ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာဖြင့် QR ကုဒ်ကို စကင်န်ဖတ်ခြင်း

ဝက်ဘ်ဆိုက်များ၊ အက်ပ်များ၊ ကူပွန်များ၊ လက်မှတ်များ စသည်တို့နှင့် ချိတ်ဆက်ရန်အတွက် Quick Response (QR) ကုဒ်များကို စကင်န်ဖတ်ရန် သင့် iPhone ကင်မရာ သို့မဟုတ် Code Scanner ကိုသုံးနိုင်သည်။ ကင်မရာသည် QR ကုဒ်တစ်ခုကို အလိုအလျောက် ဖမ်းယူဖော်ပြပေးသည်။

QR ကုဒ်ကို ဖတ်ရန် ကင်မရာသုံးခြင်း

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. iPhone ကိုနေရာချပါ သို့မှသာ ကင်မရာရိုက်ကွက်ဘောင်အတွင်း QR ကုဒ်ပေါ်လာမည်ဖြစ်သည်။

  3. သက်ဆိုင်ရာဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်သို့ဝင်ရောက်ရန် ဖန်သားပြင်အောက်ခြေတွင်ပေါ်လာသော အသိပေးချက်ကို ထိနှိပ်ပါ။

အကြံပြုချက် iPhone 16၊ iPhone 16 Plus၊ iPhone 16 Pro နှင့် iPhone 16 Pro Max တို့တွင် Code Scanner တစ်ခုကိုဖွင့်ရန် Camera Control ကိုအသုံးပြုနိုင်ပါသည်။ iPhone တွင် အခြားအက်ပ်တစ်ခုကိုဖွင့်ရန် Camera Control ကို အသုံးပြုခြင်းကိုကြည့်ပါ။

Control Center သို့ Code Scanner အားပေါင်းထည့်ခြင်း

  1. Control Center ကိုဖွင့်ခြင်း

  2. ဖန်သားပြင်၏ နောက်ခံကို ထိပြီးထိန်းထားပါ၊ ထို့နောက် Add a Control ကိုနှိပ်ပါ။

  3. Control Center ပြခန်းထဲတွင် Scan Code ကိုနှိပ်ပါ၊ ထို့နောက် Control Center သို့ပြန်သွားရန် ဖန်သားပြင်ပေါ်ရှိ မည်သည့်နေရာကိုမဆို နှိပ်ပါ။

    မှတ်စု Control Center သို့ code scanner ထိန်းချုပ်မှုအား ထည့်ပြီးပါက နောင်အခါတွင်သုံးရန်အတွက် ၎င်းကိုထပ်၍ထည့်ရန် မလိုအပ်တော့ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.