ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Home တွင်ဖြစ်စဉ်များကိုဖန်တီး၍သုံးခြင်း

Home အက်ပ်ထဲတွင်ဆက်စပ်ပစ္စည်းအမျိုးမျိုးကို တစ်ပြိုင်နက်တည်းထိန်းချုပ်ခွင့်ရှိသည့်ဖြစ်စဉ်များကိုဖန်တီးနိုင်သည်။ ဥပမာ၊ အလင်းများကိုညှိခြင်း၊HomePod တွင် ငြိမ့်ညောင်းသည့်ဂီတကိုဖွင့်ခြင်း၊ ခန်းဆီးရှည်ကြီးကိုပိတ်ခြင်း၊ နှင့်အပူချိန်ညှိခြင်းတို့ဖြစ်သည့်“Reading” ဖြစ်စဉ်ကိုသတ်မှတ်နိုင်သည်။

ဖြစ်စဉ်တစ်ခုကိုဖန်တီးခြင်း

  1. Home စာမျက်နှာကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Add Scene ကိုနှိပ်ပါ။

  2. Custom ကိုနှိပ်ပါ၊ ယင်းဖြစ်စဉ်အတွက်အမည်တစ်ခုဖြည့်ပါ (“Dinner Party” သို့မဟုတ် “Watching TV” ကဲ့သို့) ၊ ထို့နောက် Add Accessories ကိုနှိပ်ပါ။

  3. သင်ပါဝင်စေလိုသည့်ထိုဖြစ်စဉ်ဆက်စပ်ပစ္စည်းများကိုရွေးချယ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

    သင်ရွေးချယ်သည့်ပထမဆုံးဆက်စပ်ပစ္စည်းသည်သတ်မှတ်ထားသည့်ထိုအခန်းထိုဖြစ်စဉ်ကိုဆုံးဖြတ်ပေးသည်။ ဥပမာအားဖြင့်သင်၏အိပ်ခန်းမီးအိမ်ကိုရွေးချယ်ပါက၊ ထိုဖြစ်စဉ်ကိုသင်၏အိပ်ခန်းတွင်သာသတ်မှတ်ထားသည်။

  4. ထိုဖြစ်စဉ်ကိုလုပ်ဆောင်နေသည့်အခါသင်အလိုရှိသည့်ထိုအခြေအနေနှင့်ဆက်စပ်ပစ္စည်းတစ်ခုစီကိုစီစဉ်ပါ။

    ဥပမာအားဖြင့်၊ ထိုReading ဖြစ်စဉ်အတွက်၊ အိပ်ခန်းမီးများကို 100 ရာခိုင်နှုန်းသို့စီစဉ်ထားခြင်း၊ HomePod အတွက် အသံကိုနိမ့်ထားခြင်း နှင့် အပူချိန်ကို 68 ဒီဂရီသို့ထားနိုင်သည်။

ဖြစ်စဉ်များကိုသုံးခြင်း

Rooms စာမျက်နှာကိုနှိပ်ပါ၊ Show Rooms ခလုတ်ကိုနှိပ်ပါ၊ သတ်မှတ်ထားမည့်အခန်းကိုရွေးချယ်ပါ၊ ထို့နောက်အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊

  • ဖြစ်စဉ်ကိုလုပ်ဆောင်ခြင်း၊ ၄င်းဖြစ်စဉ်ကိုနှိပ်ပါ။

  • ဖြစ်စဉ်ကိုပြောင်းခြင်း၊ ဖြစ်စဉ်တစ်ခုကို ထိနှိပ်ထားပါ။

    ၎င်းဖြစ်စဉ်၏အမည်ကိုပြောင်းနိုင်သည်၊ ထိုဖြစ်စဉ်ကိုစမ်းသပ်ခြင်း၊ ဆက်စပ်ပစ္စည်းများကိုပေါင်းထည့်ခြင်းသို့မဟုတ်ဖယ်ရှားခြင်းတို့ပြုလုပ်နိုင်၍ ထိုဖြစ်စဉ်များကို Favorites တွင် ထည့်သွင်းနိုင်သည်။

    Home စာမျက်နှာထဲတွင်စိတ်ကြိုက်ဖြစ်စဉ်များပေါ်လာသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.