ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် အခြားသူများနှင့်မျှဝေထားသည့်အချက်အလက်ကိုကြည့်ခြင်း

ချစ်သောသူတစ်ယောက်၏ ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းကြားချက်များကိုလက်ခံနိုင်ပြီး သူတို့၏လှုပ်ရှားသွားလာမှု၊ရွေးလျာမှု၊ နှလုံးခုန်နှုန်းနှင့် Health အက်ပ်ထဲရှိ ကျန်းမာရေးအလားအလာများနှင့်ပတ်သတ်သည့်အချက်အလက်ကိုကြည့်နိုင်သည်။

အခြားသူ၏ကျန်းမာရေးအချက်အလက်ကိုကြည့်ရန် ဖိတ်ခေါ်မှုတစ်ခုကိုလက်ခံခြင်း

  1. ဖိတ်ကြားမှုရောက်ရှိပြီးသည့်နောက် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • သော့ပိတ်ထားသည့်ဖန်သားပြင် သို့မဟုတ် Notification Center ပေါ်တွင်ကဲ့သို့ ဖိတ်ခေါ်မှုကိုနှိပ်ပါ။

    • Health တွင် ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ၊ ထို့နောက်ဖန်သားပြင်ထိပ်ရှိ ဖိတ်ခေါ်မှုထဲရှိ View ကိုနှိပ်ပါ။

  2. Accept ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

မျှဝေထားသည့်အချက်အလက်ကိုကြည့်ခြင်းနှင့် ၎င်းကိုမြန်မြန်တုံ့ပြန်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ။

  3. Sharing With You အောက်ရှိ စာရင်းပြုထားသည့် အဆက်အသွယ်ကတ်ကိုနှိပ်ပါ။

  4. အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်နိုင်သည်၊

    • အမြန်တုံ့ပြန်ခြင်း၊ Message၊ Call သို့မဟုတ် FaceTime ကိုနှိပ်ပါ။

    • ပိုမိုအသေးစိတ်ကြည့်ရန်၊ ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုကိုနှိပ်ပါ။

      အကယ်၍ ထိုအသေးစိတ်ထဲတွင် ဇယားအချက်အလက်များပါဝင်လျှင် Message ကို နှိပ်၍ ပြောဆိုမှုတစ်ခုကို စတင်နိုင်သည်။ ထိုဇယားတွင် သင့်မက်ဆေ့ချ်ပါဝင်သည်။

၎င်း၏ကျန်းမာရေးအချက်အလက်ကို သင်နှင့်မျှဝေရန် အခြားတစ်ယောက်ကိုမေးခြင်း

တစ်စုံတစ်ယောက်တွင် iOS 15.6 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ ရှိသည့် iPhone သို့မဟုတ် iPadOS 17 သို့မဟုတ် နောက်ပိုင်း အမျိုးအစားများရှိသည့် iPad တစ်လုံးရှိပါက ၎င်းတို့ကို သင်နှင့်ကျန်းမာရေးအချက်အလက်မျှဝေရန် တောင်းဆိုနိုင်သည်။ ၎င်းတို့သည် ၎င်းတို့မျှဝေမည့်အချက်အလက်နှင့် မျှဝေမှုရပ်မည့်အချိန်ကို ထိန်းချုပ်နိုင်သည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ဖန်သားပြင်အောက်ခြေရှိ Sharing ကိုနှိပ်ပါ။

  3. Ask Someone to Share ကိုနှိပ်ပါ၊ ထို့နောက်ရွေးစရာတစ်ခုကို ရွေးချယ်ပါ။

  4. သင်နှင့်မျှဝေရန် ၎င်းတို့၏အဆက်အသွယ်များထဲတွင် သင်ပါဝင်ရန် လိုအပ်ကြောင်းနှင့် ၎င်းတို့အကူအညီလိုအပ်ပါက ညွှန်ကြားချက်များကို ချစ်မြတ်နိုးရသူတစ်ဦးနှင့် ကျန်းမာရေးအချက်အလက်ကိုမျှဝေခြင်းတွင်ရနိုင်သည်ကြောင်းမျှဝေပေးရင်း သင်၏ဖိတ်ကြားသူအား အသိပေးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.