ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Find My အတွင်း စက်ပစ္စည်းတစ်ခုကို ထည့်သွင်းရန် သို့မဟုတ် ဖယ်ရှားရန်

ပျောက်သွားသည့် iPhone၊ iPad၊ iPod touch၊ Apple Watch၊ သို့မဟုတ် AirPods ကိုရှာဖွေရန်Find My app ကိုအသုံးမပြုမီ Find My တွင်၎င်းတို့၏စက်ပစ္စည်းကိုဖြည့်သွင်းရန်လိုအပ်သည်။

သင့် iPhone၊ iPad၊ iPod touch၊ Mac (macOS Catalinaပါသည့်) နှင့် Apple Watch တို့အတွက် ပါရှိသောအချက်အလက်များကို အလုံးစုံဖျက်သိမ်းပြီးသော်လည်း သင်၏စက်ပစ္စည်းကိရိယာကို အခြားတစ်စုံတစ်ယောက်က ဖွင့်၍အသုံးပြုခြင်းမရှိစေရန် Find My iPhone တွင် Activation Lock ဟုခေါ်သော လုပ်ဆောင်ချက်တစ်ခုပါဝင်သည်။ Apple အထောက်အကူပြုဆောင်းပါးများဖြစ်သည့် Activation Lock for iPhone, iPad, and iPod touch, About Activation Lock on your Mac နှင့် About Activation Lock on your Apple Watch ကိုကြည့်ပါ။

iPhone၊ iPad၊ သို့မဟုတ် iPod touch ကိုချိတ်ဆက်ခြင်း၊

iOS 13 ၊ iPadOS 13 ၊ သို့မဟုတ် နောက်ပိုင်းထွက်များပါသည့် စက်ပစ္စည်းတစ်ခုအတွက် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ။ iOS 12 သို့မဟုတ် အစောပိုင်းအမျိုးအစားများပါသည့် စက်ပစ္စည်းအတွက် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင့်စက်ပစ္စည်းများအားလုံးတွင် Find My iPhone ကို စီမံထားရှိပုံကို ကြည့်ပါ။

  1. သင်၏iPhone၊ iPad နှင့် iPod touch တို့တွင် Settings  > [your name] > Find My ကို သွားပါ။

    သင့်ကိုအကောင့်ဝင်ရောက်ခိုင်းပါက သင်၏ Apple IDကို ထည့်သွင်းပါ။ အကောင့်မရှိပါက “Don’t have an Apple ID or forgot it?” ကိုနှိပ်၍ လမ်းညွှန်ချက်များကို လိုက်နာပါ။

  2. Find My [device] ကိုနှိပ်ပါ၊ Find My [device] ကိုဖွင့်ပါ။

  3. အောက်ပါတို့မှတစ်ခုကိုဖွင့်ပါ၊

    • Offline Finding ကိုဖွင့်ပါ။ သင့်စက်ပစ္စည်းက Wi-Fi သို့မဟုတ် ဖုန်းအင်တာနက်နှင့် ချိတ်ဆက်မထားပါက Find My က Bluetooth သုံး၍တည်နေရာရှာပေးနိုင်သည်။

    • နောက်ဆုံးတည်နေရာကို ပေးပို့ခြင်း၊ သင့်စက်ပစ္စည်း၏ဘက်ထရီပမာဏ အလွန်ကျလာပါက ၎င်း၏တည်နေရာကို Apple သို့ အလိုအလျောက်ပေးပို့သည်။

Mac တစ်လုံးကို ထည့်သွင်းခြင်း

  1. သင့် Mac တွင်၊ Apple menu  > System Preferences ကိုရွေးချယ်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • macOS Catalina နှင့်၊ Apple ID ကို နှိပ်ပါ၊ ထို့နောက် iCloud ကို နှိပ်ပါ။

    • macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များနှင့်၊ iCloud ကိုနှိပ်ပါ။

    သင့်ကိုအကောင့်ဝင်ရောက်ခိုင်းပါက သင်၏ Apple IDကို ထည့်သွင်းပါ။ အကောင့်မရှိပါက “Don’t have an Apple ID or forgot it?” ကိုနှိပ်၍ လမ်းညွှန်ချက်များကို လိုက်နာပါ။

  3. Find My Mac ကိုရွေးချယ်ပြီး Allow ကိုနှိပ်ပါ။

    macOS Catalina ပါသည့် Mac တွင် Find My Mac ကိုရွေးထားသည့်အခါ Offline Finding သည် ပွင့်နေမည်။ သင့် Mac သည် Wi-Fi နှင့်ချိတ်ဆက်မထားသည့်အခါ Offline Finding သည် Bluetooth ကိုအသုံးပြု၍ သင့် Mac တည်နေရာကိုရှာပေးမည်။ အဆိုပါနည်းလမ်းကို ပိတ်ရန် Options ကိုတစ်ချက်နှိပ်ပါ၊ ထို့နောက် Offline Finding ဘေးရှိ Turn Off ကိုနှိပ်ပါ။

Apple Watch သို့မဟုတ် AirPods ကိုထည့်သွင်းခြင်း

  • Apple Watch၊ သင့် Apple IDဖြင့် အကောင့်ဝင်ရောက်ထားသည့် iPhone ဖြင့် သင့်နာရီကိုချိတ်ဆက်ခြင်း။

  • AirPods၊ သင့် AirPods ကို သင့် Apple ID ဖြင့်အကောင့်ဝင်ရောက်ထားသည့် iPhone ၊ iPad ၊ iPod touch တို့နှင့်ချိတ်ဆက်ခြင်း။

မိသားစုဝင်၏စက်ပစ္စည်းကို ထပ်ထည့်ခြင်း

အကယ်၍ သင်သည် Family Sharing ကို ပထမဆုံး စီမံဆောင်ရွက်ထားလျှင် Find My ထဲတွင် သင့်မိသားစုဝင်များ၏စက်ပစ္စည်းကို မြင်တွေ့နိုင်သည်။ iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်း ကိုကြည့်ပါ။ သူတို့၏ စက်ပစ္စည်းများသည် Devices စာရင်းထဲရှိ သင့်စက်ပစ္စည်းအောက်တွင် ပေါ်လာမည်။

Find My ထဲသို့ သူငယ်ချင်းများ၏ စက်ပစ္စည်းကို မပေါင်းထည့်နိုင်ပါ။ စက်ပစ္စည်းပျောက်ဆုံးသွားသည့်သူငယ်ချင်းများသည် icloud.com/find သို့သွားပြီး သူတို့၏ Apple ID ဖြင့် အကောင့်ဝင်ရောက်နိုင်သည်။

စက်ပစ္စည်းတစ်ခုကို ဖယ်ရှားခြင်း

စက်ပစ္စည်းတစ်ခုကို ဖယ်ရှားသည့်အခါ Activation Lock ပိတ်သွားမည်။

  • iPhone၊ iPad၊ သို့မဟုတ် iPod touch ကိုဖယ်ရှားခြင်း၊ စက်ပစ္စည်းတွင် Settings > [your name] > Find My ကိုသွားပါ၊ ပြီးလျှင် Find My [device]ကို ပိတ်ပါ။ သင့် Apple ID လျှို့ဝှက်ကုဒ်ကိုထည့်၍ Turn Off ကိုနှိပ်ပါ။ (iOS 12 သို့မဟုတ် အစောပိုင်းအမျိုးအစားများတွင် Settings > [your name] > iCloud သို့သွားပါ။)

  • Mac ကိုဖယ်ရှားခြင်း၊ Mac တွင် Apple menu  > System Preferences ကိုရွေးပါ။ Apple ID ကိုတစ်ချက်နှိပ်ပါ၊ iCloud (သို့မဟုတ်macOS 10.14 သို့မဟုတ် အစောပိုင်းထွက်များရှိ iCloud ကိုနှိပ်ပါ)နှိပ်ပါ။ ထို့နောက် Find My Mac ရွေးထားတာကို ပြန်ဖျက်ပါ။ သင့် Apple ID လျှို့ဝှက်ကုဒ်ကိုထည့်၍ Continueကိုနှိပ်ပါ။

  • Apple Watch သို့မဟုတ် AirPods ကို ဖယ်ရှားခြင်း၊ Apple Watch ကိုပိတ်ပါ သို့မဟုတ် AirPods ကို ဘူးတွင်းပြန်ထည့်ပါ။ ထို့နောက် သင့် iPhone အတွင်းရှိ Find My on your iPhone အတွင်း အော့ဖ်လိုင်းဖြစ်နေသည့်စက်ပစ္စည်းကိုရွေးချယ်၍ Remove This Deviceကိုနှိပ်ပါ။ ပြီးလျှင် Remove ကိုနှိပ်ပါ။

    Apple Watch သို့မဟုတ် AirPods ကိုပြန်မပေါ်လာစေရန် သင့်စက်ပစ္စည်းအားလုံး၏ Bluetooth Settings အတွင်းမှ ချိတ်ဆက်မှုဖြုတ်ပါ။

မှတ်စု Settings သို့မဟုတ် System Preferences အတွင်း ထိုစက်ပစ္စည်းမှလုံးဝအကောင့်ထွက်လိုက်ပြီး သင့် iPhone ၊ iPad၊ iPod touch၊ သို့မဟုတ် Mac ကို ဖယ်ရှားနိုင်သည်။ အကောင့်ထွက်ခြင်းဖြင့် စက်ပစ္စည်းပေါ်ရှိ iCloud စွမ်းဆောင်ချက်များအားလုံးကို ပိတ်ပြီးသားဖြစ်စေသည်။ Appleအထောက်အကူပြုဆောင်းပါးမှ သင်၏ iPhone၊ iPad၊ iPod touch၊ Apple TV သို့မဟုတ် Mac ပေါ်မှ iCloudအကောင့်ထွက်ခြင်းကိုကြည့်ပါ။

သင့်တွင်မရှိတော့သည့် စက်ပစ္စည်းတစ်ခုကို ဖယ်ရှားခြင်း

သင်ပေးလိုက်၍ဖြစ်စေ၊ ရောင်းလိုက်၍ဖြစ်စေ စက်ပစ္စည်းတစ်ခုသည် သင့်ထံတွင်မရှိတော့လျှင် ၎င်းကိုမဖယ်ရှားခင် အဝေးမှဖျက်ပစ်ရန်လိုသည်။

  1. Devices စာရင်းအတွင်း သင်ဖျက်လိုသည့်စက်ပစ္စည်းကို နှိပ်ပါ။

  2. စက်ပစ္စည်းကိုဖျက်ပါ

    စက်ပစ္စည်းကပျောက်မသွားသည့်အတွက် ဖုန်းနံပါတ် သို့မဟုတ် မက်ဆေ့ချ်မရိုက်ထည့်ပါနှင့်။

    စက်ပစ္စည်းက အော့ဖ်လိုင်းဖြစ်နေလျှင် Wi-Fi သို့မဟုတ် ဖုန်းအင်တာနက်သို့နောက်တစ်ကြိမ်ချိတ်ဆက်သည့်အခါ အဝေးမှဖျက်ခြင်းစတင်ပါသည်။ ၎င်းစက်ပစ္စည်းကို စာရင်းဖျက်လိုက်သည့်အခါ သင့်ထံအီးမေးလ်တစ်စောင်ရရှိမည်။

  3. စက်ပစ္စည်းကို စာရင်းဖျက်သည့်အခါ Remove This Device ကိုနှိပ်၍ Remove ကိုနှိပ်ပါ။

    သင့်အကြောင်းအရာများအားလုံးကိုဖျက်လိုက်ပြီး Activation Lock ကိုပိတ်လိုက်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က ထိုစက်ပစ္စည်းကို ပြန်လှုပ်ရှားစေနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.