ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Voice Memos အသံဖမ်းယူခြင်းသို့ ဒုတိယအလွှာကို ပေါင်းထည့်ခြင်း

iPhone 16 Pro နှင့် iPhone 16 Pro Max တွင် သင်သည် ခေါင်းတပ်နားကြပ်များကိုအသုံးမပြုဘဲ တူရိယာဖြင့်အသံဖမ်းယူမှုအပြင် အသံအလွှာတစ်ခုကိုလည်း အသံဖမ်းယူနိုင်ပါသည် (iOS 18.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစား)။ ၎င်းကြောင့် သင်သည် ဂီတပိုင်းတွင်ဉာဏ်ကွန့်မြူးနိုင်ပါသည်—လက်ရှိ တူရိယာဖြင့်သွင်းထားသည့် အသံဖမ်းယူမှုများတွင် အသံများ သို့မဟုတ် voiceover တစ်ခုကို ပေါင်းထည့်ခြင်း၊ သီချင်းစာသားများကို စမ်းဆိုကြည့်ခြင်း၊ တူရိယာဖြင့်တီးမှုတ်သည့် ဂီတနှင့် စည်းဝါးကိုက်ခြင်း အစရှိသည်တို့။

ဒုတိယအလွှာတစ်ခုပေါင်းထည့်ခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံသွင်းဖိုင်များစာရင်းတွင် အစားထိုးထည့်လိုသည့်အသံသွင်းယူမှုကိုနှိပ်၍ အလွှာတစ်ခုကို ပေါင်းထည့်ပါ၊ ထို့နောက် အသံလှိုင်းပုံစံကိုကြည့်ရန် Edit Recording ခလုတ် ကိုနှိပ်ပါ။

  3. Add a Vocal Layer ခလုတ်ကိုနှိပ်ပါ။

    Voice Memos ထဲရှိ ဒုတိယအလွှာအသံဖမ်းယူခြင်းအတွက် ဖန်သားပြင်။
  4. Record ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် သင်၏ ဒုတိယအလွှာကို အသံဖမ်းပါ။

    အသံဖမ်းယူမှုများပါသည့် စာရင်းတွင် အလွှာလိုက်အသံဖမ်းယူမှုများကို Layers ခလုတ် ဖြင့် ညွှန်ပြထားသည်။

iPhone 16 Pro သို့မဟုတ် iPhone 16 Pro Max တွင် အလွှာလိုက်အသံဖမ်းယူမှုကိုသာ ဖန်တီးနိုင်သော်လည်း iOS 18.2၊ iPadOS 18.2၊ macOS Sequoia 15.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများရှိသည့် စက်ပစ္စည်းတစ်လုံးလုံးတွင်လည်းကောင်း အလွှာလိုက်အသံဖမ်းယူမှုတစ်ခုကို ဖွင့်နိုင်သည်။

မှတ်စု အလွှာလိုက်အသံဖမ်းယူမှုများသည် QTA (QuickTime Audio) ဖောမတ်ဖြင့် ဖြစ်သည်။ iOS 18.1၊ iPadOS 18.1သို့မဟုတ် macOS Sequoia 15.1 သို့မဟုတ် အစောပိုင်းထွက်များရှိသည့် စက်ပစ္စည်းများတွင်း ၎င်းတို့ မပေါ်လာပါ။ သို့သော်လည်း အလွှာများကို ခွဲခြားသည့်အခါ အလွှာတိုင်းသည် .m4a ဖောမတ်ဖြင့်ဖြစ်ပြီး iOS 18.1၊ iPadOS 18.1၊ macOS Sequoia 15.1 သို့မဟုတ် အစောပိုင်းအမျိုးအစားများပါသည့် စက်ပစ္စည်းများတွင် ပေါ်လာလိမ့်မည်။

ပထမဆုံးအလွှာကိုသာ အသံဖိုင်ဖြည်နိုင်သည် သို့မဟုတ် စတီရီယိုဖြင့်အသံသွင်းနိုင်သည်။ (အသံဖိုင်ဖြည်ရန် ထောက်ပံ့ပေးထားသည့် ဟာ့ဒ်ဝဲ၊ ဆော့ဝဲနှင့် ဘာသာစကားများအတွက် Voice Memos အသံဖိုင်ကူးယူမှုတစ်ခုကြည့်ခြင်း ကိုကြည့်ပါ။) သင်သည် အလွှာလိုက်အသံဖမ်းယူမှုများကို မခွဲခြားထားလျှင် အလွှာလိုက်အသံဖမ်းယူမှုတစ်ခု၏ အလွှာနှစ်ခုလုံးကို အတူတကွတည်းဖြတ်နိုင်ပါသည်။

အလွှာများကို ရောခြင်း

ဒုတိယအလွှာကို အသံသွင်းပြီးနောက် အလွှာနှစ်ခုလုံးကို ရောနိုင်ပါသည်။

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. သင်ရောချင်သည့် အလွှာလိုက်အသံဖမ်းယူမှုကိုနှိပ်ပါ။

  3. အသံလှိုင်းပုံစံကို ကြည့်ရန် Edit Recording ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Playback Settings ခလုတ် ကိုနှိပ်ပါ။

  4. အလွှာများကို ရောရန် Layer Mix ဆလိုက်ဒါကို ဆွဲပါ။

အလွှာများကို ခွဲခြားခြင်း

ဒုတိယအလွှာကို အသံသွင်းပြီးနောက် အလွှာနှစ်ခုကို သီးခြားစီ တည်းဖြတ်ရန် သို့မဟုတ် ဖွင့်ရန်အတွက် ခွဲထုတ်နိုင်ပါသည်။

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံလှိုင်းပုံစံကိုကြည့်နေစဥ် More Actions ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Separate Layers ကိုနှိပ်ပါ။

  3. အသံသွင်းဖိုင်များစာရင်းကို ပြန်သွားရန် Done ကိုနှိပ်ပါ။

    စာရင်းထဲတွင် သီးခြားအသံဖမ်းယူမှုများအဖြစ် အဆိုပါအလွှာနှစ်ခု ပေါ်လာသည်။ ၎င်းတို့ကို သင်ရွေးချယ်နိုင်၊ တည်းဖြတ်နိုင်ပြီး သီးခြားစီ ဖွင့်နိုင်ပါသည်။

Logic Pro ထဲသို့ အလွှာလိုက် အသံဖမ်းယူမှုများကို ထည့်ခြင်း

အကယ်၍ Voice Memos ကို iCloud ချိန်ညှိမှုတွင် ဖွင့်ထားလျှင် တူညီသည့် Apple Account တစ်ခုတည်းဖြင့် အကောင့်ဝင်ထားသည့် သင်၏ iPad တွင် သင်၏ iPhone ရှိ အလွှာလိုက်အသံဖမ်းယူမှုတစ်ခုကို ဖွင့်နိုင်ပြီး Files ထဲသို့ အဆိုပါအသံဖမ်းယူမှုကို ထုတ်နိုင်သည်။ ထို့နောက် သင်သည် တည်းဖြတ်ရန်အတွက် Logic Pro ထဲသို့ iPad အတွက် အဆိုပါအလွှာလိုက်အသံဖမ်းယူမှုကို ထည့်နိုင်သည်။ အဆိုပါအလွှာနှစ်ခုသည် သိသာထင်ရှားသည့် ထရက်နှစ်ခုအဖြစ် Logic Pro 11.1.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားတွင် အလိုအလျောက် ဖွင့်ပေးမှာဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.