ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် မြေပုံများကိုကြည့်ခြင်း

Maps အက်ပ် တွင် မြေပုံတစ်ခုပေါ်၌ သင်၏တည်နေရာကို ရှာ၍ အသေးစိတ်မြင်ရရန် လိုသလို ပုံချုံ့ချဲ့လုပ်ပါ။

သင့်တည်နေရာကိုရှာဖွေရန် iPhone ကို အင်တာနက်ချိတ်ထားရမည်ဖြစ်ပြီးLocation Services ကိုဖွင့်ထားရမည်။ (iPhone တွင်သင်၏တည်နေရာကိုရှာနိုင်သည့် အက်ပ်စ်များကိုစီစဉ်ခြင်း ကိုကြည့်ပါ။) Cellular အင်တာနက်အခကြေးငွေ ကုန်ကျနိုင်သည်။ (iPhone တွင် cellular ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။)

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် လမ်းညွှန်နည်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

သင်လက်ရှိရောက်နေသော တည်နေရာကိုပြခြင်း

Tracking Off ခလုတ် ကိုနှိပ်ပါ။

မြို့တော်ဥယျာဉ်တစ်ခုအတွင်းရှိ လက်ရှိတည်နေရာကိုဖော်ပြသည့် မြေပုံ။

မြေပုံအလယ်တွင် သင့်နေရာကို အမှတ်အသားပြုထားသည်။ မြေပုံ၏ အပေါ်ဘက်သည် မြောက်အရပ်ဖြစ်သည်။ အပေါ်ဘက်တွင် မြောက်အရပ်ပြမည့်အစား သင်ဦးတည်ရာကို ပြလိုလျှင် Tracking On ခလုတ်ကိုနှိပ်ပါ။ မြောက်အရပ်ကိုသာ ပြန်ပြစေလိုလျှင် Tracking On Heading ခလုတ် သို့မဟုတ် Compass ခလုတ်ကိုနှိပ်ပါ။

လမ်း၊ သွားလာခြင်းနှင့်် ဂြိုဟ်တုမြင်ကွင်းများကြား ရွေးချယ်ခြင်း

Settings ခလုတ်ကိုနှိပ်ပြီးနောက် Map၊ Transit သို့မဟုတ် Satellite ကိုရွေးချယ်ပါ။ ပြီးလျှင် Close ခလုတ်ကိုနှိပ်ပါ။

သွားလာခြင်းအချက်အလက်ကို မပြစေလိုလျှင် View Routing Apps ကိုနှိပ်၍ အများသုံးပို့ဆောင်းရေးစနစ် သို့မဟုတ် အခြားသယ်ယူပို့ဆောင်ရေးစနစ်အတွက် အက်ပ်တစ်ခုကို သုံးပါ။

မြေပုံတစ်ခုကို နေရာရွှေ့ခြင်း ပုံချုံ့ချဲ့ခြင်းနှင့် လှည့်ခြင်း

  • မြေပုံတစ်ခုတွင် ဟိုသည်နေရာရွှေ့ခြင်း၊ မြေပုံကို ဖိဆွဲပါ။

  • ဓာတ်ပုံ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ ဖန်သားပြင်ကို နှစ်ကြိမ်ဆက်နှိပ်၍ မလွှတ်ဘဲထိထားပြီးနောက် အပေါ်သို့ဖိဆွဲကာ ပုံချဲ့ပါ သို့မဟုတ် အောက်သို့ဖိဆွဲ၍ ပုံချုံ့ပါ။ သို့မဟုတ် မြေပုံပေါ်တွင် လက်မနှင့်လက်ညှိုးတို့ကို ဆွဲကပ်ခြင်း ခွာခြင်းတို့ပြုလုပ်ပါ။

    ပုံချုံ့ချဲ့သည့်အခါ ဘယ်ဘက်အပေါ်ဘက်တွင် အတိုင်းအတာပေါ်လာသည်။ အကွာအဝေးအတိုင်းအတာယူနစ်ကို ပြောင်းလဲလိုလျှင် Settings  > Maps သို့သွားပြီးနောက် In Miles သို့မဟုတ် In Kilometers တို့ကိုရွေးချယ်ပါ။

  • မြေပုံကို လှည့်ရန်၊ လက်နှစ်ချောင်းနှင့် မြေပုံကိုထိ၍ ထိန်းထားကာ လက်ချောင်းများကို လှည့်ပါ။

    မြေပုံကို လှည့်အပြီး ဖန်သားပြင်ထိပ်ကို မြောက်အရပ်ဖြစ်စေရန် Compass ခလုတ်ကိုနှိပ်ပါ။

3D မြေပုံတစ်ပုံကြည့်ခြင်း

  • 2D လမ်း သို့မဟုတ် အသွားအလာပြမြေပုံပေါ်တွင်၊ လက်နှစ်ချောင်းကို အပေါ်သို့ဖိဆွဲပါ။

  • 2D ဂြိုဟ်တုမြေပုံတစ်ခုပေါ်တွင်၊ ညာဘက်အပေါ်အနီးရှိ 3D ကို နှိပ်ပါ။

3D မြေပုံကို ကြည့်နေစဉ် အောက်ပါတို့ကိုလုပ်ဆောင်နိုင်သည်၊

  • ထောင့်ကို ချိန်ညှိခြင်း၊ လက်နှစ်ချောင်းကို အပေါ် သို့မဟုတ် အောက်သို့ဖိဆွဲပါ။

  • အဆောက်အအုံများနှင့် အခြားအသေးစားအင်္ဂါရပ်များကို 3D အသွင်နှင့်ကြည့်ရန်၊ အနီးကပ်ဆွဲချဲ့ပါ။

  • 2D အသွင်မြေပုံကိုပြန်သွားရန်၊ ညာဘက်အပေါ်အနီးရှိ 2D ကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.