ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

နောက်ဆုံးပေါ်မျိုးဆက် Photographic Styles ကို အသုံးပြုပါ

သင့် iPhone ကင်မရာဖြင့် ဓာတ်ပုံများအား မည်သို့ရိုက်ကူးသည်ကို သတ်မှတ်ပေးရန်အတွက် iPhone 16၊ iPhone 16 Plus၊ iPhone 16 Pro နှင့် iPhone 16 Pro Max အမျိုးအစားများတွင် နောက်ဆုံးပေါ်မျိုးဆက် Photographic Styles ကိုအသုံးပြုနိုင်သည်။ Photographic Styles သည် သင်လိုချင်သော ပုံစံအတိအကျကိုဖန်တီးရန်အတွက် သင့်ဓာတ်ပုံများ၏ အချို့အပိုင်းများရှိ တိကျသောအရောင်များကို ချိန်ညှိပေးသည်။ သင့် Photographic Style ကို သိမ်းဆည်းထားပြီး သင်ရိုက်ကူးသော ဓာတ်ပုံတိုင်းတွင် ပြန်လည်အသုံးပြုသည်။ Photographic Style တစ်ခုအား သင်ရွေးချယ်ပြီးနောက် ၎င်းကို Camera ထဲတွင် ချိန်ညှိမှုများပြုလုပ်နိုင်သည် သို့မဟုတ် Photos အက်ပ်ထဲတွင် ပြင်ဆင်နိုင်သည်။

မှတ်စု Photos အက်ပ်တွင် Photographic Styles ကို ပြုပြင်ရန် Camera သည် High Efficiency ဓာတ်ပုံရိုက်ကူးမှုဖြင့် ဓာတ်ပုံများကို ရိုက်ရန် လိုသည်။ High Efficiency ကို ဖွင့်ရန် Settings > Camera > Formats ကိုသွားပါ၊ ထို့နောက် High Efficiency ကိုနှိပ်ပါ။

iPhone 16၊ iPhone 16 Plus၊ iPhone 16 Pro သို့မဟုတ် iPhone 16 Pro Max မှလွဲ၍ ထောက်ပံ့ပေးထားသော အမျိုးအစားများတွင် Photographic Styles ကိုအသုံးပြုရန် သင်၏ iPhone ကင်မရာဖြင့် Photographic Styles ကို အသုံးပြုခြင်းကိုကြည့်ပါ။

သင့်ပုံသေ Photographic Style ကိုရွေးချယ်ခြင်း

စတင်ရန်အတွက် သင့် iPhone ကင်မရာအား အသုံးပြုစေလိုသော ပုံသေ Photographic Style ကို ရွေးချယ်ပါ။ သင်ရွေးချယ်လိုက်သော Photographic Style သည် သင့်ကင်မရာမှ ရိုက်ကူးသောအသားအရေ အရိပ်သန်းအရောင်သို့ သီးခြားသတ်မှတ်ထားမည်ဖြစ်သည်။ ပုံသေပုံစံတစ်ခုကို သင်ရွေးချယ်ပြီးလျှင် သင်ဓာတ်ပုံမရိုက်ခင် Camera ထဲတွင် အမြဲချိန်ညှိနိုင်သည် သို့မဟုတ် ကွဲပြားသောပုံစံတစ်ခုကို အမြဲရွေးချယ်နိုင်သည် (အောက်မှ ကွဲပြားသော Photographic Style တစ်ခုကို အသုံးပြုခြင်းကို၊ ကြည့်ပါ။)

  1. Settings > Camera > Photographic Styles သို့သွားပါ။

  2. Get Started ကိုနှိပ်ကာ မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

    မှတ်စု Photographic Style တစ်ခုကို ရွေးချယ်ခြင်းမပြုမီ သင့် iPhone ကင်မရာဖြင့်အနည်းဆုံး ဓာတ်ပုံလေးပုံရိုက်ကူးထားပြီးဖြစ်ရန်လိုသည်။

သင့် Photographic Style အား ချိန်ညှိခြင်း

သင့် iPhone 16၊ iPhone 16 Plus၊ iPhone 16 Pro သို့မဟုတ် iPhone 16 Pro Max တို့တွင် ပုံသေ Photographic Style တစ်ခုကို ရွေးချယ်ပြီးသောအခါ Camera ထဲတွင် သင်ဓာတ်ပုံမရိုက်မီ ၎င်းပုံစံ၏အသွေး၊ အရောင်နှင့် ပြင်းအားကို အသေးစိတ်ချိန်ညှိနိုင်သည်။

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. ဖန်သားပြင်၏ ညာဘက်ထိပ်ရှိ Camera Control Status ကိုနှိပ်ပါ။

  3. အသွေးနှင့်အရောင်ကို တစ်ပြိုင်နက်ချိန်ညှိရန်အတွက်၊ Camera Control Status ပေါ်သို့ သင့်လက်ချောင်းအားဆွဲပါ။

  4. ပြင်းအားအဆင့်ကို ချိန်ညှိရန်အတွက် Camera Control Status အောက်ရှိ ဆလိုက်ဘားပေါ်သို့ သင့်လက်ချောင်းကိုဖိဆွဲပါ။

    ချိန်ညှိမှုများပြုလုပ်နေစဥ် အသွေး၊ အရောင်နှင့် ပြင်းအားတို့၏ တန်ဖိုးများကို ဖန်သားပြင်၏ထိပ်တွင် ပြသပေးထားသည်။ ထိုတန်ဖိုးများကို ပြန်လည်သတ်မှတ်ရန် မြားအဝိုင်းကိုနှိပ်ပါ။

  5. သင်ပြီးစီးသည့်အခါ Camera Control Status ကိုနှိပ်ပါ။

သင်ဓာတ်ပုံတစ်ပုံရိုက်ပြီးပါက Photos အက်ပ်ထဲတွင် Photographic Style တန်ဖိုးများကို ထပ်မံ၍ချိန်ညှိနိုင်ပါသည်။ ဓာတ်ပုံ၏ Photographic Style ကို ပြုပြင်ခြင်းကိုကြည့်ပါ။

ကွဲပြားသော Photographic Style တစ်ခုကို အသုံးပြုခြင်း

Camera ထဲတွင် သင်ဓာတ်ပုံတစ်ပုံ မရိုက်ကူးမီ ယေဘုယျသဘောထားကို ပြောင်းလဲရန်အတွက် မတူညီသော Photographic Style တစ်ခုကို ရွေးချယ်နိုင်သည်။

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. ဖန်သားပြင်၏ ညာဘက်ထိပ်ရှိ Camera Control Status ကိုနှိပ်ပါ။

  3. ပယင်းရောင်၊ နှင်းဆီရွှေရောင်၊ အရောင်ငြိမ် သို့မဟုတ် သိမ်မွေ့နူးညံ့မှုတို့ကဲ့သို့ ပုံစံအသစ်တစ်ခုကိုရွေးရန် ကင်မရာဘောင်ပေါ်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲပါ။

  4. သင်ပြီးစီးသည့်အခါ Camera Control Status ကိုနှိပ်ပါ။

Photographic Style တစ်ခုကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်သတ်မှတ်ခြင်း

သင့်ပုံသေ Photographic Style အား ဖျက်နိုင်သည် သို့မဟုတ် ပုံစံအသစ်တစ်ခုအား စီမံသတ်မှတ်နိုင်သည်။

  1. Settings > Camera > Photographic Styles သို့သွားပါ။

  2. လက်ရှိ Photographic Style ကို ပယ်ဖျက်ရန်အတွက် Reset to Standard ကိုနှိပ်ပါ၊ လက်ရှိ Photographic Style ကို ပယ်ဖျက်ပြီး ပုံစံအသစ်တစ်ခုရွေးရန် Get Started ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.