ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone (အမေရိကန်ပြည်ထောင်စုတွင်သာ) တွင် Apple Cash နှင့် Apple Card သုံးခြင်း

သင်၏ Family Sharing အုပ်စုနှင့်အတူ Apple Cash နှင့် Apple Card ကို အသုံးပြုနိုင်သည်။ Family Sharing အုပ်စုထဲရှိ စီစဥ်သူများသည် ကလေးတစ်ဦးအတွက် Apple Cash ကို စီမံပေးနိုင်ပြီး သူတို့၏ Family Sharing အုပ်စုထဲရှိ ယုံကြည်စိတ်ချရသည့် အဖွဲ့ဝင်များဖြင့် Apple Card ကို မျှဝေနိုင်သည်။

Family Sharing မိသားစုဝင်ပုံစံများအကြောင်း လေ့လာခြင်း

ကလေးတစ်ဦးအတွက် Apple Cash Family ကို စီမံလုပ်ဆောင်ခြင်း

မိသားစုစီစဉ်သူသည် ကလေးတစ်ယောက်အတွက် Apple Cash ကိုစီမံနိုင်သည်။

  1. Settings  > Family ကိုသွားပါ။

  2. Apple Cash ကိုစီမံရန်အတွက် သင်ထည့်သွင်းလိုသည့်ကလေးကိုနှိပ်ပါ။

  3. Apple Cash ကိုနှိပ်ပြီးနောက် ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်းလုပ်ဆောင်ပါ။

သူတို့သည် ကတ်တွင်းငွေကျန်ကိုကြည့်ရန်၊ ငွေအဝင်အထွက်စောင့်ကြည့်ရန်နှင့် ကလေးကငွေပေးပို့နိုင်သည့်သူစာရင်းကို လျှော့ရန် Settings > Wallet & Apple Pay ကိုသွားပါ။ Apple Cash Supportကိုကြည့်ပါ။

စနစ်လိုအပ်ချက်များနှင့် Apple Cash အကောင့်များစီမံနည်းအတွက်ပိုမိုသိရှိရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Cash Family စီမံခြင်းနှင့် အသုံးပြုခြင်း နှင့် သင့်ကလေး သို့မဟုတ် ဆယ်ကျော်သက်၏ Apple Cash လုပ်ဆောင်ချက်ကို ကြည့်ရှုကန့်သတ်ပါကို ကြည့်ပါ။

Apple Card Family ကို စီမံခြင်း

သင်သည် သင်၏ Apple Card ကို မိသားစုဝင်များနှင့် မျှဝေနိုင်သည်၊ ငွေပေးချေမှုများကို စီမံခန့်ခွဲနိုင်ပြီး 13 နှစ်နှင့်အထက် ကလေးများအတွက် အကောင့်ချိန်ညှိမှုများနှင့် ကန့်သတ်ချက်များကို ထိန်းချုပ်နိုင်သည်။ လူတိုင်း၏ အသေးစိတ်အချက်အလက်ကိုလည်း ပြန်လည်သုံးသပ်ပြီး စီမံခန့်ခွဲနိုင်သည်။

  1. Settings  > Family > Share My Apple Card ကိုသွားပါ။

    ဤရွေးချယ်မှုသည် သင့်တွင် Apple Card ရှိမှသာလျှင် ပေါ်သည်။

  2. ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

ပိုင်ရှင်များ၊ တွဲဖက်ပိုင်ရှင်များနှင့်ပါဝင်သူများမှ Apple Card ကိုလုပ်နိုင်သည်ကိုပိုမိုသိရှိရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Card Family ထည့်သွင်းခြင်းနှင့် တွဲဖက်ပိုင်ရှင်တစ်ဦးနှင့် ပါဝင်သူများထည့်သွင်းခြင်း ကိုကြည့်ပါ။

ဒါကိုလည်းကြည့်ပါAsk to Buy ကိုဖွင့်ပါ
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.