ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဖောင်ဖြည့်ခြင်း၊ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပြီး လက်မှတ်များ ဖန်တီးပါ။

သင့် iPhone တွင် လက်ခံရရှိသော ပုံစံများကို ဖြည့်၍ စာရွက်စာတမ်းများကို လက်မှတ်ထိုးနိုင်သည်။ ပုံစံတစ်ခုကို ဖြည့်စွက်ပြီးနောက် သင့်လက်မှတ်ကို ထည့်သွင်းကာ အခြားသူများထံ မျှဝေနိုင်သည်။ သင် Contacts အက်ပ်ထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက်ဖြင့် ပုံစံများ အမြန်ဖြည့်ရန် AutoFill ကိုလည်း အသုံးပြုနိုင်သည်။ အထောက်အကူပြုထားသော အက်ပ်များတွင် သင့်လက်မှတ်ကို စာရွက်စာတမ်းတစ်ခုသို့ထည့်ရန် Markup ကိုသုံးနိုင်သည် သို့မဟုတ် မတူညီသောပုံများနှင့်စာရွက်စာတမ်းများတွင်အသုံးပြုရန် လက်မှတ်များစွာကိုဖန်တီးနိုင်သည်။

ပုံစံများကို ဖြည့်၍ လက်မှတ်များပေါင်းထည့်ခြင်း

  1. သင်ဖွင့်ချင်သည့် ဖိုင်သို့သွားပါ။

  2. စာရွက်စာတမ်းကို ဖွင့်ရန် ဖိုင်ကို နှိပ်ပါ။

    ပေါ်လာပါက Files အက်ပ်အတွင်း စာရွက်စာတမ်းကို ဖွင့်ပါ၊ ထို့နောက် Save ကိုနှိပ်ပါ။

  3. AutoFill ခလုတ်ကို နှိပ်ပါ၊ ထို့နောက်ဖန်သားပြင်ပေါ် စာရိုက်ခလုတ်ခုံကို အသုံးပြု၍ စာသားထည့်သွင်းရန် ကွပ်လပ်တစ်ခုကိုနှိပ်ပါ။

  4. နောက်ကွက်လပ်တစ်ခုဖြည့်ရန် ၎င်းကိုနှိပ်ပါ၊ ထို့နောက် စာသားထည့်သွင်းပါ။

  5. ပုံစံသို့ ထပ်ဆောင်းစာသားထည့်ရန် သို့မဟုတ် သင့်လက်မှတ်ထည့်ရန် Add ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ပါ၊

    • စာသား ထည့်ခြင်း၊ Add Text Form Box ကိုနှိပ်ပါ၊ ပုံစံပေါ်ရှိ သင်ထားလိုသောနေရာသို့ စာသားအကွက်ကို ဆွဲပါ၊ ထို့နောက် ဖန်သားပြင်ပေါ် စာရိုက်ခလုတ်ခုံကို အသုံးပြု၍ စာသားထည့်သွင်းပါ။

    • သင်၏ လက်မှတ်ထည့်ခြင်း၊ Add Signature ကိုနှိပ်ပါ၊ သင့်လက်ချောင်းဖြင့် အမည်ကိုလက်မှတ်ထိုးပါ၊ ထို့နောက် Done ကိုနှိပ်ပါ။ စာရွက်စာတမ်းတွင် ပေါ်လာစေရန် သင်ထားချင်သည့်နေရာသို့ သင့်လက်မှတ်ကို ဆွဲယူသွားပါ။

  6. ပြီးလျှင် ဖြည့်စွက်ပြီးသည့်စာရွက်စာတမ်းကို Mail၊ Messages သို့မဟုတ် AirDrop အသုံးပြု၍ မျှဝေရန် Share ခလုတ် ကိုနှိပ်ပါ။

  7. စာရွက်စာတမ်းကို ပိတ်ရန် Done ကို နှိပ်ပါ။

AutoFill ဖြင့် ပုံစံများဖြင့်ခြင်း

သင်သည် Contacts အက်ပ်ထဲရှိ သင့် My Card ကို ဖြည့်ပြီးသည်နှင့် ပံ့ပိုးထားသော ပုံစံများနှင့် စာရွက်စာတမ်းများတွင် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို အမြန်ဖြည့်ရန် AutoFill ကို အသုံးပြုနိုင်သည်။

  1. သင်ဖွင့်ချင်သည့် ဖိုင်သို့သွားပါ။

  2. စာရွက်စာတမ်းကို ဖွင့်ရန် ဖိုင်ကို နှိပ်ပါ။

    ပေါ်လာပါက Files အက်ပ် အတွင်း စာရွက်စာတမ်းကို ဖွင့်ပါ၊ ထို့နောက် Save ကိုနှိပ်ပါ။

  3. AutoFill ခလုတ်ကို နှိပ်ပါ၊ ထိုနောက် ကွက်လပ်တစ်ခုကို နှိပ်ပါ။

  4. ကွက်လပ်ကို ဖြည့်ရန် သင်သိမ်းဆည်းထားသော အဆက်အသွယ်အချက်အလက်မှ ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။

    မိသားစုဝင် သို့မဟုတ် စောင့်ရှောက်သူကဲ့သို့သော သင့်အဆက်အသွယ်စာရင်းမှ အခြားတစ်ယောက်၏ သတင်းအချက်အလက်ကို ထည့်သွင်းရန် AutoFill ကို အသုံးပြုရန် Choose other ကို နှိပ်ပါ။

  5. ၎င်းကို ရွေးချယ်ရန် မည်သည့် ကွက်လပ်ကိုမဆို နှိပ်ပါ၊ ထို့နောက် ဖန်သားပြင် စာရိုက်ခလုတ်ခုံအသုံးပြုခြင်းကို ပြောင်းလဲမှုများ ပြုလုပ်ရန် ထပ်နှိပ်ပါ။

  6. စာရွက်စာတမ်းကို ပိတ်ရန် Done ကို နှိပ်ပါ။

Markup ဖြင့် သင့်လက်မှတ်ကို ထည့်ခြင်း

Mail၊ Messages၊ Notes နှင့် Photos ကဲ့သို့ ထောက်ပံ့ပေးထားသော အက်ပ်များတွင် သင့်ပုံများနှင့် စာရွက်စာတမ်းများအတွင်း သင့်လက်မှတ်ထည့်ရန် Markup ကိရိယာများကို အသုံးပြုနိုင်သည်။

  1. အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင် Markup ခလုတ် သို့မဟုတ် Markup ကိုနှိပ်ပါ။

  2. Markup ကိရိယာဘားတွင် Add ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။

  3. သင့်အမည်ကို လက်မှတ်ထိုးရန် လက်ချောင်းကိုအသုံးပြုပါ။

    သင့်လက်မှတ်ပြန်လည်လုပ်ဆောင်ရန် Clear ကိုနှိပ်၍ သင့်အမည်ကို နောက်တစ်ကြိမ် လက်မှတ်ထိုးပါ။

  4. Done ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါချိန်ညှိမှုများမှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊

    • လက်မှတ်ကို နေရာရွှေ့ခြင်း၊ ၎င်းကိုဆွဲပါ။

    • လက်မှတ်ကို အရွယ်အစားပြန်ပြောင်းခြင်း၊ ကောက်ကြောင်းတလျောက် အစက်တိုင်းကိုဆွဲပါ။

    • လက်မှတ်၏ မျဉ်းအထူ သို့မဟုတ် အရောင်ကို ချိန်ညှိခြင်း၊ Markup ကိရိယာဘားအတွင်း ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။

    • လက်မှတ်ကို ဖြတ်ယူခြင်း၊ ကူးယူခြင်း၊ ပွားခြင်း၊ မျှဝေခြင်း သို့မဟုတ် ဖျက်ခြင်း၊ လက်မှတ်၏ဘေးရှိ More ခလုတ် ကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကို နှိပ်ပါ။

  5. လက်မှတ်ကို ချိန်ညှိခြင်းပြီးဆုံးသည့်အခါ စာသားအကွက် ပြင်ပကို နှိပ်ပါ။

လက်မှတ်များ ထည့်ခြင်း သို့မဟုတ် ဖျက်ခြင်း

လက်မှတ်တစ်ခု ဖန်တီးပြီးသည့်နောက် Markup နှင့် ထည့်ထားသော လက်မှတ်တစ်ခုကို သင်နောက်တစ်ကြိမ်နှိပ်သည့်အခါ ၎င်းကို အသုံးပြုနိုင်ရန် iPhone က သိမ်းဆည်းထားပေးသည်။ အမည်ပြောင် သို့မဟုတ် အစစာလုံးများ ကဲ့သို့ လက်မှတ်ပေါင်းများစွာကို ဖန်တီးနိုင်သည် သို့မဟုတ် လက်မှတ်များကို ဖျက်ပစ်နိုင်သည်။

  1. အထောက်အပံ့ပေးထားသည့် အက်ပ်တစ်ခုတွင် Markup ခလုတ် သို့မဟုတ် Markup ကိုနှိပ်ပါ။

  2. Markup ကိရိယာဘားတွင် Add ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။

  3. Add သို့မဟုတ် Remove Signature ကိုနှိပ်ပါ၊ ထို့နောက် လက်မှတ်အသစ်တစ်ခု ဖန်တီးရန် Add ခလုတ် ကိုနှိပ်ပါ။

  4. New Signature ဘေးရှိ မြားကိုနှိပ်ပါ၊ ထို့နောက် ပေးထားသောအမည်၊ အမည်ပြောင် သို့မဟုတ် အစစာလုံးများ ကဲ့သို့ သင်ထည့်လိုသည့် လက်မှတ်အမျိုးအစားကို နှိပ်ပါ။

  5. လက်မှတ်ရေးထိုးရန် သင့်လက်ချောင်းကို အသုံးပြုပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

လက်မှတ်တစ်ခု ကိုဖျက်ရန် Add ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add Signature ကိုနှိပ်ပါ။ Add or Remove Signature ကိုနှိပ်ပါ၊ ထို့နောက် သင်ဖျက်လိုသည့် လက်မှတ်များ၏ဘေးရှိ Delete ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.