ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အင်တာနက်လိုင်းမဲ့ မြေပုံများကိုဒေါင်းလုတ်ရယူခြင်း

သင်၏ iPhone က အင်တာနက်လိုင်းမဲ့ ဖြစ်နေသည့်အခါတောင်မှ အသုံးပြုရန် ဧရိယာတစ်ခုကို သိမ်းဆည်းပြီး အသုံးပြနိုင်သည်။

Wi-Fi သို့မဟုတ် ဆယ်လူလာဝန်ဆောင်မှု မရရှိနိုင်သည့်အခါတောင်မှ နေရာကတ်များပေါ်ရှိ နာရီများနှင့်အဆင့်သတ်မှတ်ချက်များကဲ့သို့ အချက်အလက်များကို ကြည့်ရှုနိုင်သည်၊ ယာဉ်မောင်းနှင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် စီးနင်းမှု အကူးအပြောင်း အတွက် လမ်းချိုးအကွေ့ လမ်းညွှန်များကိုရယူနိုင်သည်။

မှတ်စု Offline maps များကို ရွေးချယ်ထားသော ဧရိယာများတွင် ရရှိနိုင်သည်။ လုပ်ဆောင်ချက်များသည် နိုင်ငံနှင့်ဒေသအလိုက် ကွဲပြားနိုင်သည်။ Automatic Updates သည် ပုံသေအားဖြင့်ပွင့်နေမည်ဖြစ်သည်။

အမျိုးသားဥယျာဉ်တစ်ခု၏ မြေပုံ။ ဥယျာဉ်ကို ဒေါင်းလုတ်ရယူရန် မြေပုံအရွယ်အစားပြောင်းလဲရန် နေရာရွှေ့နိုင်သည့် လက်ကိုင်များပါရှိသော ထောင့်မှန်စတုဂံတစ်ခုဖြင့် ဘောင်ခတ်ထားသည်။ ရွေးချယ်ထားသော မြေပုံ၏ ဒေါင်းလုတ်အရွယ်အစားကို မြေပုံအောက်ခြေအနီးတွင် ညွှန်ပြထားသည်။ Cancel နှင့် Download ခလုတ်များသည် ဖန်သားပြင်၏အောက်ခြေတွင်ရှိသည်။

မြေပုံများကို ဒေါင်းလုတ်ရယူခြင်း

  1. သင့် iPhone ရှိ Maps အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • ပင်အမှတ်အသားပေါ်လာသည်ထိ မြေပုံကို ထိ၍ထိန်းထားပါ၊ ထို့နောက် Download ကိုနှိပ်ပါ။

    • ရှာဖွေမှုအကွက်ဘေးမှ သင့်ရုပ်ပုံ သို့မဟုတ် နာမည်အစကိုနှိပ်ပါ၊ Offline Maps ကိုနှိပ်ပါ၊ New ကိုနှိပ်ပါ၊ ထို့နောက် ရှာဖွေမှုအကွက်ထဲတွင် တည်နေရာတစ်ခုရိုက်ထည့်ပါ သို့မဟုတ် Current Location ကိုနှိပ်ပါ။

  3. ရွေးချယ်ထားသောဧရိယာကို ချိန်ညှိပါ၊ ထို့နောက် Download ကိုနှိပ်ပါ။

    ဒေါင်းလုတ်ရယူမည့် မြေပုံအရွယ်အစားကို လျှော့ရန် ပိုသေးသော ဧရိယာကို ရွေးချယ်ပါ။

သင့်ချိန်ညှိမှုများကိုမပြောင်းလဲပါက ဒေါင်းလုတ်ရယူထားသောမြေပုံများသည် အလိုအလျောက်အချိန်နှင့်တစ်ပြေးညီဖြစ်နေမည်ဖြစ်သည်။

အကြံပြုချက် အနီးအနားတွင် သင့် iPhone မရှိသည့်တိုင်—သင့် iPhone ကို Apple Watch နှင့် တစ်ပြိုင်နက်ချိန်ကိုက်နိုင်ပြီး ဒေါင်းလုတ်ရယူထားသောမြေပုံများကို သွားလေရာ သယ်ဆောင်သွားနိုင်ပါသည်။ Apple Watch သုံးစွဲသူလမ်းညွှန်ရှိ Apple Watch တွင် အင်တာနက်လိုင်းမဲ့ မြေပုံများကို သုံးခြင်း ကိုကြည့်ပါ။

ဒေါင်းလုတ်ရယူခဲ့သော မြေပုံတစ်ခုကို ဖွင့်ခြင်း သို့မဟုတ် တည်းဖြတ်ခြင်း

အင်တာနက်မချိတ်ဆက်ထားသည့်အချိန် အသုံးပြုရန်ဒေါင်းလုတ်ရယူထားသော မည်သည့်မြေပုံမဆို သင့်အော့ဖ်လိုင်းမြေပုံများစာရင်းထဲတွင် ပေါ်နေမည်ဖြစ်သည်။

  1. သင့် iPhone ရှိ Maps အက်ပ် ကိုသွားပါ။

  2. ရှာဖွေကွက်လပ်ဘေးတွင် သင့်ပုံ သို့မဟုတ် နာမည်အစကိုနှိပ်ပါ၊ထို့နောက် Offline Maps ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • မြေပုံတစ်ခုကို ဖွင့်ခြင်း၊ ၎င်း၏နာမည်ကိုနှိပ်ပါ။

    • မြေပုံကို အမည်ပြန်ပေးခြင်း၊ ယင်းမြေပုံပေါ်တွင် ဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက် Rename နှိပ်ပါ။

    • မြေပုံတွင် အကျုံးဝင်သည့် ဧရိယာကို ပြောင်းလဲခြင်း၊ မြေပုံအမည်ကို နှိပ်ပါ၊ ထို့နောက် မြေပုံ၏ဓာတ်ပုံပေါ်ရှိ Resize ကိုနှိပ်ပါ။

မြေပုံအချက်အလက်ဒေါင်းလုတ်ရယူခြင်းများကို ထိန်းချုပ်ခြင်း

သင့်အချက်အလက်သိုလှောင်မှုလိုအပ်ချက်များနှင့် ဦးစားပေးအရာများကို မူတည်၍—မြေပုံဒေါင်းလုတ်ရယူသည့်အခါ သို့မဟုတ် မြေပုံကို အဆင့်မြှင့်တင်သည့်အခါမျိုးတွင် သင့်ချိန်ညှိမှုများကို ပြောင်းလဲနိုင်သည်။

  1. သင့် iPhone ရှိ Maps အက်ပ် ကိုသွားပါ။

  2. ရှာဖွေကွက်လပ်ဘေးတွင် သင့်ပုံ သို့မဟုတ် နာမည်အစကိုနှိပ်ပါ၊ထို့နောက် Offline Maps ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • Cellular ဖြင့် ဒေါင်းလုတ်ရယူခြင်း၊ Wi-Fi Only ကိုနှိပ်ပါ၊ ထို့နောက် Wi-Fi + Cellular ကိုရွေးချယ်ရန်နှိပ်ပါ။

    • အလိုအလျောက်အဆင့်မြှင့်လုပ်ဆောင်သောမြေပုံများ၊ Automatic Updates ကိုဖွင့်ပါ။

    • အသုံးမပြုသော မြေပုံများကို အလိုအလျောက် ဖျက်ခြင်း၊ Optimize Storage ကိုဖွင့်ပါ။

    • အွန်လိုင်းမြေပုံများအသုံးပြုခြင်း၊ Only Use Offline Maps ကိုပိတ်ပါ။

ဒေါင်းလုတ်ရယူထားသော မြေပုံများကို ဖယ်ရှားခြင်း

သင့် iPhone တွင် သိုလှောင်မှုနေရာကို နေရာလွတ်ရှိစေရန် ဒေါင်းလုတ်ရယူထားသော မြေပုံများကို ဖယ်ရှားနိုင်သည်။

  1. သင့် iPhone ရှိ Maps အက်ပ် ကိုသွားပါ။

  2. ရှာဖွေကွက်လပ်ဘေးတွင် သင့်ပုံ သို့မဟုတ် နာမည်အစကိုနှိပ်ပါ၊ထို့နောက် Offline Maps ကိုနှိပ်ပါ။

  3. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • မြေပုံတစ်ခုကို ကိုယ်တိုင်ဖယ်ရှားခြင်း၊ ယင်းမြေပုံပေါ်တွင် ဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

    • အသုံးမပြုသော မြေပုံများကို အလိုအလျောက် ဖျက်ခြင်း၊ Optimize Storage ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.