ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ iCloud ကိုအသုံးပြုခြင်း

သင်၏ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများ၊ အရန်ကူးယူမှုများနှင့် အခြားအရာတို့ကို iCloud မှ လုံခြုံစွာသိမ်းဆည်းပေးပြီး—သင်၏စက်ပစ္စည်းများအားလုံးတွင် ၎င်းတို့ကို အချိန်နှင့်တစ်ပြေးညီ—အလိုအလျောက် သိမ်းဆည်းပေးသည်။ iCloud ကိုအသုံးပြု၍ သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုဝင်များကို ဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ မှတ်စုများ၊ ဖိုင်တွဲများနှင့် ဖိုင်များကို မျှဝေနိုင်သည်။ သင့်ကို iCloud မှ အီးမေးလ်အကောင့်တစ်ခုပေးသလို သင်၏အချက်အလက်များအတွက် လစ်လပ်သိုလှောင်မှုကို 5 GB ထိပေးသည်။ သိုလှောင်မှုများထပ်တိုးရရှိရန်နှင့် ထပ်တိုးအင်္ဂါရပ်များရရှိရန် iCloud+ ကိုစာရင်းပေးသွင်းနိုင်ပါသည်။

မှတ်စု အချို့ iCloud အစီအစဉ်များတွင် အနည်းဆုံးစနစ်လိုအပ်ချက်များ ရှိသည်။ iCloud ရရှိနိုင်မှုနှင့်၎င်း၏အစီအစဉ်များသည်နိုင်ငံသို့မဟုတ်ဒေသအလိုက်အမျိုးမျိုးဖြစ်နိုင်သည်။

iCloud ကို စီမံခြင်း

  1. Settings  > [yourname] ကိုသွားပါ။

    သင်၏ နာမည်ကို မတွေ့ပါက Apple Account ကိုနှိပ်ပါ၊ ထို့နောက် သင်၏ Apple Account အကောင့်သို့ဝင်ရောက်ပါ။

  2. iCloud ကို နှိပ်ပါ၊ ထို့နောက် See All ကို နှိပ်ပါ၊ ထို့နောက် iCloud နှင့် သင်ချိန်သားကိုက်လိုသည့် အက်ပ်များနှင့် လုပ်ဆောင်ချက်များကို ဖွင့်ပါ။

    ဥပမာအားဖြင့် iCloud Drive အတွင်းရှိ သင်၏ ဖိုင်များကို သင်၏ တခြားစက်ပစ္စည်းများတွင် ရရှိနိုင်ရန် iCloud Drive ကိုဖွင့်ပါ။

    iCloud သိမ်းဆည်းမှုမီတာနှင့် iCloud နှင့် အသုံးပြုနိုင်သည့် Photos၊ iCloud Drive နှင့် iCloud Backup အပါအဝင်—အစီအစဉ်များစာရင်းကို ဖော်ပြထားသည့် iCloud ချိန်ညှိမှုများ ဖန်သားပြင်။

သင်၏အခြားစက်ပစ္စည်းများတွင် iCloud အင်္ဂါရပ်များကို စိတ်တိုင်းကျပြင်ဆင်နည်းအကြောင်း ပိုမိုသိရှိရန် iCloud အသုံးပြုသူလမ်းညွှန်ရှိ သင်၏စက်ပစ္စည်းများအားလုံးတွင် iCloud ထည့်သွင်းခြင်းနှင့် ချိန်ညှိချက်များပြင်ဆင်ခြင်း ကိုကြည့်ပါ။

iPhone တွင် iCloud သုံးရန်နည်းလမ်းများ

iCloud သည် သင်၏ iPhone ကို အလိုအလျောက်အရန်ကူးယူပေးနိုင်သည်။ iPhone ကို အရန်ကူးယူထားခြင်းကိုကြည့်ပါ။

iCloud တွင် သိမ်းဆည်းထားသော အောက်ပါသတင်းအချက်အလက်များကို ထိန်းသိမ်းနိုင်သလို သင်၏ iPhone နှင့် အခြား Apple စက်ပစ္စည်းများတွင်ပါ အချိန်နှင့်တစ်ပြေးညီ ထိန်းသိမ်းနိုင်သည်၊

အောက်ပါတို့ကိုလည်း လုပ်ဆောင်နိုင်သည်၊

ထပ်တိုးသိုလောင်မှုနှင့် iCloud Private Relay၊ Hide My Email နှင့် HomeKit Secure Video အထောက်အပံ့တို့ကို ဝင်ရောက်ခွင့်ရရန်အတွက် iCloud+ ကိုစာရင်းပေးသွင်းနိုင်သည်။

iPad၊ Apple Watch၊ Mac၊ Apple Vision Pro၊ Apple TV၊ Windows ကွန်ပျူတာနှင့် iCloud.comရှိ iCloud ဒေတာကိုလည်း ဝင်ရောက်နိုင်သည်။ ရရှိနိုင်သော အင်္ဂါရပ်များနှင့် သင်၏စက်ပစ္စည်းများအားလုံးတွင် လုပ်ဆောင်နည်းအကြောင်း ပိုမိုသိရှိရန် iCloud အသုံးပြုသူလမ်းညွှန်ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.