ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Face ID နှင့် အာရုံစိုက်မှုချိန်ညှိခြင်းများကို ပြောင်းခြင်း

Face ID ပါဝင်သည့် iPhone တစ်လုံးတွင် ရုပ်ပိုင်းဆိုင်ရာနှင့် အမြင်ချို့ယွင်းမှုရှိလျှင် Face ID နှင့်အထူးအာရုံစိုက်ခြင်း ချိန်ညှိမှုများကို ချိန်ညှိနိုင်သည်။

Accessibility Options ဖြင့် Face ID ကို စီမံခြင်း

ပုံသေအားဖြင့်၊ Face ID ကို စီစဉ်ရာတွင် သင့်မျက်နှာပေါ်ရှိ ထောင့်များအားလုံးကို ပြသရန် သင့်ခေါင်းကို စက်ဝိုင်းပုံစံ ညင်သာစွာလှည့်ပေးရန် လိုအပ်သည်။ ခေါင်းလှုပ်ရှားမှုအပြည့်အဝမလုပ်ဆောင်နိုင်ပါကသင့်ဦးခေါင်းကိုရွေ့လျားခြင်းမရှိဘဲ Face ID ကိုစီစဉ်နိုင်သည်။

  1. Settings  > Face ID & Passcode သို့သွားပါ။

  2. Set Up Face ID ကိုနှိပ်ပါ၊ထို့နောက် Get Started ကိုနှိပ်ပါ။

  3. ဘောင်အတွင်း မျက်နှာကိုထားပါ၊ ထို့နောက် Accessibility Options ကိုနှိပ်ပါ။

Face ID သည် လုံခြုံဆဲဖြစ်သော်လည်း iPhone တွင် သင့်ပုံစံသည် တစ်သမတ်တည်းရှိရန် လိုအပ်သည်။

အထူးအာရုံစိုက်ခြင်းချိန်ညှိမှုများကိုပြောင်းလဲခြင်း

ထပ်တိုးလုံခြုံရေးအတွက် Face ID သည် ဖန်သားပြင်ကို သင်ကြည့်ပုံကိုထောက်လှမ်းပေးသည်။ သင့်မျက်လုံးများကိုဖွင့်၍ ယင်းဖန်သားပြင်ကိုကြည့်သည့်အခါတွင်သာ iPhone ဖွင့်သည်။ iPhone သည်သတိပေးချက်များနှင့် မက်ဆေ့ချ်များကိုလည်းဖော်ပြနိုင်သကဲ့သို့ ၎င်းတို့ကို သင်ဖတ်နေချိန်အတွင်း ဖန်သားပြင်ကို လင်းထားပေးခြင်း သို့မဟုတ် သတိပေးချက်အသံများကို လျှော့ပေးခြင်းတို့ ပြုလုပ်ပေးသည်။

သင့်ပုံစံအနေအထားကို iPhone စစ်ဆေးခြင်းမလုပ်လိုလျှင် အောက်ပါတို့ကို လုပ်ဆောင်ပါ၊

  1. Settings > Accessibility > Face ID & Attention သို့သွားပါ။

  2. အောက်ပါတို့မှနှစ်သက်ရာတစ်ခုကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ၊

    • Face ID အတွက်အထူးအာရုံစိုက်မှုလိုအပ်ခြင်း၊ iPhone ကို သင်ကြည့်လိုက်သည့်အခါမှသာ သော့ဖွင့်ပေးသည့် နောက်ထပ်လုံခြုံရေးအဆင့်တစ်ဆင့်ကို ပံ့ပိုးပေးထားသည်။

    • အာရုံစိုက်သတိပြုမိမှု လုပ်ဆောင်ချက်များ၊ iPhone သည် ဖန်သားပြင်မမှိန်ခင်၊ သော့ပိတ်သွားသည့်အခါ အကြောင်းကြားချက်ကို အကျယ်မပြခင် သို့မဟုတ် သတိပေးချက်တချို့အတွက် အသံကို မတိုးခင် အာရုံသတိပြုမှုရှိမရှိကို စစ်ဆေးသည်။

    • အောင်မြင်စွာအတည်ပြုခြင်းနှင့်ပတ်သက်သည့် Haptic၊ Face ID သည် iPhone ကိုအောင်မြင်စွာ သော့ဖွင့်နိုင်သည့်အခါ၊ Apple Pay ကိုခွင့်ပြုလိုက်သည့်အခါ သို့မဟုတ် iTunes နှင့် App Store ဝယ်ယူမှုများကို အတည်ပြုပေးသည့်အခါ haptic တခုပွင့်လာသည်။

    iPhone ကိုပထမဆုံးစီစဉ်သည့်အခါ VoiceOver ကိုဖွင့်ပါက အဆိုပါချိန်ညှိမှုများကိုပုံသေပိတ်ထားသည်။

မှတ်စု Face ID ကိုပိုမိုစိတ်ချမှုရှိစေရန်အထူးအာရုံစိုက်မှုလိုအပ်ခြင်း။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.