ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်တွင် သင်၏ Calendar ချိန်ညှိခြင်းများကို ပြောင်းခြင်း

Calendar အက်ပ် တွင် iCloud၊ Google၊ Microsoft Exchange နှင့် Yahoo ကဲ့သို့ အကောင့်အမျိုးမျိုးကို သင်ပေါင်းထည့်နိုင်သည်။ သင့်အတွက်အဆင်အပြေဆုံးဖြစ်သည့်နည်းလမ်းဖြင့် သင့်ပြက္ခဒိန်ကိုပြသရန်နှင့် ပွဲအသစ်များကိုဖန်တီးရာတွင် ပိုမိုလွယ်ကူစေရန် အတွက် ပုံသေချိန်ညှိမှုများကိုပြောင်းနိုင်ပါသည်။ ဥပမာ၊ ပွဲအသစ်များအတွက် ပုံသေပြက္ခဒိန်ကို ရွေးချယ်နိုင်သည်၊ ပွဲအသစ်များ၏ကြာချိန်ကို ပြောင်းလဲနိုင်သည်၊ အစရှိသဖြင့်လုပ်နိုင်သည်။

iCloud၊ Google၊ Exchange သို့မဟုတ် Yahoo ပြက္ခဒိန်အကောင့်များကို စီမံခြင်း

  1. Settings  > Apps > Calendar ကိုသွားပါ။

  2. Calendar Accounts > Add Account ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • Mail ဝန်ဆောင်မှုတစ်ခု (ဥပမာ iCloud Microsoft Exchange သို့မဟုတ် Google) ကိုနှိပ်ကာ မှတ်ပုံတင်သွင်းပါ။

    • Other ကိုနှိပ်၍ Add CalDAV Account သို့မဟုတ် Add Subscribed Calendar ကိုနှိပ်ပြီးနောက် သင်၏ဆာဗာနှင့် အကောင့်အချက်အလက်များကို ထည့်သွင်းပါ။

CalDAV အကောင့်တစ်ခုထည့်သွင်းခြင်း

  1. Settings  > Apps > Calendar ကိုသွားပါ။

  2. Calendar Accounts > Add Account ကိုနှိပ်ပါ။

  3. Other ကို နှိပ်ပါ၊ ထို့နောက် Add CalDAV account ကိုနှိပ်ပါ။

  4. သင်၏ဆာဗာနှင့် အကောင့်အချက်အလက်များကို ထည့်သွင်းပါ။

ပုံသေသုံးပြက္ခဒိန်ကို ရွေးချယ်ခြင်း

သင့်တွင်ပြက္ခဒိန်အများအပြားရှိလျှင်၊ ပုံသေပြက္ခဒိန်တစ်ခု ရွေးချယ်နိုင်ပြီး၊ သင်ဖန်တီးလိုက်သော ပွဲအသစ်များကို ထိုပြက္ခဒိန်ထဲသို့ အလိုအလျောက်ထည့်ထားပါသည်။

  1. Settings  > Apps > Calendar ကိုသွားပါ။

  2. Default Calendar ကို နှိပ်ပါ၊ ထို့နောက် ပုံသေပြက္ခဒိန်အဖြစ် သင်အသုံးပြုလိုသည့် ပြက္ခဒိန်ကို ရွေးချယ်ပါ။

မှတ်စု သင်ဖန်တီးပြီးလျှင် မတူညီသောပြက္ခဒိန်တစ်ခုသို့ ပွဲများကိုအချိန်မရွေး ရွှေ့နိုင်သည်။ ပြက္ခဒိန်များစွာအသုံးပြုခြင်းနှင့်ပတ်သတ်ပြီး ပိုမိုသိရှိလိုပါက ပြက္ခဒိန်အမျိုးမျိုးကို စီမံခြင်းကို ကြည့်ပါ။

ပုံသေပွဲချိန်ညှိမှုများကို စီမံသတ်မှတ်ခြင်း

ပြက္ခဒိန်ပွဲများအတွက် ပုံသေချိန်ညှိမှုများကိုပြောင်းလဲနိုင်ပါသည်၊ ပွဲအသစ်များအတွက် ကြာချိန်၊ နီးကပ်လာသောပွဲအတွက် သွားရမည့်အချိန်တွင် သတိပေးခြင်းမပေးခြင်း၊ စသည်။

  1. Settings  > Apps > Calendar ကိုသွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • မတူညီသောပွဲအမျိုးအစားများအတွက် မည်သည့်အချိန်တွင် သတိပေးချက်ရယူလိုသည်ကိုရွေးချယ်ခြင်း၊ Default Alert Times ကိုနှိပ်ပါ၊ Birthdays ကိုနှိပ်ပါ၊ Events သို့မဟုတ် All-Day Events ကိုနှိပ်ပါ၊ ထို့နောက်တစ်ခုကိုရွေးချယ်ပါ။

    • နောက်လာမည့်ပွဲတစ်ခုအတွက် သွားရမည့်အချိန်ကို သတိပေးမပေးရွေးချယ်ခြင်း၊ Default Alert Times ကိုနှိပ်ပါ၊ ထို့နောက် Time to Leave ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

    • ပွဲအသစ်များအတွက် ပုံသေကြာချိန်ကိုပြောင်းလဲခြင်း၊ Duration for New Events ကိုနှိပ်ပါ၊ ထို့နောက်ကြာချိန်တစ်ခုကိုရွေးချယ်ပါ။

    • ပွဲအသစ်တစ်ခုကို သင်ဖန်တီးလိုက်လျှင် ပြက္ခဒိန်ကနေရာတစ်ခုကို အကြံပေးမပေးရွေးချယ်ခြင်း၊ Location Suggestions ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

သင့်ပြက္ခဒိန်အား မည်သို့ပုံဖော်ပြသသည်ကို ပြောင်းလဲခြင်း

သင့်အတွက်အရေးအကြီးဆုံးဖြစ်သော အချက်အလက်အား ဦးစားပေးဖော်ပြရန် သင့်ပြက္ခဒိန်အား မည်သို့ပုံဖော်ပြသသည်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သည်။ ဥပမာ၊ ရက်သတ္တပတ်ကို မည်သည့်ရက်ဖြင့် သင်စတင်ချင်သည်ကိုရွေးနိုင်သည်၊ တရုတ်ဘာသာစကား၊ ဟီဘရူးဘာသာစကား၊ သို့မဟုတ်အစ္စလာမ်ဘာသာစကား (ဂရီဂေါ်ရီးယန်းပြက္ခဒိန်နှင့်တွဲ၍) အစရှိသည်တို့ဖြင့် ဖော်ပြနိုင်သည်။

  1. Settings  > Apps > Calendar ကိုသွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • တရုတ်ဘာသာစကား၊ ဟီဘရူးဘာသာစကား၊ သို့မဟုတ် အစ္စလာမ်ဘာသာစကားပြက္ခဒိန်ကိုပြသခြင်း၊ Alternate Calendars ကိုနှိပ်ပါ၊ ထို့နောက် ပြက္ခဒိန်တစ်ခုကိုရွေးချယ်။

    • နှစ်တစ်နှစ်၏ ရက်သတ္တပတ်တိုင်းဘေးတွင် ရက်သတ္တပတ်နံပါတ်ကိုပြသခြင်း၊ Week Numbers ကိုဖွင့်ပါ။

    • ရက်သတ္တပတ်မြင်ကွင်းတွင် လက်ရှိရက်ကိုပထမဆုံးရက်အဖြစ် ပြသခြင်း၊ Week View Starts On Today ကိုနှိပ်ပါ။

    • ရက်သတ္တပတ်ကိုစတင်ရန် မတူညီသောရက်ကို ရွေးချယ်ခြင်း၊ Start Week On ကိုနှိပ်ပါ၊ ထို့နောက် ရက်တစ်ရက်ကိုနှိပ်ပါ။

ပြက္ခဒိန်ကို သင်အသုံးပြုသည့်ပုံစံအတိုင်း အက်ပ်များတွင် အကြံပြုချက်များပေးရန် Siri ကို လုပ်ခိုင်းနိုင်သည်။ Settings > Apps > Calendar သို့သွားပါ၊ Siri ကို နှိပ်ပါ၊ ထို့နောက် Learn from this App ကိုဖွင့်ပါ။ ထို့အပြင် ရှာဖွေမှုအလွယ်သုံးပုံစံများ နှင့် အကြောင်းကြားချက်များအဖြစ် ပေါ် လာရန် ပြက္ခဒိန်ရှိ အကြံပြုချက်များနှင့် အကြောင်းအရာများကို လုပ်ဆောင်ထားနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.