ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း

Photos အက်ပ် မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Mail သို့မဟုတ် Messages သို့မဟုတ် သင်ထည့်သွင်းထားသည့် အခြားအက်ပ်စ်များသို့ မျှဝေနိုင်သည်။ Photos သည် ပွဲတော်တစ်ခုမှ သင့်အကောင်းဆုံးဓာတ်ပုံများကို ရွေးချယ်ပေးခြင်းအပြင် သင်မျှဝေနိုင်ခြေရှိသော လူများကိုပါ အကြံပေးပါသည်။

ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း

  • ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို မျှဝေရန်၊ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ပါ။ Share ခလုတ်ကိုနှိပ်ကာ ၎င်းကိုသင်မျှဝေလိုသော နည်းလမ်းကို ရွေးချယ်ပါ။

  • All Photos သို့မဟုတ် Days ထဲတွင်ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို မျှဝေရန်၊ All Photos သို့မဟုတ် Days ဘားများတွင် ဓာတ်ပုံများကိုကြည့်နေစဉ်တွင်၊ Select ကိုနှိပ်ပါ၊ ထို့နောက် သင်မျှဝေလိုသည့်ဓာတ်ပုံများကိုနှိပ်ပါ။ Share ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် မျှဝေသည့်ရွေးစရာတစ်ခုကိုရွေးချယ်ပါ။

    iCloud လင့်ဖြင့် ပုံပေါင်းများစွာကို မျှဝေနိုင်သည်။ iCloud လင့်များသည် ရက်ပေါင်း 30 အထိ အသုံးပြုနိုင်ပြီး မည်သည့်အက်ပ်ဖြင့်မဆို မျှဝေနိုင်သည်။

  • Months ထဲတွင်ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို မျှဝေရန်၊ Months ဘားတွင် အမှတ်တရဖြစ်ရပ်ပုံများကိုကြည့်နေစဉ်၊ More Option ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် အဆိုပါအမှတ်တရဖြစ်ရပ်မှ ဓာတ်ပုံများအားလုံးကို ပေးပို့ရန် Share Photos ကို နှိပ်ပါ။

ဖန်သားပြင်ထိပ်တလျှောက် ဓာတ်ပုံများနှင့် Sharing စာမျက်နှာ။ အပြာရောင်စက်ဝိုင်းထဲတွင် အဖြူရောင်အမှန်ခြစ်ပြီး ရွေးချယ်ထားသည့် ဓာတ်ပုံနှစ်ပုံကို ညွှန်ပြသည်။ ဓာတ်ပုံအောက်မှတန်းတွင် AirDrop သုံး၍ မျှဝေနိုင်သော သူငယ်ချင်းများကိုပြထားသည်။ ၎င်းအောက်မှ ဘယ်မှညာတွင် Messages၊ Mail၊ Shared Albums နှင့် Add to Notes တို့အပါအဝင် အခြားရွေးချယ်စရာနည်းလမ်းမာျး ရှိသည်။ အဆိုပါတန်းအောက်တွင် Copy၊ Copy iCloud Link၊ Slideshow၊ AirPlay၊ နှင့် Add to Album ခလုတ်တို့ ရှိသည်။

သင်ရွေးထားသည့် လူများနှင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေရန်အတွက် Shared Albums ကို အသုံးပြုနိုင်သည်။ iPhone ဓာတ်ပုံများကို iCloud ရှိ Shared Albums နှင့်မျှဝေခြင်း ကိုကြည့်ပါ။

မှတ်စု တွဲဆက်ဖိုင်ပမာဏသည် သင့်ကိုဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှ ဆုံးဖြတ်ပေးမည်။ Live Photos ထောက်ပံ့မှုမရရှိသော စက်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများတွင် Live Photo သည် ရုပ်သေဓာတ်ပုံအဖြစ်သာ မျှဝေနိုင်သည်။

Sharing Suggestions နှင့် ဓာတ်ပုံများကိုမျှဝေခြင်း

သင်မျှဝေရန်ဆန္ဒရှိသည့် ပွဲတော်တစ်ခုမှ ဓာတ်ပုံများနှင့် ဓာတ်ပုံများတွင်ပါဝင်သော လူများအားမူတည်၍ သင်မျှဝေလိုသည့်လူများကို Sharing Suggestions အကြံပေးသည်။ သင့်ဓာတ်ပုံများကို မျှဝေပြီးနောက် လက်ခံသူများကိုလည်း သင်ပါဝင်သော ပွဲတော်မှ သူတို့ဓာတ်ပုံများကို မျှဝေရန်နှိုးဆော်ပေးသည်။ Sharing Suggestions သည် iCloud Photos ကိုလိုအပ်သည်။

Photos အက်ပ်၏ ဖန်သားပြင်အောက်ခြေတွင် For You စာမျက်နှာကိုရွေးချယ်ထားသည်။ For You ဖန်သားပြင်ထိပ်တွင် Sharing Suggestions အမှတ်တံဆိပ်ရှိပြီး Baker Beach၊ Baker Beach ခေါင်းစဥ်တပ်ထားသော ဓာတ်ပုံများစုဆောင်းမှုများသည် အမှတ်တံဆိပ်၏အောက်တွင်ရှိသည်။ ဓာတ်ပုံများတွင် ပါဝင်သူများနှင့် ဓာတ်ပုံများကိုမျှဝေရန် ရွေးချယ်မှုစာရင်းသည် စုဆောင်းမှုအောက်တွင်ရှိသည်။
  1. For You စာမျက်နှာကိုနှိပ်ပြီးနောက် Sharing Suggestions ရှိ ဓာတ်ပုံစုပေါင်းသိမ်းဆည်းမှုတစ်ခုအား နှိပ်ပါ။

  2. ဓာတ်ပုံများဖြည့်ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် Select ကိုနှိပ်ပြီးနောက် Next ကိုနှိပ်ပါ။

    အဆိုပါ ပွဲတော်တွင်အတူရှိနေခဲ့သော လူများနှင့် သင်ရိုက်ကူးထားသော ဓာတ်ပုံများကို မျှဝေရန် Photos ကအကြံပေးသည်။ ၎င်းထဲမှ မျှဝေမည့်သူကို ရွေးချယ်နိုင်သလို အခြားလူများကိုလည်း ဖြည့်ထည့်နိုင်သည်။

  3. Messages တွင် Share ကိုနှိပ်ပါ။

    • ထပ်မံ၍သူငယ်ချင်းများထံသို့ လင့်ပို့ပေးရန် သို့မဟုတ် လင့်ကိုမျှဝေခြင်းကိုရပ်တန့်ရန် ရွေးချယ်ထားသည့် အဆိုပါဓာတ်ပုံသိမ်းဆည်းမှုအားနှိပ်ပါ။ ထို့နောက် More Options ခလုတ် ကိုနှိပ်ပြီးနောက် Copy iCloud Link သို့မဟုတ် Stop Sharing ကိုရွေးချယ်ပါ။

    • Sharing Suggestions မှ ဓာတ်ပုံစုဆောင်းမှုတစ်ခုကို ဖယ်ရှားရန် More Options ခလုတ် ကိုနှိပ်ပြီးနောက် Remove Sharing Suggestion ကိုနှိပ်ပါ။

အကူအညီပိုပြီးလိုအပ်ပါသလား။ Apple အထောက်အကူပြုဆောင်းပါးမှ Photos တွင်ရှိသော Sharing Suggestionsကို အသုံးပြုခြင်း ကိုကြည့်ပါ။

သင်ရရှိထားသော ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို သိမ်းဆည်းခြင်း

  • အီးမေးလ်မှ၊ လိုအပ်လျှင်၎င်းအချက်အလက်ကို ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ၊ ထို့နောက် Share ခလုတ်ကိုနှိပ်ပါ။ သို့မဟုတ် ၎င်းအချက်အလက်ကို ထိ၍ထိန်းထားကာ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။

  • စာသားမက်ဆေ့ချ်တစ်ခုမှ၊ အပြန်အလှန်စာပို့မှုထဲမှ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်ပါ၊ Share ခလုတ် ကိုနှိပ်၍ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.