ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုကိုတည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ခြင်း

Voice Memos အက်ပ်တွင် သင်၏အသံသွင်းယူမှုများကိုအသေးစိတ်ချိန်ညှိရန်တည်းဖြတ်ကိရိယာများကိုသုံးနိုင်သည်။ သင်မလိုသည့်အပိုင်းများကို ဖယ်ရှားခြင်း၊ အပိုင်းများအလုံးစုံကိုအသံသွင်းယူခြင်း၊ သို့မဟုတ် အသံသွင်းယူမှုတစ်ခုလုံးကို အစားထိုးခြင်းတို့ လုပ်နိုင်သည်။ သင်မလိုအပ်တော့သည့်အသံသွင်းယူမှုတစ်ခုကိုလည်း ဖျက်နိုင်သည်။

ပိုသည့်အရာကိုဖြတ်တောက်ခြင်း

  1. Voice Memos စာရင်းတွင်၊ သင်တည်းဖြတ်လိုသည့်အသံသွင်းယူမှုကိုနှိပ်ပါ၊ More ခလုတ်ကိုနှိပ်ကာ Edit Recording ကိုနှိပ်ပါ။

  2. ညာဘက်ထိပ်ရှိ Trim ခလုတ် ကိုနှိပ်ပြီးနောက် သင်သိမ်းဆည်းထားလိုသည့်အပိုင်း သို့မဟုတ် ဖျက်လိုသည့်အပိုင်းကို တွဲဆက်ရန်အဝါရောင်ဖြတ်သည့်လက်ကိုင်များကိုပွတ်ဆွဲပါ။

    တည်းဖြတ်ရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။

    ထိုဖန်သားပြင်အောက်ခြေတွင် အသံလှိုင်းပုံစံ၏အပိုင်းတစ်ပိုင်းတွဲဆက်ခြင်းဖြင့် ယင်းအဝါရောင်ဖြတ်သည့်လက်ကိုင်များနှင့် ထိုအသံသွင်းယူမှုကို ဖြတ်တောက်ခံရမည်။ ထိုလှိုင်းပုံစံအထက်တွင်Playခလုတ်နှင့် အသံသွင်းယူမှုအချိန်တိုင်းကိရိယာပေါ်လာသည်။ ဖြတ်သည့်လက်ကိုင်များသည် Playခလုတ်အောက်တွင် ရှိသည်။

    သင်၏ရွေးချယ်မှုကိုစစ်ဆေးရန်၊ Play ခလုတ် ကိုနှိပ်ပါ။

  3. ထိုရွေးချယ်မှုကိုထိန်းသိမ်းရန် (နှင့်ထိုအသံသွင်းယူမှုလက်ကျန်ကိုဖျက်ရန်) ၊ Trim ကိုနှိပ်ပါ၊ သို့မဟုတ် ထိုရွေးချယ်မှုကိုဖျက်ရန် Delete ကိုနှိပ်ပါ။

  4. Save ကိုနှိပ်ပြီးနောက် Done ကိုနှိပ်ပါ။

အသံသွင်းယူမှုတစ်ခုကိုအစားထိုးခြင်း

  1. Voice Memos စာရင်းတွင်၊ သင်အစားထိုးလိုသည့်အသံသွင်းယူမှုကိုနှိပ်ပါ၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Edit Recording ကိုနှိပ်ပါ။

  2. အသံသွင်းယူမှုအသစ်စတင်လိုသည့်နေရာ သီချင်းရောက်သည့်နေရာပြလိုင်းကိုထားရန် ယင်းလိုင်းပုံစံကိုပွတ်ဆွဲပါ။

    အစားထိုးရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။

  3. အသံသွင်းယူမှု ပြန်လည်စတင်ရန် Replace ကိုနှိပ်ပါ(အသံသွင်းနေစဉ်တွင် အသံလှိုင်းများ အနီရောင်သို့ပြောင်းသွားပါမည်)။

    အသံသွင်းယူခြင်းရပ်စေရန် Pause ခလုတ် ကိုနှိပ်ပါ၊ ဆက်လက်သွင်းယူရန် Resume ကိုနှိပ်ပါ။

  4. သင်၏အသံသွင်းယူမှုကိုစစ်ဆေးရန်၊ Play ခလုတ်ကိုနှိပ်ပါ။

  5. ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။

အသံသွင်းယူမှုကိုဖျက်ခြင်း

အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • Voice Memos စာရင်းတွင်၊ အသံသွင်းယူမှုတစ်ခုကိုနှိပ်ကာ Delete ခလုတ်ကိုနှိပ်ပါ။

  • Voice Memos စာရင်း၏ထိပ်ရှိ Edit ကိုနှိပ်ပါ၊ တစ်ခု သို့မဟုတ် ၎င်းထက်ပိုမိုသည့်အသံသွင်းယူမှုကိုရွေးချယ်ပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

ဖျက်ထားသည့်အသံသွင်းယူမှုများသည် ပုံမှန်အားဖြင့်ရက် 30 ကြာအောင် သိမ်းဆည်းထားသောနေရာ Voice Memos စာရင်းရှိ Recently Deleted ဖိုင် ထဲသို့ ပြောင်းသွားသည်။ ဖျက်ထားသည့်အသံသွင်းယူမှုများထိန်းသိမ်းထားသည့်ကြာချိန်ကိုပြောင်းရန်၊ Settings  > Voice Memos > Clear Deleted သို့သွားပါ၊ ထို့နောက်ရွေးချယ်စရာတစ်ခုကိုရွေးပါ။ ထို Recently Deleted ဖိုင် ထဲရှိအသံသွင်းယူမှုတစ်ခုကိုဖျက်ရန် အသံသွင်းယူမှုကိုနှိပ်ပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

ဖျက်ထားသည့်အသံသွင်းယူမှုတစ်ခုကိုပြန်လည်ရယူရန်၊ Recently Deleted ဖိုင်ကိုနှိပ်ပါ၊ ထိုအသံသွင်းယူမှုကိုနှိပ်ကာ Recover ကိုနှိပ်ပါ။ Recently Deleted ဖိုင်ရှိအရာများကိုပြန်ယူရန်သို့မဟုတ်ဖျက်ရန် Voice Memos စာရင်းအပေါ်ရှိ Editခလုတ်ကိုနှိပ်ပါ။ထို့နောက် Recover All သို့မဟုတ် Delete All ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.