ထားပါ။

    အဆိုပါနည်းလမ်းကို ဖွင့်ထားသည့်အခါ အသံနှင့် မိုက်ခရိုဖုန်းထည့်သွင်းမှုများလည်း ဖုန်းခေါ်ဆိုမှုများအတွက် ပါဝင်မှာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း အသံများအားလုံးကို အသံပိတ်ထားရန် မိုက်ခရိုဖုန်းကို အသံပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.