ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုပြုလုပ်ခြင်း

ကိုယ်ရေးမှတ်စုများ၊ စာသင်ခန်းပို့ချချက်များ၊ ဂီတဆိုင်ရာအကြံများစသည်များကိုသွင်းယူရန် အိတ်ဆောင်အသံသွင်းကိရိယာအဖြစ် iPhone ကိုသုံးနိုင်သည်။ ဖြတ်တောက်ခြင်း၊ အစားထိုးခြင်းနှင့် ပြန်စခြင်းတို့ကဲ့သို့ တည်းဖြတ်ကိရိယာများနှင့် သင်၏သွင်းယူမှုများကိုလည်း အသေးစိတ်ချိန်ညှိနိုင်သည်။

အသင့်ပါရှိသော မိုက်ခရိုဖုန်း၊ ထောက်ပံ့ပေးထားသော ခေါင်းတပ်နားကြပ် သို့မဟုတ် ပြင်ပမိုက်ခရိုဖုန်းတို့ကို အသုံးပြုကာ အသံမှတ်စုကို အသံသွင်းယူပါ။

iCloud ချိန်ညှိမှုများတွင် Voice Memos ကိုဖွင့်ထားလျှင် သို့မဟုတ် iCloud နှစ်သက်ရာစာရင်းတွင်ဖွင့်ထားလျှင် Apple Account တစ်ခုတည်းသို့ ဝင်ရောက်ထားသည့်သင်၏ iPhone၊ iPad နှင့် Mac တွင် သင့်အသံသွင်းယူမှုများသည် ပေါ် လာပြီး လိုအလျောက်မွမ်းမံသွားမည်

အချိန်ပြကိရိယာတစ်ခုနှင့် အသံသွင်းယူမှုကိုရပ်တန့်ရန် ခလုတ်တစ်ခုနှင့်အတူ၊ တိုးတက်နေသော အသံသွင်းယူမှု၏ လှိုင်းပုံစံတစ်ခုကိုပြနေသော၊ Voice Memos အသံသွင်းယူမှုတစ်ခု။

အခြေခံအသံသွင်းယူမှုပြုလုပ်ခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

    မှတ်စု Voice Memos အက်ပ်ကို အလွယ်တကူ ရှာပြီး ဖွင့်နိုင်စေရန် ၎င်းကို ဘက်စုံသုံးဖိုင်တွဲမှ Home ဖန်သားပြင်သို့ ရွှေ့နိုင်သည်။

  2. အသံ စတင်သွင်းရန် Record ခလုတ် ကိုနှိပ်ပါ။

    အသံသွင်းယူမှုအနိမ့်အမြင့်ကိုညှိရန်၊ သင်အသံသွင်းယူနေသည့်အရာမှ စကားပြောခွက်ကို အနီးအဝေးတိုး၍ ချိန်ညှိပါ။

  3. အသံသွင်းယူမှုကို ရပ်ရန် Stop Recording Video ခလုတ် ကိုနှိပ်ပါ။

အကယ်၍ Location Services သည် Settings  > Privacy & Security တွင် ဖွင့်ထားပါက သင်၏အသံသွင်းယူမှုသည် New Recording ဟုလည်းကောင်း သင်၏တည်နေရာအမည်ဖြင့်လည်းကောင်း သိမ်းဆည်းထားသည်။ ထိုအမည်ကိုပြောင်းရန်၊ အသံသွင်းယူမှုကိုနှိပ်ကာ နာမည်ကိုနှိပ်၍ အမည်သစ်တစ်ခု ရိုက်ထည့်ပါ။

သင်၏အသံသွင်းယူမှုကိုအသေးစိတ်ချိန်ညှိရန်၊ အသံသွင်းယူမှုပြင်ဆင်ခြင်းသို့မဟုတ်ဖျက်ခြင်းကို ကြည့်ပါ။

မှတ်စု အသံသွင်းရန် Voice Memos ကိအသုံးပြုသည့်အခါ သင်၏သီးသန့်လုံခြုံရေးအတွက်သင်၏မိုက်ခရိုဖုန်းကို အသုံးပြုနေကြောင်းညွှန်ပြရန် သင်၏ဖန်သားပြင်ထိပ်တွင် လိမ္မော်ရောင်အစက်လေးပေါ်နေမည်။

စတီရီယိုဖြင့် အသံသွင်းခြင်း

Voice Memos တွင် စတီရီယိုဖြင့် သင် အသံသွင်းနိုင်သည်။

  1. Settings  > Apps > Voice Memos ကိုသွားပါ။

  2. Stereo Recording ကို ဖွင့်ပါ။

    Stereo Recording ကို ဖွင့်ထားသည့်အခါ Voice Memos သည် သင်၏ iPhone ရှိ မိုက်ခရိုဖုန်းအမျိုးမျိုးကို အသုံးပြုပြီး အော်ဒီယိုလိုင်း ဘယ်နှင့်ညာ နှစ်လိုင်းလုံးဖြင့် အသံဖမ်းပေးသည်။ အသံဖမ်းယူခြင်းကို နားကြပ်ကတစ်ဆင့် နားထောင်နေလျှင် သင်သည် မိုက်ခရိုဖုန်းအမျိုးမျိုးကနေ အသံအမျိုးမျိုးကို ကြားရမှာဖြစ်သော်လည်း- အသံလှိုင်းပြသမှုမှာ အတူတူပင်ဖြစ်သည်။

    မှတ်စု Stereo recording ကို စက်ပစ္စည်းများအားလုံးတွင် မရနိုင်ပါ။

အဆင့်မြင့်အသံသွင်းယူမှုအင်္ဂါရပ်များကို အသုံးပြုခြင်း

သင်အသံသွင်းယူချိန်တွင် အစိတ်အပိုင်းများဖြင့်အသံသွင်းခြင်း၊ ခေတ္တရပ်နားခြင်းနှင့်ပြန်စခြင်းတို့ကိုလုပ်နိုင်သည်။

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံတစ်ခုစတင်သွင်းရန် Record ခလုတ် ကိုနှိပ်ပါ။

    အသံသွင်းယူမှုအဆင့်ကိုညှိရန်၊ သင်သွင်းယူထားမှုမှအနီးသို့ဖြစ်စေအဝေးသို့ဖြစ်စေစကားပြောခွက်ကိုရွှေ့ပါ။

    အသံသွင်းယူနေစဉ်တွင် အသေးစိတ်အချက်အလက်များပိုမိုသိရှိရန်၊ လှိုင်းပုံစံ၏ ထိပ်မှအပေါ်သို့ရွှေ့ပါ။

  3. အသံသွင်းယူမှုရပ်စေရန် Pause ခလုတ် ကိုနှိပ်ပါ၊ ဆက်လက်သွင်းယူရန် Resume ကိုနှိပ်ပါ။

  4. သင်၏အသံသွင်းယူမှုကိုပြန်လည်ဆန်းစစ်ရန်၊ Play ခလုတ် ကိုနှိပ်ပါ။

    playback စတင်သည့်နေရာကိုပြောင်းလဲရန်၊ Play ခလုတ် ကိုမနှိပ်မီသီချင်းရောက်သည့်နေရာပြ လိုင်းတစ်လျှောက် လှိုင်းပုံစံကို ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲပါ။

  5. အသံသွင်းယူမှုကိုသိမ်းဆည်းရန်၊ Done ကိုနှိပ်ပါ။

အကယ်၍ Location Services သည် Settings  > Privacy & Security တွင် ဖွင့်ထားပါက သင်၏အသံသွင်းယူမှုသည် New Recording ဟုလည်းကောင်း သင်၏တည်နေရာအမည်ဖြင့်လည်းကောင်း သိမ်းဆည်းထားသည်။ ထိုအမည်ကိုပြောင်းရန် အသံသွင်းယူမှုကို နှိပ်ပါ၊ ထိုအမည်ကိုနှိပ်၍ အမည်အသစ်တစ်ခုကို ထည့်ပါ။

သင်၏အသံသွင်းယူမှုကိုအသေးစိတ်ချိန်ညှိရန်၊ အသံသွင်းယူမှုပြင်ဆင်ခြင်းသို့မဟုတ်ဖျက်ခြင်းကို ကြည့်ပါ။

စတင်သည့်အသံနှင့်ရပ်ထားသည့် အသံနေအထားကိုပိတ်ခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံ စတင်သွင်းရန် Record ခလုတ် ကိုနှိပ်ပါ။

  3. အသံသွင်းယူနေစဉ် အသံကိုတစ်လျှောက်လုံးနှိမ့်ထားရန် iPhone အသံနှိမ့်ခလုတ်ကိုသုံးပါ။

အသံသွင်းယူနေစဉ်တွင် အခြားအက်ပ်ကိုသုံးခြင်း

အသံသွင်းယူနေစဉ်တွင် သင်၏ iPhone ရှိ အသံမပွင့်သမျှ အခြားအက်ပ်တစ်ခုကိုသုံးနိုင်သည်။

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံ စတင်သွင်းရန် Record ခလုတ် ကိုနှိပ်ပါ။

  3. အသံသွင်းယူနေစဉ်တွင် Home ဖန်သားပြင်သို့သွား၍ အခြားအက်ပ်ကိုဖွင့်နိုင်သည်။

    အဆိုပါတခြားအက်ပ်မှ စတင်အသံထွက်သည်နှင့် Voice Memos သည်အသံသွင်းယူမှုကိုရပ်လိုက်သည်။

    ထောက်ပံ့ပေးထားသည့် အမျိုးအစားများတွင် Home ဖန်သားပြင်ထိပ်ရှိ Dynamic Island နှင့် အခြားအက်ပ်များတွင် သင်၏အသံသွင်းမှုကို သင်မြင်နိုင်သည်။ Dynamic Island ကို အကျယ်ဖြန့်ရန် နှိပ်ပါ၊ သို့မဟုတ် Voice Memos သို့ ပြန်ညွှန်းပါ။ Dynamic Island အားအသုံးပြုခြင်းကို ကြည့်ပါ။

    iPhone Home ဖန်သားပြင်သည် Dynamic Island တွင် အသံသွင်းနေသည့် Voice Memos တစ်ခုကိုပြသည်။

iCloud ချိန်ညှိမှုများတွင် သို့မဟုတ် iCloud နှစ်သက်ရာစာရင်းတွင် Voice Memos ကိုဖွင့်ထားလျှင် သင်၏အသံသွင်းယူမှုများသည် iCloud ထဲတွင် သိမ်းထားပြီး Apple Account တစ်ခုတည်းသို့ ဝင်ရောက်ထားသည့် သင်၏ iPhone၊ iPad နှင့် Macတွင် အလိုအလျောက်ပေါ်နေမည်။ အသံသွင်းယူမှုများကို အချိန်နှင့်တစ်ပြေးညီထည့်သွင်းခြင်းကို ကြည့်ပါ။

သင်သည် Settings ထဲရှိ Stereo Recording ကို မဖွင့်ထားလျှင် ဖုန်းတွင်းရှိ မိုက်ခရိုဖုန်းဖြင့် အသံသွင်းထားခြင်းများအားလုံးသည် မိုနိုဖြစ်နေမည်။ စတီရီယို အသံဖမ်းယူရန် iPhone ဖြင့် တွဲဖက်သုံးနိုင်သည့် ပြင်ပ စတီရီယို မိုက်ခရိုဖုန်းတစ်ခုကိုလည်း အသုံးပြုနိုင်ပါသည်။ Apple “Made for iPhone” သို့မဟုတ် “Works with iPhone” အမှတ်တံဆိပ်ပါရှိသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.