ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဝေမျှခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Notes အက်ပ်တွင် မှတ်စုမိတ္တူတစ်ခုကိုသူငယ်ချင်းတစ်ယောက်အားပို့နိုင်သည်။ iCloud ထဲတွင် မှတ်စုတစ်ခု သို့မဟုတ် မှတ်စုများဖိုင်တွဲကို ပူးပေါင်းဆောင်ရွက်ရန် တကယ့်အချိန်တွင် လူများကိုဖိတ်ခေါ်နိုင်ပြီး၊ လူတိုင်းသည် နောက်ဆုံးပြောင်းလဲမှုများကို မြင်တွေ့ရမည်ဖြစ်သည်။

မျှဝေခြင်း ရွေးချယ်ခြင်းများကိုပြထားသည့် အလွှာတစ်ခုပါသည့် မှတ်စုတစ်ခု။

မှတ်စုတစ်ခု၏ပုံတူကို မျှဝေခြင်း

  1. သင့် iPhone ရှိ Notes အက်ပ် ကိုသွားပါ။

  2. သင်မျှဝေချင်သည့်မှတ်စုကို ဖွင့်ပါ။

  3. Share ခလုတ်ကိုနှိပ်ပါ၊ Send Copy ကို ရွေးချယ်ပါ၊ ထို့နောက် သင်၏မှတ်စုကိုပို့ရန်ရွေးချယ်ပါ။

iCloud ကိုအသုံးပြု၍ မှတ်စုတစ်ခု သို့မဟုတ် မှတ်စုများပါသည့်ဖိုင်တွဲကို ပူးပေါင်းလုပ်ဆောင်ခြင်း

တခြားသူများနှင့် ပူးပေါင်းရန် iCloud ထဲရှိ မှတ်စုတစ်ခု သို့မဟုတ် မှတ်စုများပါသည့် ဖိုင်တွဲတစ်ခုကို သင်မျှဝေနိုင်သည်။ အခြားပါဝင်သူများ (မှတ်စုများကိုပြင်ဆင် ခွင့်ပြုခြင်း၊ တွဲဆက်ဖိုင်များကို ထည့်သွင်းခွင့်ပြုခြင်းနှင့် ဖိုင်တွဲခွဲများဖန်တီးခွင့်ပြုခြင်းကဲ့သို့) အတွက် ခွင့်ပြုချက်များကို စီစဥ်သတ်မှတ်နိုင်ပြီး ပူပေါင်းဆောင်ရွက်သူများမှ အခြားသူများ၏ ပြောင်းလဲမှုများကို တကယ့်အချိန်တွင် တွေ့မြင်နိုင်သည်။ ပါဝင်သူများသည် ၎င်းတို့၏ Apple Accountကို ဝင်ရောက် ပြီး Notes ကို iCloud ချိန်ညှိခြင်းတွင် ဖွင့်ထားရမည်

မှတ်စု ပိတ်ထားသည့်မှတ်စုတစ်ခု သို့မဟုတ် ပိတ်ထားသည့်မှတ်စုများနှင့် ဖိုင်တွဲတွင် ပူးပေါင်းဆောင်ရွက်၍မရနိုင်ပါ။

  1. သင့် iPhone ရှိ Notes အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • မှတ်စုတစ်ခုမျှဝေခြင်း၊ သင်မျှဝေချင်သည့် မှတ်စုကိုဖွင့်ပါ၊ Share ခလုတ်ကိုနှိပ်ပါ၊ထို့နောက် Collaborate ကို ရွေးချယ်ပါ။

    • ဖိုင်တွဲတစ်ခုကို မျှဝေခြင်း၊ သင်မျှဝေချင်သည့် ဖိုင်တွဲကိုဖွင့်ပါ၊ ထို့နောက် Share ခလုတ်ကိုနှိပ်ပါ။

  3. ဝင်ရောက်ခွင့်နှင့် ခွင့်ပြုမှုများကို ပြောင်းရန် "ဖိတ်ခေါ်ထားသောသူများသာလျှင် ပြုပြင်နိုင်သည်”ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို စီမံသတ်မှတ်ပါ၊

    • ဝင်ရောက်နိုင်သူ၊ Only invited people သို့မဟုတ် Anyone with the link ကို ရွေးချယ်ပါ။

    • ခွင့်ပြုမှုများ၊ Can make changes သို့မဟုတ် View only ကိုရွေးချယ်ပါ။

    • ဖိတ်ကြားရန် အခြားသူကိုခွင့်ပြုပါ၊ လူသစ်များကို ဖိတ်ခေါ်ရန် ပါဝင်သူများကို ခွင့်ပြုခြင်းကို ဖွင့်ပါ (အပြောင်းအလဲပြုလုပ်ရန် ခွင့်ပြုချက်ရှိမှသာ ရနိုင်သည်)။

  4. သင်၏ဖိတ်ခေါ်မှုပေးပို့ရန် Messages သို့မဟုတ် Mail ကိုရွေးချယ်ပါ။ (AirDrop သည် ပူးပေါင်းမှုအတွက် မထောက်ပံ့ပါ။)

    Messages ဖြင့် ဖိတ်ကြားချက်များ ပို့လျှင် မျှဝေထားသည့် မှတ်စုတွင် တစ်ယောက်ယောက်မှ အပြောင်းအလဲများ ပြုလုပ်သည့်အခါ Messages ပြောဆိုမှုတွင် နောက်ဆုံးလုပ်ဆောင်မှုကိုရသည်။ မျှဝေထားသည့်မှတ်စုကို သွားရန် နောက်ဆုံးအခြေအနေများကိုနှိပ်ပါ။

သင့် iPhone သို့မဟုတ် iPad ရှိ Notes အက်ပ်တွင် မျှဝေခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်ပါက ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကိုကြည့်ပါ။

မှတ်စုတစ်ခုအတွင်း လှုပ်ရှားမှုကို ကြည့်ခြင်း

မှတ်စုများစာရင်းတွင် မှတ်စု၏ဘယ်ဘက်ရှိ လိမ္မော်ရောင်အစက်သည် သင်နောက်ဆုံးကြည့်ခဲ့စဉ်ကတည်းက မှတ်စုပြောင်းလဲထားကြောင်း ညွှန်ပြနေသည်။

  1. သင့် iPhone ရှိ Notes အက်ပ် ကိုသွားပါ။

  2. မည်သူက မည်သည့်အချိန်တွင် အပြောင်းအလဲများလုပ်ဆောင်ခဲ့သည်ကို ကြည့်ရှုရန် မှတ်စုကို ဖွင့်၍ မှတ်စု၏ညာဘက်သို့ ပွတ်ဆွဲပါ သို့မဟုတ် Activity ကတ်အပေါ်သို့ ပွတ်ဆွဲပါ။

  3. လှုပ်ရှားမှုကိုဖော်ပြပုံအား ညှိရန် Collaborate ခလုတ် ကိုနှိပ်ကာ အောက်ပါတို့မှ တစ်ခုခုကို ရွေးချယ်နိုင်သည်၊

    • Updates ကိုပြခြင်း၊ မှတ်စုကို သင်နောက်ဆုံးဖွင့်ခဲ့ပြီးကတည်းက ပြုလုပ်ခဲ့သည့် အပြောင်းအလဲများကို ပြသည်။

    • All Activity ကိုပြခြင်း၊ မှတ်စုအတွင်း လှုပ်ရှားမှုအားလုံးကိုပြသည်။

    • Highlights ကိုပြခြင်း၊ ပါဝင်သူသူတစ်ဦးချင်းစီမှ လုပ်ဆောင်သည့် အမည်များ၊ ရက်စွဲများနှင့် အပြောင်းအလဲများကို ပြသည်။

အကြံပြုချက် ပါဝင်သူတစ်ဦးကို အမည်မန်းရှင်းခေါ်ရန် နှင့်အရေးကြီးသည့်အသစ်ဖြည့်စွက်မှုများကို အသိပေးရန် ၎င်းတို့အမည်ရှေ့တွင် @ သင်္ကေတကို ရိုက်ထည့်ပါ။

ဖိုင်တွဲတစ်ခုထဲရှိ လှုပ်ရှားမှုကို ကြည့်ခြင်း

  1. သင့် iPhone ရှိ Notes အက်ပ် ကိုသွားပါ။

  2. ဖိုင်တွဲကို ထိ၍ဖိထားပါ၊ ထို့နောက် Show Folder Activity ကိုနှိပ်ပါ။

မျှဝေထားသည့်ချိန်ညှိမှုများကို ပြောင်းလဲခြင်း

  1. သင့် iPhone ရှိ Notes အက်ပ် ကိုသွားပါ။

  2. မျှဝေထားသည့် မှတ်စု သို့မဟုတ် ဖိုင်တွဲတစ်ခု ပိုင်ရှင်သည် အောက်ပါတို့မှ တစ်ခုလုပ်ဆောင်ခြင်းဖြင့် မျှဝေခြင်း ချိန်ညှိမှုများကို ပြောင်းလဲနိုင်သည်၊

    • မျှဝေထားသည့်မှတ်စုတစ်ခုကို စီမံခြင်း၊ Collaborate ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်Manage Shared Note ကို နှိပ်ပါ။

    • မျှဝေထားသည့်ဖိုင်တွဲတစ်ခုကို စီမံခြင်း၊ Folder Actions ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Manage Shared Folder ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ပါဝင်သူများကို ဖယ်ရှားခြင်း၊ သင်ဖယ်ရှားလိုသည့် ပါဝင်သူ ကိုနှိပ်ပါ၊ ထို့နောက် Remove Access ကိုနှိပ်ပါ။

    • ဝင်ရောက်ခွင့်နှင့် ခွင့်ပြုချက်များကို ပြောင်းလဲခြင်း၊ ပါဝင်သူများအားလုံးအတွက် ချိန်ညှိမှုများကိုပြောင်းလဲရန် Share Options ကိုနှိပ်ပါ။ လူတစ်ယောက်အတွက် ချိန်ညှိခြင်များကို ပြောင်းရန် ၎င်းတို့၏ အမည်ကို နှိပ်ပါ။

    • မျှဝေခြင်းကို ရပ်တန့်ရန်၊ ထိုရွေးချယ်မှုကို သင်ရွေးချယ်သည့်အခါ မျှဝေထားသော မှတ်စု သို့မဟုတ် ဖိုင်တွဲသည် အခြားပါဝင်သူများ၏ စက်ပစ္စည်းများမှ ဖျက်သိမ်းပြီးဖြစ်မည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.