ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ရှာခြင်း

Files အက်ပ်တွင် သင့် စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် အခြားဖိုင်များကို သင် ရှာဖွေပြီး ကြည့်နိုင်သည်။

ဒေါင်းလုတ်ဆွဲထားခဲ့သော ဖိုင်များကို ရှာဖွေပါ

သင်၏ iPhone ထဲသို့ အင်တာနက်မှဖိုင်များကို ဒေါင်းလုတ်ဆွဲထားလိုက်သောအခါ Downloads စုစည်းမှုများတွင် ၎င်းတို့ကိုရှာတွေ့နိုင်သည်။

  1. သင့် iPhone ရှိ Files အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Browse ကိုနှိပ်ပါ။

  3. ဒေါင်းလုတ်လုပ်ထားသောဖိုင်များကို ကြည့်နိူင်ရန် Downloads ဖိုဒါကိုနှိပ်ပါ။

သတ်သတ်မှတ်မှတ်ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို ရှာခြင်း

  1. သင့် iPhone ရှိ Files အက်ပ် ကိုသွားပါ။

  2. ရှာဖွေမှုနေရာတွင် ဖိုင်အမည်၊ ဖိုင်တွဲအမည်၊ သို့မဟုတ် စာဖိုင်အမျိုးအစားကို ရိုက်ထည့်ပါ။

    သင်ရှာဖွေသည့်အခါ ဤရွေးချယ်ခွင့်များရှိသည်၊

    • သင့်ရွေးချယ်မှုများ၏အဓိကနယ်ပယ်ကို အာရုံစိုက်ခြင်း၊ ရှာဖွေမှုကွက်လပ်အောက်တွင် Recents သို့မဟုတ် တည်နေရာ သို့မဟုတ် အညွန်းအမည်ကိုနှိပ်ပါ။

    • စာရိုက်ခလုတ်ခုံကိုဝှက်ရန်နှင့် ဖန်သားပြင်ပေါ်တွင် ရလဒ်များပိုမိုမြင်ရရန်၊ Search ကိုနှိပ်ပါ။

    • ရှာဖွေမှုအသစ်တစ်ခုကို စတင်ရန်၊ ရှာဖွေမှုကွက်လပ်တွင် Clear Text ခလုတ် ကိုနှိပ်ပါ။

    • ရလဒ်တစ်ခုကိုဖွင့်ရန်၊ ၎င်းကိုနှိပ်ပါ။

ဖိုင်နှင့် ဖိုင်တွဲများကို ရှာဖွေရန်

  1. သင့် iPhone ရှိ Files အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Browse ကို နှိပ်ပါ၊ ထို့နောက် Browse ဖန်သားပြင်ပေါ်ရှိ စာရွက်စာတမ်းတစ်ခုကိုနှိပ်ပါ။

    Browse ဖန်သားပြင်ကိုမမြင်ရလျှင် Browse ကိုထပ်နှိပ်ပါ။

  3. လတ်တလောဖွင့်ထားသည့်ဖိုင်များကိုကြည့်ရန် ဖန်သားပြင်အောက်ခြေရှိ Recents ကိုနှိပ်ပါ။

  4. ဖိုင်တစ်ခု၊ တည်နေရာ သို့မဟုတ် ဖိုင်တွဲကို ကိုဖွင့်ရန် ၎င်းကိုနှိပ်ပါ။

    မှတ်စု ဖိုင်တစ်ခုကိုဖန်တီးပေးနိုင်သည့်အက်ပ်ကို မထည့်သွင်းရသေးလျှင် Quick Look တွင် ၎င်းဖိုင်၏နမူနာပုံပေါ်နေမည်။

ဖိုင်တွဲများကို စိတ်ကြိုက်အရာများ သို့မဟုတ် နာမည်အညွှန်းများပေါင်းထည့်ခြင်းအကြောင်း အချက်အလက်များအတွက် ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို အမှတ်အသားကတ်တပ်ခြင်း ကိုကြည့်ပါ။

ဖိုင်များနှင့် ဖိုင်တွဲများကို ခွဲခြားထားပုံပြောင်းလဲခြင်း

  1. သင့် iPhone ရှိ Files အက်ပ် ကိုသွားပါ။

  2. ဖွင့်ထားသော တည်နေရာ သို့မဟုတ် ဖိုင်တွဲတစ်ခုမှMore ခလုတ်ကိုနှိပ်ပါ။

  3. ရွေးစရာတစ်ခုကိုရွေးချယ်ခြင်း၊ Name၊ Kind၊ Date၊ Size သို့မဟုတ် Tags။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.