ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင် ပုံစံများအလိုအလျောက်ဖြည့်စွက်ခြင်း

Safari အက်ပ် တွင် အကြွေးဝယ်ကတ်အချက်အလက်များ၊ ဆက်သွယ်ရန်အချက်အလက်များ၊ အသုံးပြုသူအမည်များနှင့် စကားဝှက်များကို ဖြည့်စွက်ရန် AutoFill ကိုအသုံးပြုပါ။

ပုံစံတစ်ခုဖြည့်စွက်ခြင်း

  1. စာရိုက်ခလုတ်ခုံကိုပြန်ခေါ်ရန် ကွက်လပ်တစ်ခုကိုနှိပ်ပါ။

  2. ကွက်လပ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရန် စာရိုက်ခလုတ်ခုံအပေါ်ရှိ Back ခလုတ် သို့မဟုတ် Forward ခလုတ် ကိုနှိပ်ပါ။

သင်၏ဆက်သွယ်ရန်အချက်အလက်များကို အလိုအလျောက်ဖြည့်စွက်ခြင်း

AutoFill ထောက်ပံ့သော ဝက်ဘ်ဆိုက်တစ်ခုတွင် ဆက်သွယ်ရန်အချက်အလက်များကို ဖြည့်စွက်သည့်အခါ စာရိုက်ခလုတ်ခုံအထက်ရှိ AutoFill Contact ကိုနှိပ်ပါ။

သင်၏အချက်အလက်များကို ပြုပြင်ရန်နှင့် နောင်အချိန်အတွက်ပါ သိမ်းဆည်းထားရန် Customize ကိုနှိပ်ပါ။ သို့မဟုတ် Other Contact ကိုနှိပ်ပြီး အခြားတစ်ဦးတစ်ယောက်၏အချက်အလက်များကို ဖြည့်သွင်းပါ။

ဝယ်ယူမှုများအတွက် အကြွေးဝယ်ကတ်တစ်ခု ထည့်သွင်းခြင်း

  1. Settings  > Safari > AutoFill > Saved Credit Cards > Add Credit Card သို့သွားပါ။

  2. စာရိုက်မသွင်းဘဲ အချက်အလက်မာျးကို ရိုက်သွင်းရန် Use Camera နှိပ်ပြီးနောက် သင်၏ကတ်ကို ဘောင်တွင်းရောက်စေရန် iPhone ကိုနေရာထားပါ။

အွန်လိုင်းဝယ်ယူမှုတစ်ခုပြုလုပ်သည့်အခါ အကြွေးဝယ်ကတ်အချက်အလက်များကို သိမ်းဆည်းနိုင်သည်။ iPhone တွင် iCloud Keychain ကိုထည့်သွင်းခြင်း ကိုကြည့်ပါ။

အကြွေးဝယ်ကတ်အချက်အလက်များကို အသုံးပြုခြင်း

  1. အကြွေးဝယ်ကတ်အချက်အလက်များကို ဖြည့်စွက်သည့်အခါ စာရိုက်ခလုတ်ခုံအထက်ရှိ AutoFill Credit Card ကို နှိပ်ပါ။

  2. ကတ်၏လုံခြုံရေးကုဒ်နံပါတ်ကို ရိုက်ထည့်ပါ (လုံခြုံရေးအတွက်ရည်ရွယ်၍ ၎င်းကုဒ်ကို မှတ်သားထားမည်မဟုတ်ပါ။ ကတ်တစ်ကတ်ကိုအသုံးပြုသည့်အခါတိုင်း ထည့်သွင်းရမည်)

သင်၏ အကြွေးဝယ်ကတ်အချက်အလက်များ ပိုမိုဘေးကင်းလုံခြုံစေရန် iPhoneအတွက် လျှို့ဝှက်နံပါတ်တစ်ခုကို အသုံးပြုပါ။

ပုံစံတစ်ခုကို တင်ပြခြင်း

Go၊ Search သို့မဟုတ် ဝက်ဘ်စာမျက်နှာပေါ်ရှိလင့်ကို နှိပ်ပါ။

AutoFill ကိုပိတ်ခြင်း

သင်၏ ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်အချက်အလက်များနှင့် စကားဝှက်များအတွက် AutoFill ကိုပိတ်နိုင်သည်။

  • သင်၏ ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် အကြွေးဝယ်ကတ်အချက်အလက်များအတွက် AutoFill ကိုပိတ်ရန်၊ Settings > Safari > AutoFillသို့သွားကာ ရွေးချယ်စရာတစ်ခုမဟုတ် တစ်ခုကိုပိတ်ပါ။

  • စကားဝှက်အတွက် AutoFill ကိုပိတ်ရန်၊ Settings  > Passwords & Accounts သို့သွား၍ AutoFill Passwords ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.