ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iOS 18 နှင့်တွဲဖက်သုံးနိုင်သော iPhone အမျိုးအစားများ

ဤလမ်းညွှန်သည် သင် iPhone ကိုစတင်အသုံးပြုရာတွင် အထောက်အကူဖြစ်စေပြီး အောက်ပါအမျိုးအစားများနှင့် တွဲဖက်သုံးနိုင်သော iOS 18.6 တွင် လုပ်ဆောင်နိုင်သည့် အံ့မခန်းအရာများအားလုံးကို ကူညီရှာဖွေပေးသွားမည်ဖြစ်သည်၊

သင်ဖုန်း၏လုပ်ဆောင်ချက်များနှင့် အက်ပ်များသည် သင်၏ iPhone အမျိုးအစား၊ နေရာဒေသ၊ ဘာသာစကားနှင့် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီတို့ပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်သည်။ သင်၏နေရာဒေသတွင် လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များကို သိရှိရရန် iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကိုကြည့်ပါ။

မှတ်စု cellular ကွန်ရက်မှတစ်ဆင့် အက်ပ်များနှင့် ဝန်ဆောင်မှုများကို ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်းများ သို့မဟုတ် အဝင်ခေါ် ဆိုမှုများကို ဖြေကြားပေးခြင်းများသည် အခကြေးငွေထပ်ဆောင်းပေးရနိုင်ပါသည်။ သင်၏ ဝန်ဆောင်မှုစီမံချက်နှင့် အခကြေးငွေတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအတွက် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်ပါ။

သင်၏ iPhone အမျိုးအစားနှင့် iOS ဗားရှင်းအမျိုးအစားခွဲခြားခြင်း

Settings  > General > About ကိုသွားပါ။ သင့် iPhone အကြောင်းသတင်းအချက်အလက်များရယူခြင်းကိုကြည့်ပါ။

ရုပ်ပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်များကိုကြည့်ပြီး သင့် iPhone အမျိုးအစားကိုဆုံးဖြတ်ရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့်သင့် iPhone အမျိုးအစားကို ဖော်ထုတ်ခြင်း ကိုကြည့်ပါ။

iOS အဆင့်မြှင့်ခြင်းများ ရယူခြင်း

သင့် iPhone ကို သင်၏အမျိုးအစားနှင့်တွဲဖက်သုံးနိုင်သော နောက်ဆုံး iOS software သို့အဆင့်မြှင့်ရန်၊ Settings  > General > Software Update ကိုသွားပါ။ iPhone တွင် iOS ဆော့ဝဲလ်ကိုအဆင့်မြှင့်ခြင်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.