ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Siri ကို သင့်အကြောင်းပြောပြခြင်း

သင်၏အိမ်နှင့် အလုပ်လိပ်စာများအပြင် သင်၏ပတ်သက်ဆက်နွယ်မှုတို့အပါအဝင် သင့်ကိုယ်သင်အကြောင်း Siri ကိုပြောပြလျှင် ပုဂ္ဂိုလ်ရေးအရဝန်ဆောင်မှုကို ရရှိမှာဖြစ်သည့်အတွက် “Send a message to my husband” နှင့် “FaceTime mom” ကဲ့သို့သော အရာများကိုပါစေခိုင်းနိုင်သည်။

သင်မည်သူဖြစ်ကြောင်းကို Siri ကိုပြောပြခြင်း

  1. Contacts ကိုဖွင့်ကာ မိမိ၏ဆက်သွယ်ရန်အချက်အလက်များကို ဖြည့်စွက်ပါ

  2. Settings  > Siri & Search > My Information သို့သွားကာ သင်၏အမည်ကို နှိပ်ပါ။

သင်၏အမည်ကို Siri ပြောတတ်စေရန်ပြောပြခြင်း

ထိုကဲ့သို တစ်ခုခုပြောပါ၊ “Hey Siri, learn to pronounce my name”

သင်၏ဆက်စပ်သူအကြောင်း Siri ကိုပြောပြခြင်း

ထိုကဲ့သို တစ်ခုခုပြောပါ၊ “Hey Siri, Eliza Block is my wife” သို့မဟုတ် “Hey Siri, Ashley Kamin is my mom”

သင်၏ Apple စက်များတွင်ရှိသော Siri ကို သင့်အကြောင်းအချိန်နှင့်တစ်ပြေးညီ ပြောပြပေးခြင်း

စက်တစ်ခုစီတိုင်းတွင် Settings သို့သွားပါ၊ထို့နောက် Apple ID တစ်ခုတည်းနှင့် မှတ်ပုံတင်သွင်းထားပါ။

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကုဒ်များနှင့်ရေးသားပြီး အတွင်းရေးအဖြစ်ရှိနေမည်။

iPhone နှင့်အခြားစက်များကြားတွင်ပြင်ဆင်မှတ်သားထားသည့် Siri အချက်အလက်များကိုကာကွယ်ရန်၊ Settings > [your name] > iCloud သို့သွားပါ၊ ထို့နောက် Siri ကိုပိတ်ပါ။

မှတ်စု သင်၏တည်နေရာအကြောင်း သင်မေးမြန်းသည့်အခါ Siri သည် Location Services ကိုအသုံးပြုသည်။ Siri ထံမှ တုံ့ပြန်မှုပိုမိုတိကျလာစေရန်အလို့ငှာ Location Services ကိုဖွင့်ထားသည့်အခါတွင် သင်တောင်းဆိုမှုတစ်ခုပြုလုပ်သည့် အချိန်တွင် သင့်စက်ပစ္စည်း၏ တည်နေရာကို Apple သို့မှတ်တမ်းပို့သည်။ iPhone တွင်သင်၏တည်နေရာကိုရှာနိုင်သည့် အက်ပ်စ်များကိုစီစဉ်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.