ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Music ထဲတွင် သီချင်းစာရင်းတစ်ခု၌ ပူးပေါင်းဆောင်ရွက်ခြင်း

Apple Music သို့သင်စာရင်းသွင်းထားပါက သီချင်းစာရင်းတစ်ခုအား မျှဝေနိုင်ပြီး အခြားသူများနှင့် ၎င်းသီချင်းစာရင်းတွင် ပူးပေါင်းနိုင်သည်။ ပူးပေါင်းသီချင်းစာရင်းထဲတွင် လူတိုင်းသည် တေးသီချင်းကို ပေါင်းထည့်နိုင်၊ ဖယ်ရှားနိုင်၊ ပြန်လည်စီစဥ်နိုင်ပြီး သီချင်းများကိုလည်း အီမိုဂျီဖြင့် တုံ့ပြန်မှုပြုလုပ်နိုင်သည်။

မှတ်စု Apple Music ကိုနိုင်ငံများအားလုံးနှင့်ဒေသများအားလုံးတွင် မရရှိနိုင်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှုကိုကြည့်ပါ။

သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် အခြားသူများကို ဖိတ်ခေါ်ခြင်း

  1. သင့် iPhone ရှိ Music အက်ပ် ကိုသွားပါ။

  2. သီချင်း စာရင်းတစ်ခုကို နှိပ်ပါ၊ ထို့နောက် Collaboration ခလုတ်ကိုနှိပ်ပါ။

  3. လူများ မပူးပေါင်းခင် အတည်ပြုရန် Approve Collaborators ကိုဖွင့်ပါ။

    အဆိုပါ နည်းလမ်းကို သင်မဖွင့်ထားလျှင် အဆိုပါလင့်ခ်ရှိသည့် မည်သူမဆို ပူးပေါင်းထားသည့် သီချင်းစာရင်းထဲသို့ ပူးပေါင်းနိုင်သည်။

  4. Start Collaboration ကိုနှိပ်ပါ၊ ထို့နောက် သီချင်းစာရင်းသို့ လင့်ခ်တစ်ခုကို ပေးပို့းရန် AirDrop၊ Messages သို့မဟုတ် Mail ကဲ့သို့သော မျှဝေသည့် နည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

    လင့်ခ်ကို လက်ခံရရှိသူသည် ပူးပေါင်းဆောင်ရွက်မှု စတင်ရန် Join Playlist ကို နှိပ်ပါ။

သင်သည်ပိုင်ရှင်ဖြစ်ပြီး Approve Collaborators ကိုဖွင့်လိုက်ပါက ပူးပေါင်းသီချင်းစာရင်းသို့ဝင်ရန် လူသစ်တစ်ယောက်မှ ခွင့်တောင်းသည့်အခါ ညာဘက်ထိပ်ထောင့်တွင် အသိပေးချက်များပေါ်လာသည်။

သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းရန်အတွက် လူများထပ်၍ပေါင်းထည့်ခြင်း

သင်သည်ပူးပေါင်းသီချင်းစာရင်းတစ်ခု၏ ပိုင်ရှင်ဖြစ်ပါက သို့မဟုတ် ပိုင်ရှင်သည် Approve Collaborators ကိုမဖွင့်ရသေးပါက သီချင်းစာရင်းထံဝင်သည့်လင့်ခ်ကို လူများနှင့်ထပ်မျှဝေနိုင်သည်။

  1. သင့် iPhone ရှိ Music အက်ပ် ကိုသွားပါ။

  2. ပူးပေါင်းသီချင်းစာရင်းတစ်ခုကိုနှိပ်ပါ၊ Manage Collaboration ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ တစ်ခုကိုပြုလုပ်ပါ၊

    • အနီးအနားရှိ လူတစ်ယောက်ကို ပေါင်းထည့်ခြင်း၊ QR ကုဒ်ကိုနှိပ်ပါ။ အခြားသူများသည် သင်၏ iPhone ပေါ်တွင် ပြထားသည့် ကုဒ်ကို စကန်ဖတ်ရန် ၎င်းတို့၏ iPhone ရှိ ကင်မရာကို အသုံးပြု၍ သီချင်းစာရင်းကို ဝင်ရောက်နိုင်သည်။

    • အခြားတစ်စုံတစ်ယောက်ကို ထည့်ခြင်း၊ (လိုအပ်ပါက) “generate a new link” ကိုနှိပ်ပါ၊ Share Invite Link ကိုနှိပ်ပါ၊ ထို့နောက် သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းရန်အတွက် အခြားသူများကိုဖိတ်ခေါ်ရန် အဆင့်များကိုလိုက်နာပါ။

ပူးပေါင်းသီချင်းစာရင်းတစ်ခုအတွက် မျှဝေထားသော ချိန်ညှိခြင်းများကို စီမံခန့်ခွဲခြင်း

သင်သည် ပိုင်ရှင်ဖြစ်ပါက သီချင်းစာရင်းတစ်ခုတွင် စတင်ပူးပေါင်းပြီးနောက် တစ်ဦးချင်းစီ သို့မဟုတ် အားလုံးအတွက် ဝင်ရောက်ကြည့်ရှုခွင့်နှင့် ခွင့်ပြုချက်များကို ပြောင်းလဲနိုင်သည်။

Music အက်ပ်ထဲရှိ Manage Collaboratio ဖန်သားပြင်။
  1. သင့် iPhone ရှိ Music အက်ပ် ကိုသွားပါ။

  2. ပူးပေါင်းသီချင်းစာရင်းတစ်ခုကိုနှိပ်ပါ၊ Manage Collaboration ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • အခြားသူများအား ဖိတ်ခေါ်ခြင်း၊ သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းရန်အတွက် လူများထပ်၍ပေါင်းထည့်ခြင်းကိုကြည့်ပါ။

      မှတ်စု Approve Collaborators ကိုသင်မဖွင့်ခဲ့ပါက သီချင်းစာရင်းတွင် ပူးပေါင်းထားသောသူတိုင်းသည် ထိုပူးပေါင်းသီချင်းစာရင်းသို့ဝင်ရန် လင့်ခ်ကိုမျှဝေနိုင်သည်။

    • လူများမပါဝင်နိုင်မီ ၎င်းတို့အားခွင့်ပြုပေးခြင်း၊ Approve Collaborators ကိုနှိပ်ပါ။

    • ခွင့်တောင်းမှုကို လက်ခံခြင်း၊ ထိုသူအား ပူးပေါင်းသီချင်းစာရင်းတွင် ပါဝင်ခွင့်ပြုရန် Accept Request ခလုတ် ကိုနှိပ်ပါ။

    • ခွင့်တောင်းမှုကို ငြင်းဆိုခြင်း၊ ထိုသူအား ပူးပေါင်းသီချင်းစာရင်းတွင် ပါဝင်ခွင့်မပြုလိုပါက Decline Request ခလုတ် ကိုနှိပ်ပါ။

တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုသောသူနှင့် သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းမှုကိုရပ်တန့်ခြင်း

သင်သည် ပိုင်ရှင်ဖြစ်ပါက သီချင်းစာရင်းမှ လူများဖယ်ရှားနိုင်သည် သို့မဟုတ် ၎င်းသီချင်းစာရင်းတွင် ပူးပေါင်းခြင်းကိုအတူရပ်နိုင်သည်။

  1. သင့် iPhone ရှိ Music အက်ပ် ကိုသွားပါ။

  2. ပူးပေါင်းသီချင်းစာရင်းတစ်ခုကိုနှိပ်ပါ၊ Manage Collaboration ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • လူတစ်ယောက်ကိုဖယ်ရှားခြင်း၊ ထိုသူ၏အမည်ကို ဘယ်ဘက်သို့ဖိဆွဲကာ၊ Remove ကိုနှိပ်ပါ။

    • သီချင်းစာရင်းတစ်ခုတွင် ပူးပေါင်းမှုကို ရပ်တန့်ခြင်း၊ Stop ကိုနှိပ်ပါ။

ပူးပေါင်းသီချင်းစာရင်းတစ်ခုမှ သင့်ကိုယ်သင်ဖယ်ရှားခြင်း

  1. သင့် iPhone ရှိ Music အက်ပ် ကိုသွားပါ။

  2. ပူးပေါင်းသီချင်းစာရင်းတစ်ခုကိုနှိပ်ပါ၊ Manage Collaboration ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Leave ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.