ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် အိပ်စက်မှုအချိန်ဇယားများကို ထည့်သွင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း

သင်၏ ပထမဆုံးအိပ်စက်မှုအချိန်ဇယားကို သတ်မှတ်ပြီးပါက ထပ်တိုးအချိန်ဇယားများကို သတ်မှတ်နိုင်ရာ—ဥပမာ ကြားရက်များနှင့် ပိတ်ရက်များအတွက် အချိန်ဇယားသီးသန့်စီဖန်တီးနိုင်သည်။ မည်သည့်အချိန်ဇယားကိုမဆို ပြုပြင်နိုင်ပေရာ—ဥပမာ နိုးထချိန်ကို ပြောင်းလဲနိုင်သည်။

ဖန်သားပြင်ထိပ်ဆုံးတွင် Bedtime and Wake Up နာရီ ရှိပြီး၊ ဖန်သားပြင်အောက်ခြေတွင် နှိုးစက်ရွေးချယ်စရာများ ရှိသော Health ထဲမှ Edit Your Schedule ဖန်သားပြင်။

အိပ်စက်မှုအချိန်ဇယားကို ထည့်သွင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  3. သင့်အချိန်ဇယားဆီသို့ ရွှေ့ဆင်းပါ၊ ထို့နောက် Full Schedule & Options ကိုနှိပ်ပါ။

  4. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • အိပ်စက်မှုအချိန်ဇယားတစ်ခုကို ပေါင်းထည့်ခြင်း၊ Add Schedule ကိုနှိပ်ပါ။

    • အိပ်စက်မှုအချိန်ဇယားကို ပြောင်းလဲခြင်း၊ သင်ပြောင်းလဲလိုသည့် အချိန်ဇယားအတွက် Edit ကိုနှိပ်ပါ။

  5. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • သင့်အချိန်ဇယားအတွက် ရက်များကို သတ်မှတ်ပါ၊ သင့်အချိန်ဇယားသို့ပေါင်းထည့်ရန် သို့မဟုတ် ဖယ်ထုတ်ရန် မျက်နှာပြင်ထိပ်ဆုံးရှိ ရက်စွဲတစ်ခုကို နှိပ်ပါ။ အချိန်ဇယားသည် တစ်ရောင်တည်းခြယ်ထားသည့်စက်ဝိုင်းများဖြင့် ပြသနေသည့် ရက်စွဲများကိုသာ အကျုံးဝင်သည်။

    • သင်၏အိပ်စက်ချိန်နှင့် နိုးထချိန်အချိန်ဇယားကို ချိန်ညှိခြင်း၊ အိပ်ချိန်ကို ပြောင်းလဲရန် Bedtime ခလုတ် ကိုလည်းကောင်း၊ နိုးထချိန်ကို ပြောင်းလဲရန် Ringing Alarm ခလုတ် ကိုလည်းကောင်း သို့မဟုတ် အချိန်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်းကူးပြောင်းရန် သင်္ကေတများကြားမှ စက်ဝိုင်းခြမ်းကိုလည်းကောင်း ဖိဆွဲပါ။

    • နှိုးစက်ထားမည့်နည်းလမ်းများကို သတ်မှတ်ခြင်း၊ Alarm ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

      Alarm ကိုဖွင့်ထားသည့်အခါ အသံ၊ အတိုးအကျယ်၊ တုန်ခါမှုနှင့် ခဏမှေးချိန်ရွေးချယ်မှုတို့ကို ရွေးချယ်နိုင်သည်။

      မှတ်စု အိပ်စက်မှုအချိန်ဇယားပါ နှိုးစက်တစ်ခုအတွက် တေးသီချင်းရွေးချယ်၍မရနိုင်ပါ။ သို့သော် Clock အက်ပ် ဖြင့်သတ်မှတ်သော နှိုးစက်တစ်ခုအတွက် တေးသီးချင်းတစ်ပုဒ်ကို ရွေးချယ်နိုင်သည်။

  6. ပြင်ဆင်၍ပြီးစီးလျှင် Add သို့မဟုတ် Done ကိုနှိပ်ပါ။

    Done ကိုနှိပ်သည့်အခါ ထိုပြင်ဆင်မှုများသည် အချိန်ဇယားရှိ နေ့ရက်တိုင်းအတွက်သက်ရောက်သည်။

နောက်လာရန်ရှိသော သင်၏အချိန်ဇယားကိုသာ ပြင်ဆင်ခြင်း

အိပ်စက်မှုအချိန်ဇယားကို ယာယီပြောင်းလဲမှုတစ်ခု ပြုလုပ်နိုင်သည်။

  1. သင့် iPhone ရှိ Health အက်ပ် ကိုသွားပါ။

  2. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  3. Your Schedule သို့ရွှေ့ဆင်းပါ၊ ထို့နောက် Edit (Next အောက်နားရှိ) ကိုနှိပ်ပါ။

  4. အိပ်ချိန်ကို ပြောင်းလဲရန် Bedtime ခလုတ် ကိုလည်းကောင်း၊ နိုးထချိန်ကို ပြောင်းလဲရန် Ringing Alarm ခလုတ် ကိုလည်းကောင်း သို့မဟုတ် အချိန်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်းကူးပြောင်းရန် သင်္ကေတများကြားမှ စက်ဝိုင်းခြမ်းကိုလည်းကောင်း ဖိဆွဲပါ။

  5. နှိုးစက်ရွေးချယ်မှုများကို ရွေးချယ်ပါ၊

    Alarm ကိုဖွင့်ထားသည့်အခါ အသံ၊ အတိုးအကျယ်၊ တုန်ခါမှုနှင့် ခဏမှေးချိန်ရွေးချယ်မှုတို့ကို ရွေးချယ်နိုင်သည်။

  6. Done ကိုနှိပ်ပါ။

သင်၏နောက်လာမည့်အိပ်ရာထနှိုးစက်မြည်ပြီးနောက် သင်၏ပုံမှန်အချိန်ဇယားက ပြန်လည်စတင်ပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.